Doora 3 အမည်ရှိ တောင်ကိုရီးယား ရေနံ တင် သင်္ဘော တစ်စီး တနင်္ဂနွေ နေ့ နံနက် အစော ပိုင်းက ပေါက် ကွဲ ခဲ့ ရာ မြန်မာ သင်္ဘော သား ၂ ဦး အပါအ၀င် အနည်း ဆုံး ၆ ဦး သေဆုံး ပြီး ၁၀ ဦးထက် မနည်း ပျောက် ဆုံး နေသည် ဟု တောင်ကိုရီးယား သတင်း စာ တစ်စောင် ဖြစ် သည့် ချိုဆန် နီဘိုလ် တွင် ရေးသား ထား သည်။
တောင်ကိုရီးယား နိုင်ငံ အနောက် မြောက် ပိုင်း အင်ချုံ ဆိပ်ကမ်း က ထွက် ခွာ လာသည့် Doora 3 သည် မြောက် ကိုရီးယား ရေပိုင် နက် အစပ် နှင့် ကွာဝေး ခြင်းမရှိ လှသည့် တောင် ကိုရီးယား ရေပိုင် နက် ထဲ တွင် ပေါက် ကွဲ ခြင်း ဖြစ်သည်။
ပေါက်ကွဲ မှု သည် မြောက်ကိုရီးယား နိုင်ငံ ၏ လက်ချက် ဆိုသည့် အထောက် အထား ကို ယခု အချိန် အထိ မတွေ့  ရ သေးသော်လည်း ၂၀၁၀ ခုနှစ်က မြောက် က ပစ်လွှတ်သည့် တော်ပီဒို လက် ချက် ကြောင့် ၄၀ ကျော် သေဆုံး ခဲ့ ရသည်။
တနင်္ဂနွေ မနက် အစော ပိုင်း က ဖြစ်ပွား ခဲ့ သည့် ပေါက် ကွဲ မှု တွင် မြန်မာ သင်္ဘောသား ၂ဦး ဖြစ်သည့် ကို သက်နိုင်ဝင်း နှင့် ကိုမျိုးမင်း ကျော် တို့  သေဆုံး ပြီး အခြား မြန်မာ သင်္ဘောသား သုံး ဦး ပျောက် ဆုံး နေသည်။
အဆိုပါ သင်္ဘော ပေါက် ကွဲ မှု တွင် မြန်မာ သင်္ဘောသား သေဆုံး မှု နှင့် ပတ်သက် ပြီး ဆိုလ်းမြို့  ရှိ မြန်မာ သံရုံး က မည်သည့် လုပ် ဆောင် ချက် တစ်စုံ တစ်ရာ ကို မတွေ့  မြင် ရ သေး ကြောင်း ဆိုး မြို့  ရှိ မြန်မာ ကုန် စုံ ဆိုင် မှ တာဝန် ရှိ သူ တစ် ဦး က FNG သို့  ပြောသည်။
တောင်ကိုရီးယား သင်္ဘော လိုင်း များ တွင် မြန်မာ လူမျိုး ၀န်ထမ်း ၁၀၀၀ ကျော် ထက် မနည်းရှိ ပြီး အများ စု မှာ ရေနံ တင် သင်္ဘော လိုင်း များ တွင် ဖြစ်သည်။
တောင်ကိုရီးယား ထောက်လှမ်းရေး KCIA က သင်္ဘော ပေါက် ကွဲ မှု နှင့် ပတ်သက် ပြီး စုံစမ်း စစ် ဆေးနေဆဲ ဖြစ်သည် ဟု Korea Times တွင် ဖော် ပြထား သည်။
Source by :http://www.onekokoaung.co.cc/2012/01/blog-post_5400.html

.jpg?width=750)

0 comments:
Post a Comment