Home » , » HJ - Split အကြောင်း သိကောင်းစရာ

HJ - Split အကြောင်း သိကောင်းစရာ

Written By မောင်စေတနာ on Tuesday, November 29, 2011 | 10:29:00 AM



HJ - Split ဟာ Freeware အမျိုးအစားဖြစ်ပြီး File များကိုပိုင်းခြားရာတွင် အသုံးပြုပါတယ်။ ထို Software ဟာ Windows Platform မျိုးစုံတွင်အသုံးပြုနိုင်ပြီး အရွယ်အစားကြီးမားသော File များကိုဖြတ်တောက်ရာတွင် အသုံးပြုပါတယ်။ File များကို ဘာကြောင့်ပိုင်းဖြတ်ရသလဲဆိုတော့ 20MB ပမာဏရှိတဲ့ File တစ်ခုကို Email အတွင်းထည့်သွင်းပေးပို့ဖို့ရာ မလွယ်ကူလှပါဘူး။

ဘာကြောင့်လဲဆိုတော့ File အရွယ်အစားအလွန်ကြီးမားနေသောကြောင့်ဖြစ်ပါတယ်။ ထို့ကြောင့် HJ - Split ကို အသုံးပြုပြီး အရွယ်အစားကြီးမားသော File များကိုသေးငယ်သော File များအဖြစ်သို့ ဖြတ်တောက်ပစ်ပြီး ပေးပို့ပါက လွယ်ကူအဆင်ပြေစေနိုင်ပါတယ်။

ထိုသို့ပိုင်းခြားလိုက်သော File များအား HJ - Split ကို ပြန်လည်အသုံးပြု၍ ပေါင်းစပ်နိုင်သလို HJ - Join ကိုလည်း ပေါင်းစပ်၍ အသုံးပြုနိုင်ပါတယ်။ HJ - Split အား Windows XP , Linux , Java နှင့် Mac OS များတွင်ပါ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

HJ - Split တွင် File များပေါင်းစည်းခြင်း၊ ပိုင်းခြားခြင်းအပြင် File များနှိုင်းယှဉ်ခြင်းကိုပါ အသုံးပြုနိုင်ပြီး လွယ်ကူရိုးရှင်းတဲ့ Software အသေးစား တစ်မျိုးပဲဖြစ်ပါတယ်။

Source by :http://www.onlineictreader.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။