Home » , , » 'ညီညွတ်ခြင်းနှင်းဆီ' ဖျော်ဖြေပွဲ စင်ကာပူနိုင်ငံတွင် တင်ဆက်မည်

'ညီညွတ်ခြင်းနှင်းဆီ' ဖျော်ဖြေပွဲ စင်ကာပူနိုင်ငံတွင် တင်ဆက်မည်

Written By မောင်စေတနာ on Monday, January 23, 2012 | 1:47:00 PM



ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)စီစဉ်သည့် 'ညီညွတ်ခြင်း နှင်းဆီ'ဖျော်ဖြေပွဲအား စင်ကာပူနိုင်ငံ တွင် ဧပြီလ ၁ ရက်နေ့၌ Kallang Theater (Stadium MRT)၌ ပြုလုပ်သွားမည်ဖြစ်ပြီး လက်မှတ်များကို ပင်နစူလာပလာဇာတွင် စတင်ရောင်း ချလျက်ရှိသည်ဟု သတင်းရရှိသည်။

''ဦးမျိုးတို့နိုင်ငံရဲ့ ကောင်းသောပြောင်းလဲခြင်းတွေက စပြီးမြင်တွေ့နေရပါပြီ။ ကောင်းသောပြောင်းလဲခြင်းတွေကို အားလုံးဝိုင်းဝန်းဖော်ဆောင်ဖို့ လိုပါတယ်။ အားလုံးညီညွတ်ဖို့ လိုပါတယ်။ ဒါကြောင့် နှင်းဆီအဖွဲ့ အနေနဲ့ ညီညွတ်ခြင်း နှင်းဆီအဖြစ် ပြန်လည်ကပြပါမယ်။

ဒီပွဲက ၂၀၁၂ ခုနှစ်အတွက် ပထမဆုံး ပြည်ပဖျော်ဖြေပွဲလည်း ဖြစ်ပါလိမ့်မယ်။ ဦးမျိုးတို့ တခြားနိုင်ငံတွေကလည်း ကပြပေးဖို့ ကမ်းလှမ်းထားတာတွေ ရှိပါတယ်''ဟု ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)က ရှင်းပြခဲ့သည်။ 'ညီညွတ်ခြင်းနှင်းဆီ' ဖျော်ဖြေပွဲတွင် လူရွှင်တော်များအဖြစ် နေတိုး၊ ကျော်ကျော်ဗို၊ မိုးမိုး၊ ထွန်းထွန်း၊ ရဲလေး၊ မင်းသမီး ဖူးစုံ၊ မေကဗျာ၊ မိုးယုစံ၊ မင်းသား တင်မောင်ဆန်းမင်းဝင်းတို့က ပါဝင်ကပြသွားမည်ဖြစ်ပြီး ဧည့်သည်အဆိုတော်အဖြစ် သန်းမြတ်စိုး၊ ဖိုးသောကြာ၊ ခင်ညွန့်ရည်တို့ ပါဝင်ဖျော်ဖြေမည်ဟု သိရသည်။ အဆိုပါဖျော်ဖြေပွဲအား ဧပြီလ ၁ ရက်နေ့ မွန်းလွဲ ၂နာရီခွဲတွင် စတင်ပြုလုပ်သွားမည်ဟု သိရှိရသည်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။