Home » » ကိုလုံးတိုက်စစ်မှူး ပိုဒေါလ်စကီးအား ပေါင်သန်း၂၀ဖြင့် ကမ်းလှမ်းရန် အာစင်နယ်လ်အသင်း ပြင်ဆင်

ကိုလုံးတိုက်စစ်မှူး ပိုဒေါလ်စကီးအား ပေါင်သန်း၂၀ဖြင့် ကမ်းလှမ်းရန် အာစင်နယ်လ်အသင်း ပြင်ဆင်

Written By မောင်စေတနာ on Friday, November 4, 2011 | 3:19:00 PM


ကိုလုံးတိုက်စစ်မှူး ပိုဒေါလ်စကီးအား ပေါင်သန်း၂၀ဖြင့် ကမ်းလှမ်းရန် အာစင်နယ်လ်အသင်း ပြင်ဆင်

အာဆင်နယ်လ် အသင်းသည် ဂျာမာန်လက်ရွေးစင် ကိုလုံးအသင်း တိုက်စစ်မှူး လူးကပ်စ်ပိုဒေါလ်စကီးအား ပေါင်သန်း ၂၀ ဖြင့် ခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရသည်။ အဆိုပါ အသက် ၂၆ နှစ်အရွယ်ရှိ တိုက်စစ်မှူးအား ဘိုင်ယန်မြူးနစ်တွင် ကစားနေစဉ်ကတည်းက ခေါ်ယူရန် ကမ်းလှမ်းခဲ့ဖူးပြီး ယခု ထပ်မံခေါ်ယူရန် စိတ်ဝင်စားလာခြင်း ဖြစ်သည်။

လက်ရှိထွက်ပေါ်နေသော သတင်းများအရ စာချုပ် သက်တမ်း ၁၈ လသာ ကျန်ရှိတော့သည့် အသင်း၏ အဓိကတိုက်စစ်မှူး ဖြစ်သူ ဗန်ပါစီအား လက်လွှတ်ခဲ့ရပါက အရန်သင့် အစားထိုး နိုင်ရန် အတွက် ယခုလို ခေါ်ယူရန် စီစဉ်နေခြင်းလည်း ဖြစ်သည်ဟု သိရသည်။

နောက်ချန်တိုက်စစ်မှူး အဖြစ်သာမက ဘယ်တောင်ပံတိုက်စစ်တွင်ပါ ကစားနိုင်သော ၄င်းတိုက်စစ်မှူးအား ခေါ်ယူနိုင်ခဲ့ပါက အကျိုးရှိသော ခေါ်ယူမှု့ ဖြစ်လာနိုင်ပြီး ကာယကံရှင်ကိုယ်တိုင်ကလည်း ကိုလုံးအသင်းမှ ထွက်ခွာလိုကြောင်း ဖွင့်ဟထားပြီးဖြစ်သည်။ အာဆင်နယ်လ် အသင်းမှာ ပိုဒေါလ်စကီး၏ ခြေစွမ်းကို စောင့်ကြည့်ရန် ကင်းထောက်များ စေလွှတ်ထားလျက်ရှိကြောင်း သိရသည်။

Source by :http://mutdfan.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။