Home » , , » Digital Audio Workstation အကြောင်း သိကောင်းစရာများ

Digital Audio Workstation အကြောင်း သိကောင်းစရာများ

Written By မောင်စေတနာ on Tuesday, December 6, 2011 | 4:30:00 AM



DAW ဆိုတာ Digital Audio Workstation ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် DAW နှစ်မျိုးရှိပါတယ်။

အဲ့ဒါတွေကတော့ -

၁။ Computer Based DAW နှင့်

၂။ Integrated DAW တို့ပဲဖြစ်ကြပါတယ်။

၁။ Computer-Based DAW Computer Based DAW ဆိုတာကတော့ ကွန်ပျူတာကို အခြေခံထားတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ Computer Based DAW မှာ အဓိကအားဖြင့် အစိတ်အပိုင်း ၃ ခုပါဝင်ပါတယ်။

ပါဝင်တဲ့အစိတ်အပိုင်း ၃ ခုကတော့ -

၁။ Computer

၂။ ADC-DAC (Analog Digital Converter - Digital Analog Converter) နှင့်

၃။ Digital Audio Editor Software တို့ဖြစ်ပါတယ်။ Computer က Sound Card နှင့် Software အတွက် Host ပစ္စည်း အဖြစ် လက်ခံဆောင်ရွက်ပြီး Audio Editing အတွက် Processing ကို ထောက်ပံ့ပေးပါတယ်။ Sound Card က Audio Interface အဖြစ်ထမ်းဆောင်ပြီး ပုံမှန်အားဖြင့် Analog Audio Signal ကို Digital Form သို့ ပြောင်းပေးတယ်။

လွယ်လွယ်ပြောရရင် Analog ကနေ Digital Format ကိုပြောင်းပေးတဲ့ သဘောပဲဖြစ်ပါတယ်။ ဒီတော့ ADC-DAC ဆိုတာ Sound Card ပဲ ဖြစ်ပါတယ်။ Sound Card ဟာ Audio ရဲ့Processing တွင်လည်း ပါဝင်ကူညီတယ်။ Audio Software ဘက်ကတော့ Hardware Components တွေကို ထိန်းချုပ်ပြီး Recording, Editing နှင့် Playback တို့အတွက် User Interface ကို ထောက်ပံ့ပေးတယ်။

လွယ်လွယ်ပြောရရင် အသုံးပြုသူကခိုင်းစေတာတွေကို လုပ်ပေးမယ့်နေရာပဲဖြစ်ပါတယ်။ Computer-Based DAW အများစုတွင်

၁။ MIDI (Musical Instrument Digital Interface)

၂။ Recording အသံဖမ်းခြင်း

၃။ Editing တည်းဖြတ်ခြင်း နှင့်

၎။ Playback Capabilities ပြန်လည်နားထောင်ခြင်းများပါဝင်တယ်။ အချို့ Audio Software များတွင် Minor Video-Related Features များပါဝင်တယ်။ နိုင်ငံတော်တော်များရှိ Radio Station များစွာသည် Integrated DAWs အစား Computer-Based DAWs ကို အသုံးများကြပါတယ်။


၂။ Integrated DAW

ကွန်ပျူတာတွေ ဒီ Audio လောကမှာ ကောင်းကောင်းမလုပ်နိုင်ခင်က အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ ၄င်းမှာ Mixing Console, Control Surface, Audio Converter နှင့် Data Storage တို့ပါဝင်တယ်။ Personal Computers တွေ DAW Software ကို Run နိုင်လောက်အောင် Powerful ဖြစ်မလာခင်က Integrated DAWs ကို လူကြိုက်များတယ်။

Computer Power မြင့်လာပြီး ဈေးနှုန်းချိုလာသောအခါ ဈေးကြီးတဲ့ Integrated System ကို လူကြိုက်မများတော့ပါ။ ဒါပေမယ့် Orban Audicy ကဲ့သို့သော Systems များဟာ တစ်ချိန်က Radio နှင့် Television ဈေးကွက်များတွင် လူကြိုက်များခဲ့ပါတယ်။

ယနေ့ခေတ်မှာတော့ Systems အချို့သည် Roland VS Series, MV-8000/MV-8800 နှင့် မကြာသေးမီက Mackie HDR-Series Hard Disk Recorders တို့ကဲ့သို့သော Full Graphic User Interface ပါဝင်သည့် Recording Features များနှင့် Computerless Arranging များကို ဆောင်ရွက်ပေးနိုင်တယ်။

ကဲ စာဖတ်ပရိသတ်ကြီးရေ အခုဆိုရင် DAW ဆိုတဲ့ Terms လေးတစ်ခုကို သင်တို့ နားလည်သွားပါပြီ။ နိုင်ငံတကာမှာ DAW နဲ့ အလုပ်လုပ်နေကြတယ်။ ကျွန်တော်တို့လည်း ဒီမှာ DAW နဲ့ပဲလုပ်ကျတယ်။ သိပ်အစစ်ကြီးမဟုတ်ရင်တောင်မှရယ် နေရာတိုင်းမှာ မဟုတ်သေးတာ ရယ်ပေါ့ဗျာ။

ခက်တာက DAW ဆိုတာကို မသိရင်တော့ ဘာလိုဆက်လုပ်ကြမလဲ။ ဒီတော့ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်အတိုင်း သင်တို့ကို သိသင့် သိထိုက်တာတွေကို သင်ပေးနေတာဖြစ်ပါတယ်။

Source by :http://www.onlineictreader.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။