Home » , » ခေါင်းဆောင်သစ် ကင်ဂျုံအွန် မြောက်ကိုရီးယားစစ်တပ်သို့ အလည်အပတ်ရောက်ရှိ

ခေါင်းဆောင်သစ် ကင်ဂျုံအွန် မြောက်ကိုရီးယားစစ်တပ်သို့ အလည်အပတ်ရောက်ရှိ

Written By မောင်စေတနာ on Monday, January 23, 2012 | 5:30:00 PM



နိုင်ငံ့ခေါင်းဆောင်သစ် အနေဖြင့်သာမက စစ်ဘက်ခေါင်းဆောင်အဖြစ်ပါ ယုံကြည်မှုတည်ဆောက်နေသော မြောက်ကိုရီးယား ခေါင်းဆောင်သစ် ကင်ဂျုံအွန်သည် မြောက်ကိုရီးယား စစ်တပ်၊ တပ်ဖွဲ့တစ်ခုသို့ သွားရောက် လည်ပတ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ကြေညာသည်။

ကင်၏စစ်စခန်းသို့ လာရောက်ပြီး စစ်သည်များနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးမှုတွင် စစ်သားများက စိတ်အားထက်သန်စွာဖြင့် မျက်ရည်လည်ရွှဲပျော်ပွဲဆင်ခဲ့ကြသည်ဟု ကိုရီးယားဗဟိုသတင်းအေဂျင်စီက ၀ါဒဖြန့်ချိထုတ်ပြန်သည်။ ကင်ဂျုံ အီလ်နေရာဆက်ခံသူ ကင်ဂျုံအွန်၏ စစ်စခန်းသို့ တစ်လအတွင်း ဒုတိယအကြိမ်မြောက် လည်ပတ်မှုဖြစ်သည်။

ကင်ဂျုံအွန်၏ခရီးစဉ်တွင် ထူးခြားချက် အနေဖြင့် သွားရောက်သည့်နေရာကို ဖခင်ကဲ့သို့လျို့ဝှက်ထားခဲ့ခြင်းမရှိပေ။ မြောက်ကိုရီးယားအစိုးရသည် ကင်ဂျုံအွန်ကို ဖခင်ကင်ဂျုံအီလ်၊ အဘိုးကင်အီလ်ဆွန်းတို့ကဲ့သို့ပင် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုရှိစေရန် ၀ါဒဖြန့်ချိရေးကို အားစိုက်လုပ်ကိုင်လျက်ရှိသည်။

Ref: AFP

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။