Home » » မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကစားသမား ဂစ်ဘ်ဆန် အဲဗာတန် အသင်းသို့ ပြောင်းရွေ့ရောက်ရှိ

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကစားသမား ဂစ်ဘ်ဆန် အဲဗာတန် အသင်းသို့ ပြောင်းရွေ့ရောက်ရှိ

Written By မောင်စေတနာ on Saturday, January 14, 2012 | 8:30:00 PM



မန်ချက်စတာ ယူနိုက်တက်အသင်း၏ ကွင်းလယ်ကစားသမား ဂစ်ဘ်ဆန်သည် အဲဗာတန်အသင်းသို့ (၄)နှစ်ခွဲ သက်တမ်း ရှိသော စာချုပ်တစ်ရပ်ဖြင့် ပြောင်းရွေ့သွားပြီဖြစ်သည်။

အသက်(၂၄)နှစ်အရွယ် အိုင်ယာလန် ကစားသမား ဂစ်ဘ်ဆန်သည် တို့ဖ်ဖီးအသင်းသို့ ယနေ့ပင် ပြောင်းရွေ့ရောက်ရှိ သွားခဲ့သည်။ သို့သော်လည်း နှစ်ဘက် အသင်းက ပြောင်းရွေ့ကြေးကို ဖော်ပြသွားခဲ့ခြင်း မရှိပေ။ ဂစ်ဘ်ဆန်သည် မန်ယူအကယ်ဒမီထွက် ကစားသမား တစ်ဦးဖြစ်ပြီး၊ မန်ယူ အသင်းအတွက် ပွဲပေါင်း(၆၀) ကစားထားပြီး၊ (၁၀)ဂိုး သွင်းယူပေး ထားသည်။ အိုင်ယာလန် အသင်းအတွက်လည်း (၁၇)ပွဲ ကစားပေးထားပြီး (၁)ဂိုးသွင်းယူ ပေးထားသည်။

ဂစ်ဘ်ဆန်သည် ဆောင်းရာသီဈေးကွက်တွင် မိုယက်စ်၏ ဒုတိယမြောက် ခေါ်ယူမှုဖြစ်သည်။ မိုယက်စ်သည် ဂလက်ဆီ စတား ဒိုနိုဗန်ကို (၂)အငှားစာချုပ်ဖြင့် အဲဗာတန်အသင်းအတွက် ပထမဆုံး ခေါ်ယူတစ်ခုကို ပြုလုပ်ထားသည်။ ဂစ်ဘ်ဆန်သည် အဲဗာတန်အသင်းတွင် ကျောနံပါတ်(၄)ကို ၀တ်ဆင်ကစားသွားမည် ဖြစ်ကြောင်း သိရသည်။

Source by :http://mutdfan.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။