Home » » မန်ယူအသင်းရဲ့ နွေရာသီ အပြောင်းအရွှေ့ ပစ်မှတ် နံပါတ်တစ် ဖြစ်လာတဲ့ လူကာမိုဒရစ်

မန်ယူအသင်းရဲ့ နွေရာသီ အပြောင်းအရွှေ့ ပစ်မှတ် နံပါတ်တစ် ဖြစ်လာတဲ့ လူကာမိုဒရစ်

Written By မောင်စေတနာ on Monday, January 23, 2012 | 7:34:00 PM



အနားယူသွားတဲ့ ပေါလ်စခိုးလ်၏ ပြန်လာမှုနှင့်အတူ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် ပါဝင်လှုပ်ရှားမည် မဟုတ် ဟု ဖွင့်ဟထားသော ဖာဂူဆန်၏ ပြောကြားမှုမှာ သေချာသွားစေခဲ့သလို လာမယ့် နွေရာသီ အပြောင်းအရွှေ့ဈေးကွက် အတွက် ကြိုတင်လက်ဦးမှု ရယူနိုင်ရေးအတွက် စပါးအသင်းရဲ့ ကွင်းလယ်ကစားသမား လူကာမိုဒရစ်ကို ပေါင်သန်းငါးဆယ် နဲ့ ကြိုတင်သဘောတူညီမှု ရရှိနိုင်ရေးအတွက် မန်ယူအသင်းက ပြင်ဆင်လိုက်တယ်လို့ ဒေးလီးမေးလ်က ဖော်ပြခဲ့ပါတယ်..

လတ်တလောမှာ မိုဒရစ်ဟာ စပါးအသင်းရဲ့ ဒီရာသီ ပရီမီးယားလိဂ် ချန်ပီယံ မျှော်လင့်ချက်အတွက် အကောင်းဆုံး ကူညီ ထောက်ပံပေးနေသူ တစ်ဦးဖြစ်ပြီး လာမယ့် နွေရာသီအထိ ဘယ်အသင်းကိုမှ မပြောင်းရွှေ့ဘူးလို့ စပါးအသင်းနဲ့ သူ့ပရိတ်သတ်ကို အာမခံထားပါတယ်.. ဒါကြောင့် အခု ထွက်ပေါ်လာတဲ့ မန်ယူအသင်းရဲ့ ကြိုးစားမှုဟာ အစစ်အမှန် ဖြစ်နိုင်တယ်လို့ သတင်းများက သုံးသပ် ထင်မြင်ခဲ့ကြပါတယ်...

မန်ယူအသင်းဟာ မိုဒရစ်ကို စခိုးလ်ရဲ့ နေရာကို အစားထိုးဖို့ အလို ရှိနေတာဖြစ်ပြီး ဒီလက်ကျန် ရာသီဝက်ကိုတော့ အနားယူ ရာကနေ ပြန်လာတဲ့ စခိုးလ်နဲ့ ဆက်လက်စခန်းသွားမယ်လို့ ယူဆရပြီး မိုဒရစ်ရဲ့ ဆန္ဒအတိုင်း လာမယ့် နွေရာသီရောက်မှသာ အသင်းဆီကို ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်.. လက်ရှိအချိန်မှာ မန်ယူအသင်းနဲ့ ဖာဂူဆန် အနေနဲ့ သူတို့ အလိုရှိနေတဲ့ ရှနိုက်ဒါကို ပေါင်သန်းသုံးဆယ် ၀န်းကျင်နဲ့ ခေါ်ယူဖို့ အခွင့်အရေး ရှိနေပေမယ့် ယင်း ကစားသမားရဲ့ မြင့်မားတဲ့ လုပ်ခ လစာကြောင့် မန်ယူအသင်း လက်ရှောင်နေပြီး မိုဒရစ်ကိုပဲ ကြိုးပမ်းနေခဲ့ပါတယ်..

ရှနိုက်ဒါ ဟာ အင်တာအသင်းမှာ တစ်ပါတ်လုပ်ခ လစာ ပေါင် နှစ်သိန်းခွဲ ခံစားနေပြီး ယင်းပမာဏ နီးပါး ပေးချေရမယ့် မန်ယူအတွက် ဒီအချက်က စဉ်းစားစရာ ဖြစ်နေခဲ့ပါတယ်.. မိုဒရစ်ကတော့ စပါးအသင်း မှာ တစ်ပါတ်လုပ်ခ လစာ ပေါင် ခြောက်သောင်းသာ ခံစားနေတဲ့အတွက် အဲဒီပမာဏ နှစ်ဆခန့်အထိ မန်ယူအသင်းက ပေးချေဖို့ စီစဉ်နေပါတယ်...

ပြောင်းရွှေ့ကြေးအတွက်ကိုတော့ စပါးအသင်းဆီကို စုံစမ်း မေးမြန်းနေဆဲလို့ သတင်းက ဖော်ပြခဲ့ပါတယ်... စပါးအသင်းနဲ့ ဥက္ကဌ လီဗိုင်းကတော့ ပြီးခဲ့တဲ့ နွေရာသီက ချဲလ်ဆီးအသင်းရဲ့ ပေါင်သန်းလေးဆယ်နဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့လို့ မန်ယူအသင်းအနေနဲ့ အဲဒီပမာဏထက် ပိုမိုတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းဖွယ် ရှိတယ်လို့ သတင်းများက ဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။

Source by :http://mutdfan.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။