Home » » မြန်မာရေဘေး ဒုက္ခသည်များကို မြန်မာသံရုံးက ယာယီနိုင်ငံကူး လက်မှတ်လုပ်ပေးနေ

မြန်မာရေဘေး ဒုက္ခသည်များကို မြန်မာသံရုံးက ယာယီနိုင်ငံကူး လက်မှတ်လုပ်ပေးနေ

Written By မောင်စေတနာ on Friday, November 4, 2011 | 7:00:00 PM



ထိုင်းနိုင်ငံ​​ ​ရေ​ဘေး​ ဒု​က္ခ​သည်​စ​ခန်း​က မြန်မာတွေကို မြန်မာသံရုံးက ယာယီနိုင်ငံကူး လက်မှတ်​ လုပ်ပေးနေပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အထက်က နခေါင်ပထုံခရိုင် ၀ပ်ရိုက်ခင် ၀စ်ထရာ ဘုန်းကြီးကျောင်းမှာ ဖွင့်ထားတဲ့ ​ရေဘေး​ ဒုက္ခသည်စခန်းက မြန်မာ​ အလုပ်သမားတွေကို ဘန်ကောက်-မြန်မာသံရုံးက တာဝန်ရှိသူတွေ​ လာပြီး နိုင်ငံကူး​ လက်မှတ် လုပ်ပေးနေတယ်လို့ စခန်းမှာ​ ခိုလှုံနေတဲ့​ မြန်မာအလုပ်သမား​ ကိုသက်ခိုင်က ပြောပါတယ်။

မြန်မာအလုပ်သမားတွေဟာ​ သူတို့ ရဲ့​ လက်မှတ်တွေ​ ​ရေကြီးရာမှာ​ ​ပျောက်ဆုံးသွားတာကတကြောင်း၊ အလုပ်ရှင်တွေ သိမ်းထားရာကနေ ပြန်မရတော့တာကတကြောင်း တို့​ကြောင့် မြန်မာသံရုံးကနေ​ အသစ် ပြန်လုပ်ပေးနေတာ ဖြစ်တယ်လို့ ကိုသက်ခိုင်က ပြောပါတယ်။

“မနေ့က လာပြီးတော့ ဓာတ်ပုံတွေ ရိုက်ပေးသွားတယ်။ ကျနော်တို့ကို ဗီဇာ စာရွက်တွေပေးတယ်။ စာအုပ်တော့​ မရသေးဘူး။ ဒါပေမယ့် သန်ဘက်ခါတော့ ရမယ်တဲ့​ ပြောသွားတယ်။ ကျနော်တို့ အကုန်လုံးကို ရိုက်ပေးသွားတယ်။ ထိုင်းတံဆိပ်ရယ်၊ မြန်မာစီးတံဆိပ်ရယ်၊ သူတို့ က မြန်မာပြည်သားအယောက် ၅၀၀​ ကို ဗီဇာစာအုပ်​ ၅၀၀ သူတို့ ထုတ်ပေးမယ်။ ဒါပေမယ့် work permit ကိစ္စ ထိုင်းအလုပ်သမားဝန်ကြီးဌာနနဲ့ သူတို့ညှိတယ်။ အဆင်ပြေသွားပြီပြောတယ်။ ထိုင်းအလုပ်သမားဝန်ကြီးကလည်း လာတယ်။”

နခေါင်ပထုံခရိုင် ၀ပ်ရိုက်ခင်ဘုန်းကြီး ကျောင်းက ဒုက္ခသည်စခန်းဟာ လွန်ခဲ့တဲ့ နှစ်ပတ်ကျော်က ဖွင့်ထားတာဖြစ်ပြီး မြန်မာဒုက္ခသည် ၄၀၀ ခန့်နဲ့ ကမ္ဘောဒီးယား ၁၀၀ ခန့် ရှိပါတယ်။

Source by :http://burmese.dvb.no
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။