Home » » ၂၀၁၂ ကို အင်္ဂလိပ်စကား ပြောနှစ်အဖြစ် ထိုင်းနိုင်ငံ သတ်မှတ်

၂၀၁၂ ကို အင်္ဂလိပ်စကား ပြောနှစ်အဖြစ် ထိုင်းနိုင်ငံ သတ်မှတ်

Written By မောင်စေတနာ on Wednesday, January 4, 2012 | 1:30:00 AM



၂၀၁၅ ခုနှစ် အာဆီယံ မိသားစုဒေသ (Asean community) တည်ထောင်ရေးအတွက် ပြင်ဆင်သောအားဖြင့် ထိုင်းကျောင်းသားများနှင့် ထိုင်းနိုင်ငံသားများ အင်္ဂလိပ်စကား ပို၍ပြောစေရန် ရည်ရွယ်ပြီး 'အင်္ဂလိပ်စကားပြောနှစ် ၂၀၁၂ ခုနှစ်' အစီအစဉ်ကို စတင် အကောင်အထည်ဖော်ကြောင်း ထိုင်းပညာရေးဝန်ကြီး ဝေါ်ရ၀ပ် အူယာ အပင်ယာကူး က ကြေငြာလိုက်သည်။

ပညာရေးဝန်ကြီး ဝေါ်ရ၀ပ် အူယာ အပင်ယာကူး ထိုင်းနိုင်ငံသည် အာဆီယံ မိသားစုဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်သောကြောင့် အင်္ဂလိပ် ဘာသာစကားမှာ ဒေသတွင်းနှင့် နိုင်ငံတကာဆက်သွယ်ရေးအတွက် အလွန်အရေး ပါလိမ့်မည်ဟု ပြောခဲ့သည်။

၎င်းအတွက် ပညာရေး ၀န်ကြီးဌာနသည် မိမိလက်အောက်ရှိ ကျောင်းများတွင် 'အင်္ဂလိပ်စကားပြောနှစ် ၂၀၁၂ခုနှစ်' အစီအစဉ်ကို ဖော်ဆောင်သွားမည်ဟု ပြောဆိုသည်။

ဆရာ၊ ဆရာမများနှင့် ကျောင်းသူ ကျောင်းသားများ အင်္ဂလိပ်စကားဖြင့် ဆက်သွယ်ပြောဆိုရမည့် ရက်ကို သီတင်းပတ် တစ်ပတ်လျှင် တစ်ရက် သတ်မှတ်ပေးမည်ဖြစ်သည်။

အင်္ဂလိပ်စကားပြောဆိုရာ၌ ကျောင်းသူ၊ ကျောင်းသားများ အနေနှင့် သဒ္ဒါနှင့်ပတ်သက်၍ တွေးပူခြင်းမရှိဘဲ ပြောရဲဆိုရဲ ရှိစေလိုသည်ဟု မစ္စတာ ဝေါ်ရ၀ပ်က ဆိုပါသည်။

ဤ အစီအစဉ်ဖော်ဆောင်ရေးအတွက် အခြေခံပညာရေး ကော်မရှင်၊ အသက်မွေးဝမ်းကျောင်းပညာရေး ကော်မရှင်၊ ပုဂ္ဂလိကပညာရေး မြှင့်တင်ရေးကော်မရှင်တို့နှင့် ညှိနှိုင်းကာ၊ တိကျသော အစီအစဉ်တစ်ရပ် ချမှတ်ရန် ပညာရေးဝန်ကြီးဌာန အတွင်းဝန် ဆာဆီသာရာ ပီချိုင်းချန်နန်ရောင်းအား တာဝန်ပေးထားသည် ဟု ၀န်ကြီးကပြောပြပါသည်။

အဆင်သင့်ဖြစ်နေသော ကျောင်းများမှာ ဤအစီအစဉ်ကို ဒီဇင်ဘာလ (၂၆)ရက်နေ့မှာ တရားဝင် စတင်ပြီး၊ အခြားကျောင်းများသို့  ဆက်လက်တိုးချဲ့ သွားမည်ဖြစ်ဖြစ်သည်။ ထိုင်းနိုင်ငံသား အများစုကြီးအား အင်္ဂလိပ်စကား ပြောလာအောင် အကေင်အထည်ဖော်မည်ဟု မစ္စ ဆာဆီသာရာက ဆိုပါသည်။

သင်ကြားရေးနှင့် ပြောဆိုရေးတွင် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုတိုးတက်အောင် တစ်နိုင်ငံလုံးရှိ ဆရာ ဆရာမများအားလုံးကို ပညာရေးဝန်ကြီးဌာနက သင်တန်းတွေ အဆက်မပြတ်ပေးသွားမည်ဖြစ်သည်။

ဆရာ ဆရာမများအား သင်တန်းပေးရာ၌ ၀ိုင်းဝန်းကူညီပေးပါရန် နိုင်ငံခြား သံရုံးများ၊ နိုင်ငံခြားသား အဖွဲ့  အစည်းများ၊ AUA ၊ ဗြိတိသျှကောင်စီနှင့် နိုင်ငံတကာကျောင်းများမှ ကိုယ်စားလှယ်များနှင့် ဆရာတွေကို ဖိတ်ခေါ်သွားမည်ဟု ဆိုသည်။

မောင်မောင်သန်း

Source: Bangkok Post
မောက္ခနိုင်ငံတကာသတင်း
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။