Home » , » ၂၀၁၂ ခုနှစ်အတွက် ဗေဒင်နက္ခတ် ပညာရှင်တို့၏ အမြင်

၂၀၁၂ ခုနှစ်အတွက် ဗေဒင်နက္ခတ် ပညာရှင်တို့၏ အမြင်

Written By မောင်စေတနာ on Monday, January 23, 2012 | 9:30:00 PM



နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းသည့် အချိန်တွင် ကူးပြောင်းသည့် အနာဂတ်နှစ်သစ်ကာလအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပညာရေး အစရှိသည်တို့သည် မည်သို့သော အခြေအနေများ ဖြစ်ပေါ်နိုင်ခြေ ရှိသည်ဆိုသည်ကို လူအများ စိတ်ဝင်စားမှု ရှိကြသည်။

ထို့အတွက် လက်ရှိအချိန် ကာလသည်လည်း ၂၀၁၁ခုနှစ်ကုန်ဆုံး၍ ၂၀၁၂ ခုနှစ်၏ နှစ်စကာလသို့ ကူးပြောင်းချိန်ဖြစ်သည့်အတွက် ၂၀၁၂ ခုနှစ်ကာလ အတွင်းတွင် အနာဂတ်နှစ်သစ်ကာလအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပညာရေးအခြေအနေများ မည်သို့မည်ပုံ ဖြစ်ပေါ်လာနိုင်ခြေရှိသည်ကို ဗေဒင်ပညာ၊ နက္ခတ်ပညာရပ်တို့ဖြင့် တွက်ချက်သုံးသပ်သည့် ဗေဒင်ပညာရှင် ဆရာစံဇာဏီဘိုနှင့် နက္ခတ်သိပ္ပံ နည်းပညာရပ်အား အသုံးပြု၍ တွက်ချက်သော နက္ခတ်ပညာရှင် ဦးဇေယျာကိုတို့ အား တွေ့ဆုံမေးမြန်းခဲ့ရာ . . .

ဆရာစံဇာဏီဘို (ဗေဒင်ပညာရှင်)

နိုင်ငံရေး

ငြိမ်းချမ်းရေးအတွက် တော်တော်လေး အားသွန်ခွန်စိုက်လုပ်ရမှာ ဖြစ်ပြီးမလုပ်ရင် အခြေအနေယိမ်း ယိုင်နိုင်ပါတယ်။ နိုင်ငံတကာ ဆက်ဆံရေးမှာတော့ ပဋိပက္ခနည်းနိုင်ခြေရှိတယ်။

စီးပွားရေး

၂၀၁၂ခုနှစ်အတွင်း ဖြစ်ပေါ်လာနိုင်ခြေရှိတဲ့ စီးပွားရေးအခြေအနေက တော့ ကြာသာပတေးနံပဲ အရောင်းအ၀ယ် အားနည်းနိုင်မယ်။ မြေယာ ဥပဒေနဲ့ ပတ်သက်ပြီး ပြောင်းလဲမှုတွေ ဖြစ်ပေါ်နိုင်တာကြောင့် မြေယာအရောင်းအ၀ယ်တွေ တန့်သွားပြီး မြေဈေးတန်ဖိုးတွေ ဆင်းသွားနိုင်တယ်။ ပြည်တွင်းက ပြည်ပပို့ကုန်တွေလည်း အားလျော့နိုင်ပါတယ်။ မြန်မာငွေ ဆက်မာနိုင်ပြီး နိုင်ငံတကာ ငွေကြေး ဈေးကွက်မှာတော့ ဒေါ်လာရော ယူရိုပါ ဈေးကျဆင်းနိုင်ပါတယ်။ ပြည်ပက လာရောက်ရင်းနှီးမြှုပ်နှံပြီး လုပ်ကြတဲ့ သူတွေထင်သလောက် မအောင်မြင်နိုင်ဘဲ ခရီးသွားလုပ်ငန်းတွေ အားလျော့နိုင်တယ်။ ကုန်ထုတ်လုပ်မှုနဲ့ စက်မှုလက်မှုပိုင်း ဆိုင်ရာမှာ အားနည်းနိုင်ပြီး ပုဂ္ဂလိက ပိုင်းရော၊ အစိုးရပိုင်းမှာပါ ထုတ်လုပ်မှု ပိုင်းဆိုင်ရာစက်ရုံတွေက အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ပေါ်နိုင်ပါတယ်။ ပြည်ပလုပ်ငန်း ရှာဖွေလုပ်တဲ့သူတွေ ပိုများပြီး Brain Drain ပြဿနာတွေ ပိုများလာနိုင်ပါတယ်။

လူမှုရေး

၂၀၁၂ခုနှစ်မှာလူငယ်တွေရဲ့ လုပ်ဆောင်ချက်တွေ ပြောင်းလဲလာနိုင်ပြီး အားကောင်းနိုင်တယ်။ ပါရာဒိုင်းကနေ အနုပညာဘက်ကို ကူးသွားနိုင်ပြီး သိပ္ပံနဲ့နည်းပညာ ရပ်ပိုင်းဆိုင်ရာတွေ ဦးမော့လာနိုင်တယ်။ စာပေ၊ ပညာရပ်ပိုင်းဆိုင်ရာ လုပ်ဆောင်မှု အခြေအနေ ကောင်းမွန်လာပြီးဆေးဝါး ကုသမှုပိုင်းဆိုင်ရာမှာတော့ ဆက်လက်ပြီး အားနည်းနိုင်ပါသေးတယ်။ Human Resources (HR) ပိုင်းမှာလည်း ဆက်လက်ပြီး အားနည်းနိုင်ပါသေးတယ်။

ရာသီဥတု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး

၂၀၁၂ခုနှစ်က ၀ါငယ်ထပ်တဲ့နှစ် ဖြစ်တာကြောင့် ရေကြီးနိုင်တဲ့အတွက် ရာသီဥတုပိုင်း ဆိုင်ရာ အခြေအနေ အရပ်ရပ်ကို ဂရုစိုက်သင့်ပါတယ်။ မိုးက မိုးနှောင်းအထိ များနိုင်ပြီး မိုးစပါးကို တော်တော်လေး သတိထားပြီးစိုက်ကြရမယ်။ မွေးမြူရေး သားငါးကဏ္ဍမှာ တော့ကြက်၊ ငုံးနဲ့နွားတွေမှာ ကပ်ဆိုး အန္တရာယ်ရောဂါတွေ ကျနိုင်ပါတယ်။

ဦးဇေယျာကို(နက္ခတ်သိပ္ပံပညာရှင်)

နိုင်ငံရေး

၂၀၁၂ ခုနှစ်ရဲ့ နိုင်ငံရေး အခြေအနေကတော့ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေ တိုင်းပြည်ကို ဦးဆောင်လာနိုင်တဲ့အတွက် အရင်နဲ့မတူတဲ့ ထူးခြားတဲ့ နိုင်ငံရေးပြောင်းလဲမှုတွေ ဖြစ်လာနိုင်တယ်။ ထူးခြားတဲ့ အခွင့်အလမ်းတွေ ရှိလာနိုင်တယ်။ နိုင်ငံအကြီးအကဲ ခေါင်းဆောင်တွေ အနောက် အင်အားကြီးနိုင်ငံတွေကို လည်ပတ်မှုနဲ့ အတူ အနောက်အင်အားကြီးနိုင်ငံတွေ က အကြီးအကဲတွေလည်း မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး လာရောက် လည်ပတ်နိုင်တယ်။

စီးပွားရေး

အနောက်နိုင်ငံတွေနဲ့ သဟဇာတ ဖြစ်လာပြီး ပိတ်ဆို့နေတဲ့ စီးပွားရေး အခွင့်အလမ်းတွေ ပြန်လမ်းပွင့်လာ နိုင်တယ်။ အနောက်နိုင်ငံကနေ ဆုတ်ခွာသွားတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေ ပြန်ပြီး ရင်းနှီးမြှုပ်နှံလာနိုင်တယ် ရွှေရောင်းဝယ် ဖောက်ကားမှုပိုင်းဆိုင်ရာ အားကောင်းစွာ လည်ပတ်နိုင်ပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အားကောင်းတာကြောင့် ကြီးမားတဲ့ဈေးကွက် ဖြစ်လာနိုင်တယ်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။