Home » , » ရွှေဆိုင်အား ဖုန်းဆက်ခြိမ်းခြောက်၍ ရွှေသုံးပိဿာတောင်း ဖမ်းမိ

ရွှေဆိုင်အား ဖုန်းဆက်ခြိမ်းခြောက်၍ ရွှေသုံးပိဿာတောင်း ဖမ်းမိ

Written By မောင်စေတနာ on Thursday, January 26, 2012 | 12:13:00 PM



မန္တလေးမြို့ပေါ်ရှိနာမည်ကြီး ရွှေဆိုင်တစ်ဆိုင်အား ဗုံးဖောက်ခွဲမည်ဆိုကာ တယ်လီဖုန်းဖြင့် ခြိမ်းခြောက်၍ ရွှေသုံးပိဿာတောင်းသူတစ်ဦးအား သက်ဆိုင်ရာက ဖမ်းဆီးအရေးယူထားသည်။

မန္တလေးမြို့တွင် ဒီဇင်ဘာ ၁၈ ရက်နံနက် ၁၀ နာရီခန့်က မြို့ပေါ်ရှိရွှေဆိုင်ကြီးတစ်ဆိုင်မှ မန် နေဂျာထံသို့ ဆဲလ်လူလာဖုန်းအမှတ် ၀၉××××× ဖြင့် လူတစ်ဦးက ဖုန်းခေါ်ဆိုခဲ့သည်။ ဖုန်းခေါ်သူက ရွှေဆိုင် အတွင်း အဓိကနေရာသုံးနေရာ သုံးခုတွင် ဗုံးများမြှုပ်ထားပြီး ၄င်းဗုံးများကို အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်ထား ကြောင်း ဗုံးပေါက်ကွဲမှု မရှိစေချင်လျှင် ရွှေသုံးပိဿာ(ကာလတန်ဖိုးကျပ် သိန်း ၂၀၀၀ ခန့်)လာရောက်ပေးရမည် ဖြစ်ကြောင်း ပြောသည်။

လာရောက်ပေးရမည့်နေရာမှာ အမရပူရမြို့နယ် စွယ်တော်ဘုရားအနီးဖြစ်ပြီး အချိန်မှာ နံနက် ၁၀ နာရီတွင်လာရောက် ပေးရမည်ဟု ပြောဆိုခြိမ်းခြောက်ကာ ဖုန်းချသွား၍ မန်နေဂျာမှတာဝန်ရှိအဖွဲ့အ စည်းများကို အဆင့်ဆင့်တင်ပြခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့နှင့်တာဝန်ရှိ အဖွဲ့အစည်းအဆင့်ဆင့်မှ ရုပ်ရှင်ဆန်ဆန် ဖုန်းဖြင့် ပြောဆိုခြိမ်းခြောက်သူ ချိန်းဆိုးထားသော အမရပူရမြို့နယ် စွယ်တော်ဘုရားအနီးတွင် ကင်းပုန်းဝပ်နေရာယူ စောင့်ကြည့်ရာ မသင်္ကာဖွယ်ဆိုင်ကယ် နှင့် လူတစ်ဦးအားတွေ့ရှိစစ်ဆေးခဲ့သည်။

ထိုသူက အောင်မြေသာစံမြို့ နယ်နေဦး ..(၆၈) နှစ်က ရွှေများသွားရောက်ယူရန် လွှတ်လိုက်၍လာခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ၍ အောင် မြေသာစံမြို့နယ် ပြည်ကြီးကျက်သရေ ရပ်ကွက်နေဦး…. အားသက်သေများရှေ့တွင် ဖမ်းဆီးပြီး စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ကြောင့် ရွှေဆိုင်ကြီးများအနေဖြင့် ဖုန်းဆက်၍ ခြိမ်းခြောက်မှုများရှိလာပါက အသံဖမ်းထား ပြီး လုံခြုံရေးအဖွဲ့အစည်းများထံ ဆက်သွယ်ရန်လိုကြောင်း မြို့မဈေးမှရွှေဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ရုပ်ရှင်ဆန်ဆန် လက်ကိုင်ဖုန်းဖြင့် ဆက်သွယ်ပြီး ဗုံးဖောက်ခွဲမည် ဟု ခြိမ်းခြောက်ကာ ရွှေသုံးပိဿာ (ကာလတန်ဖိုး ကျပ်သိန်း ၂၀၀၀ ခန့်) ဥပဒေမဲ့တောင်းသူဦး …နှင့် ရွှေသုံးပိ ဿာအား ချိန်းဆိုထားသည့်နေရာတွင် လာရောက်ယူသူ ကို…. နှစ်ဦးတို့အား အမှတ် (၈)ရဲစခန်းမှ(ပ) ၆၈၉/၂၀၁၁၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၀/၄၆၈/၃၆၈ တို့ဖြင့် အမှုဖွင့်အရေးယူထားသည်။

Source by :7 DAY NEWS Journal
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။