Home » » ပြည်ပ အေဂျင်စီများ မရိုးသားလျှင် Online မှ တစ်ဆင့် တိုင်ကြားခွင့်ပြု

ပြည်ပ အေဂျင်စီများ မရိုးသားလျှင် Online မှ တစ်ဆင့် တိုင်ကြားခွင့်ပြု

Written By မောင်စေတနာ on Tuesday, November 22, 2011 | 9:30:00 PM



ပြည်ပ ထွက်ခွာ လုပ်ကိုင်မည့် အလုပ် သမားများ အနေနှင့် ပြည်ပ နိုင်ငံများသို့ သွားရောက် အလုပ်လုပ် ကိုင်နိုင်ရန် ချိတ်ဆက် လုပ်ကိုင် ရသော ပြည်ပ အလုပ် အကိုင် အေဂျင်စီ များက မရိုးမသားလုပ်ဆောင်မှုများရှိလာလျှင် အလုပ်သမားဝန်ကြီးဌာနသို့ Online မှတစ်ဆင့် တိုင်ကြားခွင့်ပြုကြောင်း နေပြည်တော်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

www.mol.gov.mm Website ကနေ တိုင်ကြား နိုင်ပါတယ်။ အတတ်နိုင်ဆုံး ဖြေရှင်းပေးမှာပါ”ဟု ၄င်းကရှင်းပြသည်။

Online မှတစ်ဆင့် တိုင်ကြားနိုင်သကဲ့သို့ ရုံးအမှတ် ၅၁၊ နေပြည်တော် အလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့လည်း စာဖြင့် တိုင်ကြားနိုင်ကြောင်း နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာနထံမှ သိရသည်။

“တိုင်နိုင်တာတော့သိတယ်။ ဘယ်လိုတိုင်ရမလဲဆိုတာ မသိတာခက်တာ။ အခုသိပြီ။ အခက်အခဲပေါ်လာရင်တော့တိုင်ကြားမှာပါ” ဟု မလေးရှားသို့ ထွက်ခွာရန် ပြင်ဆင်နေသူမြောက်ဥက္ကလာပမြို့နယ် (က)ရပ်ကွက်၊ နွယ်သာကီ ၆ လမ်းနေ မလေးရှားသို့ နှစ်ကြိမ်ထွက်ခွာဖူးသူ အသက် ၂၃နှစ်ရှိ ကိုဟိန်းဇေယျာကျော်ကဆိုသည်။

ယခုနှစ်တွင် သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်မညီသော ဂရင်းဝေး၊ မြန်မာ့အေး၊ ဘားတက်စ်ပဲလေ့စ်၊ ကောင်းဆက်၊ Royal Myanmar၊ Golden Cambel စသည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ခြောက်ခုကို အရေးယူခဲ့ကြောင်း၊ ယင်းအေဂျင်စီများသည် အလုပ်သမားများကို ခွင့်ပြုချက်မရှိဘဲ စေလွှတ်ခြင်း၊ လေဘာကတ်မယူခြင်း၊ အခွန်မဆောင်ခြင်း၊ အမျိုးသမီးများကိုပြည်ပသို့ပို့ခြင်း၊ ပြောထားသည့် အလုပ်နှင့် အမှန်တကယ် လုပ်ကိုင်ရသည့်အလုပ်မှာ ကွဲလွဲနေခြင်းတို့ကြောင့် အလုပ်သမားများက မကျေနပ်သဖြင့် တိုင်ကြားပြီး အရေးယူမှုအများဆုံးပြုလုပ်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန်က ပြောကြားသည်။

ယခုနှစ်တွင် တရားဝင် လုပ်ကိုင်ခွင့်ပေးထားသည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ၁၁၃ ခုရှိပြီး ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ၁၀ခု ရှိကြောင်း အလုပ်သမားဝန်ကြီးဌာနထံမှ သိရသည်။

Source by :The Voice Journal
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။