Home » » ဒုက္ခသည် စခန်းပြောင်းရန် ထိုင်းတာဝန်ရှိသူများက ပြောဆို

ဒုက္ခသည် စခန်းပြောင်းရန် ထိုင်းတာဝန်ရှိသူများက ပြောဆို

Written By မောင်စေတနာ on Thursday, November 17, 2011 | 4:30:00 AM

ထိုင်းနိုင်ငံ မဟာချိုင် ခရိုင်တွင် ရှိသည့် ရွှေတွံတေး ဆရာတော် အရှင်ဝါယမ ဦးဆောင်သည့် ကီလိုစီစွန်အရပ်က မြန်မာရေဘေး ဒုက္ခသည် စခန်းကို မနက်ဖြန် နိုဝင်ဘာလ (၁၆) ရက်နေ့တွင် မဟာချိုင် အနောက်အရပ်က မဲခေါင်နေရာသို့ ပြောင်းရွှေ့ ရတော့မည်ဟု ထိုင်းအာဏာပိုင်တွေ လာပြောထားကြောင်း ကယ်ဆယ်ရေး အဖွဲ့ ဝင် တဦးဖြစ်သည့် ကိုဖိုးခွားက ပြောပါသည်။

“ ထိုင်းအာဏာပိုင်တွေ လာပြောနေတာက အခုဒုက္ခသည်စခန်း လုပ်ထားတဲ့ ကီလိုစီစွန်အရပ်ဟာ ရေ၀င်လာတော့မယ်လေ။ ဒါကြောင့် မြန်မြန်ပြောင်းခိုင်းနေတာပါ။ မဲခေါန်ဖက်မှာဆိုရင် အာဏာပိုင်တွေရဲ့ ဒုက္ခသည် စခန်းဖြစ်မှာမို့ နဲနဲတော့ အဆင်ပြေလိမ့်မယ်။ အခုကျနော်တို့က တခြားအရပ်မှာရှိတဲ့ မြန်မာတွေကို ပြောင်းရွှေ့ ဖို့ လိုက်လံနှိုးဆော်နေပါတယ်။ စခန်းကိုမသွားချင်တဲ့လူတွေ၊ နေရပ်ကိုပြန်ချင်တဲ့လူတွေကို ခွဲပြီး စီစဉ်ပေးနေပါတယ်။ အခုတလောပြန်တဲ့လူတွေ များလာနေတယ်လို့  ယူဆရပါတယ်။”ဟု ကိုဖိုးခွားကပြောပါသည်။

မဲခေါန် စခန်း၌လည်း အများဆုံးလူ (၅၀၀) ထက် ပိုမထားနိုင်ကြောင်း အာဏာပိုင်တွေက ပြောထားပါသည်။ ဒီထက်ပိုများလာပါက နောက်ထပ် စခန်းတခု ထပ်လုပ်ပေးရန် ဖြစ်ပါသည်။ လက်ရှိ ကီလိုစီစွန်အရပ်က ဒုက္ခသည် စခန်း၌ လူ(၃၀၀) ကျော်ရှိပြီး၊ တခြားနေရာသစ်မှ လူများနှင့် ပူးပေါင်းပါက မြန်မာရေဘေး ဒုက္ခသည် (၅၀၀)ကျော်မည် ဖြစ်ပါသည်။ နေရပ်ပြန်လို ကြသည့် လူများကိုလည်း မြန်မာသံရုံးက အခုအကူအညီ ပေးနေသည်ဟု ဆိုပါသည်။

“ ဒီလိုပါဗျ၊ အရင်ကတော့ ကျနော် မသိဘူးပေါ့နော်၊ အခုက နေရပ်ပြန်တဲ့သူတွေကို သံရုံးက ကူပေးပါတယ်။ ရွှေတွံတေး ဆရာတော် အရှင်ဝါယမကလည်း ပြန်တဲ့လူတွေကို လမ်းစရိတ် လူတဦးကို (၂၀၀)ပေးပါတယ်။ ကျန်တဲ့ အပိုင်းက တော့ သံရုံးက လုပ်ပေးပါတယ်။ အသေးစိပ်တော့ ကျနော်မသိရသေးဘူး။ သံရုံးအဖွဲ့ ဝင် ဗိုလ်မှူးနိုင်ထွန်း ဖုန်းနံပါတ်က (၀၈၂ ၇၇၉၀၇၇၂)ကို ဆက်သွယ်ပြီး မေးကြည့်နိုင်ပါတယ်။” ဟု ပြောပါသည်။

မြ၀တီမြို့ အထွက် မုဒ်ဝ (ဓါတ်ပုံ - အင်တာနက်)

အထူးသဖြင့် မဲဆောက် မြ၀တီ လမ်းဖက်ကနေ ပြန်နေကြပါသည်။ အရင်တုန်းကဆိုလျှင် ထိုင်းလူဝင်ကြီးကြပ်ရေး၏ ဖမ်းဆီး မှုကြောင့် အခက်အခဲဖြစ်ခဲ့ကြရ သော်လည်း နိုဝင်ဘာ (၃) ရက်နေ့တွင် နှစ်နိုင်ငံ လူဝင်မှု ကြီးကြပ်ရေး အရာရှိများ အပြန်အလှန် နားလည်မှုများ ရရှိခဲ့သဖြင့် ရေဘေးခရီးသည်များ အဆင်ပြေချောမွေ့ လာခဲ့သည်ဟု သိရပါသည်။
Source by :http://www.phophtaw.org
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။