Home » , » မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲချို့ယွင်းချက်ရှိသူများအား စားရိတ်ငြိမ်း ဆေးကုသမှုခံယူနိုင်ရန် စီစဉ်လျက်ရ

မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲချို့ယွင်းချက်ရှိသူများအား စားရိတ်ငြိမ်း ဆေးကုသမှုခံယူနိုင်ရန် စီစဉ်လျက်ရ

Written By မောင်စေတနာ on Tuesday, January 3, 2012 | 7:30:00 PM



မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲချို့ယွင်း ချက်ရှိသူများ အားကုသိုလ်ဖြစ် ခွဲစိတ်ပေးလျက်ရှိသည့် New Look New Life အဖွဲ့မှ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ချို့ယွင်းချက်ရှိသူများအား စရိတ်ငြိမ်း ဆေးကုသမှုခံယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါအဖွဲ့သည် ယခင်ကခွဲစိတ်ကုသပေးခြင်းကိုသာ ကုသိုလ်ဖြစ် အခမဲ့ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ခွဲစိတ်ကုသမှု ခံယူသူများ အနေဖြင့်လည်း မိမိအစီအစဉ်ဖြင့် ဆေးရုံသို့ လာရောက် ရခြင်းနှင့် ဆေးရုံတက်နေစဉ်အတွင်း၌လည်း မိမိစရိတ်ဖြင့်သာ စားသောက်ရခြင်းဖြစ်ရာ ၂၀၁၂ခုနှစ်မှစ၍ စရိတ်ငြိမ်း ဆေးကုသမှုခံယူနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။

"လူနာတွေကို ကုန်ကျစရိတ် ဘာမှမရှိစေပဲနဲ့ ဆေးကုသမှုခံယူနိုင်ဖို့အတွက် စီစဉ်လျက်ရှိပါတယ်၊ ယခုနှစ်ကနေစပြီး နေရပ်ကနေဆေးရုံကို လာရောက်ရတဲ့ ခရီးစရိတ်နဲ့ ဆေးရုံတက်နေစဉ် အတွင်း စားသောက်ရတဲ့ ကုန်ကျစရိတ်တွေ အားလုံးကို စားရိတ်ငြိမ်းဖြစ်ဖို့၊ ဘာမှပူပန်မှုမရှိဘဲ ခွဲစိတ် ကုသမှုခံယူနိုင်ဖို့စီစဉ်သွားမှာပါ" ဟု New Look New Life အဖွဲ့ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ဦးကိုကိုမောင်က ပြောပြခဲ့ပါသည်။

ကုသမှု ခံယူလိုသူများ အနေဖြင့်လည်း ဖုန်း- ၀၉၇၃၀၀၅၆၈၁၊ ၀၉၇၃၀၃၈၁၅၆ တို့သို့ အကြောင်းကြား ဆက်သွယ် နိုင်ကြောင်း သိရှိရပါသည်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။