Home » , » ညီလေး စိုင်းလင်းထက် မှ မွေးနေ့ ဆုတောင်းလေး ဖြစ်ပါတယ်

ညီလေး စိုင်းလင်းထက် မှ မွေးနေ့ ဆုတောင်းလေး ဖြစ်ပါတယ်

Written By မောင်စေတနာ on Tuesday, December 6, 2011 | 11:55:00 PM


မင်္ဂလာပါ စာဖတ်သူ ပရိတ်သတ်များခင်ဗျာ...

အခုလက်ရှိပုံမှာ မြင်နေရတဲ့ သူကတော့ ကျွန်တော်ရဲ့ ဆရာ အကို နေဇော်လင်း ဖြစ်ပါတယ် (7,10.2011) မှာကျ ရောက်တဲ့ သူ့ရဲ့မွေးနေ့လေး အတွက် ကျွန်တော်ရဲ့ ဆုတောင်း စာလေးဖြစ်ပါတယ်။ ကိုနေဇော်လင်းဟာ တကယ်ကိုချီးကျူး စရာကောင်းတဲ့ လူငယ်တစ်ယောက်ပါ။

ကိုယ်ကျိုး အတွက်မကြည့် မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်းကို အွန်လိုင်းမှာ သတင်းအစုံ အလင်နဲ့ ဗွီဒီယို ဇာတ်လမ်း ကောင်းကောင်း လေးတွေ စာပေပညာလေးတွေ နောက်ပြီး ဘောလုံး အားကစားနှင့်
နိုင်ငံအသီးသီးမှ သတင်း အရပ်ရပ်တို့ကို အွန်လိုင်းမှတစ်ဆင့် မေတ္တာ စေတနာကိုရှေ့တန်းတင်ပြီး ဖြန့်ဝေပေးနေတဲ့ BLOGGER ဆရာလေး တစ်ယောက်ပါ။

မြန်မာနိုင်ငံဆိုတာ အွန်လိုင်းကကြည့်လို့မရတဲ့ သတင်းမျိုးတွေ အများကြီး၇ှိပါတယ်။ အဲဒါလေးတွေကို အချိန်ကို တန်ဖိုးထား ပင်ပန်းတယ်ဆိုတာ စိတ်ထဲမှာမထည့်ကိုယ့်နိုင်ငံသားတွေ အလွယ်တစ်ကူကြည့်လို့ရအောင် အွန်လိုင်းက တစ်ဆင့် စွမ်းဆောင် ပေးနေတဲ့သူတစ်ယောက်ပါ။

တကယ်ပါဗျာ ကျွန်တော်လဲ ဝါသနာရှင်တစ်ယောက်ပါ။ ဒီလိုဖြန့်ဝေတယ်ဆိုတာ မလွယ်ပါဘူး လူကိုပင်ပန်းစေ တာတော့ ကျွန်တော်ရဲရဲကြီးပြောရဲပါတယ်။ ဒါပေမဲ့ သူဟာ အဲဒါတွေထည့်မတွက်ပါဘူး မြန်မာပြည်သူပြည်သား တွေအတွက် ဒီလိုလေးဖြန့်ဝေပေးနေရတာကို သူတကယ် ပီတိဖြစ်နေမိတာပါ။

ဒီလိုသတင်း အစုံအလင်ကိုဖြန့် ဝေပေးနေရတာဟာ ဝမ်းရေးမလှပေမဲ့ ကုသိုလ်တော့ တကယ်ရတာပါ။ ကျွန်တော် တစ်ခါသူပြောဖူးလို့ ကျွန်တော့် ပရိတ်သတ်ကို ပြန်ပြောပြနေနိုင်တာပါ။ သူဟာ တကယ်ကိုစိတ်ရင်းကောင်းတဲ့ ယောင်္ကျားကောင်း တစ်ယောက်ပါ။

လူတန်းစားလဲမခွဲခြားတက်ပါဘူး မသိတာ မရှင်းတာကိုလဲ နားလည်အောင် စိတ်ရှည်ရှည်နဲ့ ရှင်းပြ တက်ပါတယ်
သူဒေါသထွက်တယ် ဆိုတာမရှိပါဘူး မရှိဘူးပြောလို့ တစ်ခုတော့ပြောချင်ပါတယ်။ သူအလုပ်လုပ်နေတဲ့ အချိန်မှာ လာနှောက်ယှက်တက်သူ မိန်းကလေး တော်တော်များများ၇ှိပါတယ် အဲဒါလေးတွေတော့ စိတ်ထဲမှာ သူနည်းနည်းထိပြီး ပြောတက် ပါတယ်။

ပါးစပ်ရိုင်းတာ မဟုတ်ဘူးနော် ချိုသာတဲ့ စကားလေးနဲ့ပဲပြောပြသွားတာပါ။ ကျွန်တော့်စိတ်နဲ့ ဆိုရင်တော့ တကယ်မရတာပါ အဲလိုမိန်းကလေးတွေ မြန်မာနိုင်ငံမှာမ၇ှိသင့်ဘူးလို့ထင်ချင်ပါတယ် ဒါပေမဲ့ တကယ် နှောက်ယှက်တာပါ။

မကူညီချင်နေကြပါဗျာ အဲလိုသူများ ကုသိုလ်ရေး လုပ်နေတာလေးကိုတော့ မနှောက်ယှက်သင့်ပါဘူး ကျွန်တော်ကတော့ အမြဲတမ်း အားပေးစကားပဲ ပြောတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်လဲသူ့ တပည့်တစ်ယောက်ပဲလေ ကိုယ့် ဆရာကို ဒီထက်မကအောင်မြင်အောင် ပြောရတာကျွန်တော်ပျော်ပါတယ် သူကလဲ ညီအရင်းထက်မခြား အရမ်းချစ်ပါတယ် ပညာ တွေလဲ ကျွန်တော့်ကို တစ်ဆင့်သင်ပေးခဲ့တဲ့ သူတစ်ယောက်ပါ။

သူဟာ အွန်လိုင်းပေါ်မှာ သတင်းဖြန့် အသိတရားလေးတွေဖြစ်ပေါ်စေတက်သော စာလေးတွေလဲ ရေးတက်ပါတယ်။ သူကိုယ်တိုင်လဲံ လိုက်နာပြီး ကျွန်တော့ကို ဆုံးမတက်ပါတယ်။ (ကျွန်တော် မမိုက်ဘူးနော်) အကိုကြီးတော့ အဖရာဆိုသလိုပေါ့ ကိုယ့်ညီတစ်ယောက်ကို လိမ္မာစေချင်တဲ့ ဆန္ဒလေးနဲ့ သူပြောနေတာ ကျွန်တော် နားလည်ပါတယ်။

ဒီလို အဘက်ဘက်မှ လူငယ်ဆိုတဲ့ ဂုဏ်ပုဒ်လေးနဲ့မလိုက်အောင် ကြိုးစားပြီး သတင်း အစုံအလင် တွေဖြန့်ဝေနေတဲ့ ကိုနေဇော်လင်း အတွက် မွေးနေ့ အမှတ်တရ စကားလေး ပြောလိုက်ကြရအောင်ဗျာ ....


မင်္ဂလာပါ အကိုနေဇော်လင်းရေ....

(7.12.2011) မှာကျရောက်တဲ့ အကို့ ရဲ့မွေးနေ့မှ နောက်နှစ်ပေါင်းများစွာအထိ ပျော်နိုင်ပါစေ ရေလာတဲ့ စမ်းလေးက ဗေဒါပန်းလေး တစ်ပွင့်လို့ ထာဝရ လန်းဆန်းနိုင် ပါစေလို့ ညီလေး စာဖတ် ပရိတ်သတ်ကြီးနဲ့အတူ ဆုတောင်းပေးလိုက်ပါတယ်ဗျာ ဒီထက်မကေ အာင်မြင်မှု့တွေဆွတ်ခူးနိုင်ပါစေလို့လဲထပ်မံ ဆုတောင်း ပေးပါတယ် အကို .....
.............------------.............-------------..............-----------..

အွန်လိုင်းမှာမေတ္တာရှင်လို့
ခေါ်ဆိုနိုင်လောက်တဲ့သူ
နှိုင်းစရာမရှိ အတုယူစရာ
ပညာတွေ ဖြန့်ဝေ

အွန်လိုင်းကသူတွေ
အရမ်းချစ်တဲ့သူ

တိုင်းတစ်ပါးမှာ နေပေမဲ့
အမျိုးကိုချစ်တဲ့ သူ

ကိုယ်ကျိုး အတွက်မကြည့်
ဇွဲ.လုံ့လ.ဝိရိယကို
ရှေ့တန်းတင်

မေတ္တာကို အခိုင်အမာထား
စေတနာ ဖြင့်ဖြန့်ဝေပေးတဲ့သူ
အပျော်ဆိုတာခဏတာ
နိုင်ငံသားတွေအပေါ်
သိစေချင်တဲ့ စိတ်က
ကမ္ဘာမှာ မေတ္တာရှင်လား
ထင်ရောင်မှားအောင်
စွမ်းဆောင်ပေးနိုင်တဲ့သူ

တက်သည့်ပညာမနေသာ(ဆိုသလို)
Blogger ပိုးလေး အတွက်...
ဆရာတစ်ယောက် ဖြစ်ခဲ့တဲ့သူ

http://sailinhtet1500.blogspot.com/

(ကိုလေးအတွက် ညီလေး စိုင်းလင်းထက်(အလွမ်းမင်းသားလေး)မှ မွေးနေ့အမှတ်တရ)

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။