Home » , » ဒီဇင်ဘာ လလယ်ပိုင်းအထိ ကိုရီးယားသို့ မြန်မာလုပ်သား ၁၉၆၉ ဦး စေလွှတ်

ဒီဇင်ဘာ လလယ်ပိုင်းအထိ ကိုရီးယားသို့ မြန်မာလုပ်သား ၁၉၆၉ ဦး စေလွှတ်

Written By မောင်စေတနာ on Saturday, December 17, 2011 | 1:00:00 AM



လုပ်ငန်းခွင်ဝင်မှုနှင့် ပတ်သက်၍ Korea (HRD မှ စာမေးပွဲဖြေဆိုရန် လျှောက်လွှာတင်သူများအား ရှင်းပြစဉ်

ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲစစ်ဆေး၍ ကိုရီးယားသမ္မတ နိုင်ငံသို့ မြန်မာနိုင်ငံမှ လုပ်သားများ တရားဝင်စေလွှတ်မှုတွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ လလယ်ပိုင်းအထိ လုပ်သားပေါင်း ၁၉၆၉ ဦး အား တရားဝင်စေ လွှတ်ပြီးဖြစ်ကြောင်း အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီမှ သတင်း ရရှိပါသည်။

EPS စနစ်ဖြင့်မြန်မာနိုင်ငံမှ လုပ်သားများအား ကိုရီးယားနိုင်ငံသို့ စေလွှတ်ရန် စီစဉ်မှုတွင် ပထမအကြိမ် အဖြစ် မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီး ဌာနနှင့် ရွှေအင်းဝ ၀န်ဆောင်မှု အေဂျင်စီတို့ပူးပေါင်း၍ ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့က ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ (EPS-KLT) စစ်ဆေးခြင်း ဖြင့်လည်းကောင်း၊ ဒုတိယအကြိမ် အဖြစ် အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီ၏ ဆောင်ရွက်မှုဖြင့် ၂၀၁၁ ခုနှစ်ဇွန်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့ က ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ(EPS-TOPIK) အား ပြုလုပ်ခဲ့ခြင်းနှင့် တတိယအကြိမ်အဖြစ်လည်း အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှ ထပ်မံဆောင်ရွက်ကာ အောက်တိုဘာလ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့ တို့တွင် ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ EPS-TOPIK) အား စစ်ဆေးပြီးစီစဉ်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ယင်းစာမေးပွဲဖြေဆို အောင်မြင်ခဲ့သူများကို ကိုရီးယားနိုင်ငံဘက် က အမှတ် ၈၀ နှင့်အထက် အမှတ် အနည်းအများအလိုက် လုပ်သားရွေးချယ် ခေါ်ယူခဲ့ရာ ပထမအကြိမ်မြောက် ပြုလုပ်ခဲ့သည့် စာမေးပွဲတွင် ဖြေဆို အောင်မြင်ကြသူများအနက်မှ လုပ်သားပေါင်း ၁၅၆၁ ဦး၊ ဒုတိယအကြိမ် မြောက်စာမေးပွဲ၌ ဖြေဆိုအောင်မြင်ကြသူများ အနက်မှ လုပ်သားပေါင်း ၄၀၈ ဦးတို့ကို လုပ်သားအဖြစ် ရွေးချယ်ခေါ်ယူခဲ့ပြီး ယင်းစာမေးပွဲ အောင်မြင်ပြီးသူများအတွက် အလုပ်ခေါ်စာများရရှိရန် ကျန်ရှိနေသေးကြောင်း သိရှိရသည်။

EPS စာမေးပွဲစစ်ဆေး၍ ကိုရီးယားနိုင်ငံသို့ အလုပ်သမားစေလွှတ်မှုသည် G to G ဖြင့်စေလွှတ်ခြင်း ဖြစ်၍ အလုပ်ရရှိမှု ခိုင်မာမှုရှိကာသွားရောက် အလုပ်လုပ်သူတစ်ဦးသည် တစ်လလျှင် မြန်မာငွေကျပ် ၁၀ သိန်း အနည်းဆုံးရရှိနိုင်ပြီး အလုပ်ရှင်မှ ၎င်း၏ ဆန္ဒအရအလုပ်သမားအား စိတ်ကြိုက်ရွေးချယ်ခေါ်ယူသည့် စနစ် ဖြစ်သောကြောင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ရွေးချယ်ခေါ်ယူပေးရန် တောင်းဆို၍ရသည့်စနစ် မဟုတ်ကြောင်း သိရှိရပါသည်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။