Home » » နန်မြတ်ဖြိုးသင်း ၏ လတ်တလော စိတ်ကြိုက် ဖက်ရှင်

နန်မြတ်ဖြိုးသင်း ၏ လတ်တလော စိတ်ကြိုက် ဖက်ရှင်

Written By မောင်စေတနာ on Thursday, November 10, 2011 | 11:30:00 AM



ယခုတစ်ပတ် လတ်တလောစိတ်ကြိုက်ဖက်ရှင်ကဏ္ဍ ရိုက်ကူးရန် စိမ်းလန်းစိုပြေပန်းဥယျာဉ်သို့ ရောက်ရှိသွားချိန်၌ ကျဲကျဲတောက်ပူနေသည့် ရာသီဥတုမှ မိုးသားများအပြည့်နှင့် ရာသီဥတုသို့ ရုတ်တရက် ကူးပြောင်း သွားခဲ့သည်။

မိုးဖွဲလေးများ စတင်ကျဆင်းနေချိန်တွင်ပင် ယခုတစ်ပတ်ကဏ္ဍအတွက် ရိုက်ကူးရန် စတင်ပြင်ဆင်ဖြစ်ခဲ့သည်။ ပါဝင်ပေးမည့်သရုပ်ဆောင်မော်ဒယ်လ်က ၂၀၀၈ ခုနှစ်၏ အကယ်ဒမီဗန်းကိုင်တစ်ဦးအဖြစ် ပါဝင်ခဲ့သလို အလုပ်သင်ဆရာဝန်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူ နန်းမြတ်ဖြိုးသင်းပင်ဖြစ်သည်။

နန်းမြတ် ဖြိုးသင်းပြောပြခဲ့သည့် သူမ၏စိတ်ကြိုက်ဖက်ရှင်မှာ ''နန်းမြတ်က ဖက်ရှင်စိတ်ကူးကို ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ်ဖြစ်တာကို သဘောကျတယ်။ ဒါကြောင့် စိတ်ကြိုက်ဖက်ရှင်ကဏ္ဍအတွက်လည်း ပေါ့ပါးစေ တဲ့ဖက်ရှင်မျိုးကိုပဲ ရွေးချယ်ထားပါတယ်။ ပထမ၀တ်စုံလေးက ခဲရောင် ဂါဝန်အတိုလေးပါ။ ဂါဝန်လေးက ရှင်းရှင်းလေးကိုမှ ပုခုံးမှာအမည်းရောင်ကြိုးလေးတွေ ဖွထားတဲ့ ဒီဇိုင်းလေးပါ။ ဒီဇိုင်းပိုဆန်းသွားအောင် ခါးပတ်အမည်း ရောင်လေး ပတ်ထားပါတယ်။ လေဒီရှူး ခဲရောင်လေးစီးထားပြီး အိတ်ကိုလည်း ခဲရောင်အိတ်လေးလွယ်ထားပါတယ်။ ဒီဝတ်စုံက ပေါ့ပေါ့ပါးပါးရှိတဲ့ ဖက်ရှင်မျိုးလေးပေါ့။

ဒုတိယ၀တ်စုံလေးကတော့ အင်္ကျီက တီရှပ်လက်ရှည် အဖြူရောင်လေးကိုမှ ချည်သားအစစ် ဘောင်းဘီအဖြူရောင်လေးနဲ့ တွဲဝတ်ထားတာပါ။ accessories အနေနဲ့တော့ handmade ဆွဲကြိုးလေးနဲ့ ခါးပတ်လေးကို ဆင်တူပတ်ထားပါတယ်။ ဖိနပ်ကိုတော့ အသား ရောင်ဒေါက်အမြင့်ကိုမှ အပေါ်က သံမှိုတွေပါတဲ့ဒီဇိုင်းလေး စီးထားပါတယ်။

ဒီဝတ်စုံလေးကတော့ ပူပြင်းတဲ့ အချိန်ကာလနဲ့လိုက်ဖက်တဲ့ ၀တ်စုံဒီဇိုင်းလေးပါ။ မိတ်ကပ်ကို တော့ ကျော်ကျော်လတ်(ဒီဇင်ဘာနှင်း) က ပြင်ပေးထားပါတယ်။ မိတ်ကပ်တွေအများကြီး လိမ်းတာမျိုးထက် သဘာဝကျတဲ့ မိတ်ကပ်ပုံစံမျိုးလေး လိမ်းတာပိုကြိုက်တယ်။ ဒါကြောင့် အဲဒီပုံစံလေးပဲပြင်ထားပါတယ်'' ဟု ပြောပြခဲ့သည်။

သရုပ်ဆောင်မော်ဒယ်လ်တစ်ဦးအနေဖြင့် ဖက်ရှင်စိတ်ကူး အမြင်များနှင့်ပတ်သက်၍ ''ဖက်ရှင်ဆိုတာ လူတိုင်းအတွက် အရေးပါပါတယ်။ လူတစ်ဦးချင်းရဲ့ နေ့စဉ်ဘ၀မှာ ကိုယ်တစ်ဦးချင်းနဲ့ လိုက်လျောညီထွေဖြစ်တဲ့ ဖက်ရှင်မျိုးကို ရွေးချယ်ဖို့ လိုအပ်ပါလိမ့်မယ်။ နန်းမြတ်တို့ လို အများစိတ်ဝင်စားခံရတဲ့ သရုပ်ဆောင်မော်ဒယ်လ်တစ်ယောက်အတွက်တော့ ပိုပြီးအရေးပါပါတယ်။ နန်းမြတ်ကတော့ ကိုယ်ဝတ်ဆင်တဲ့အခါ သက်သောင့် သက်သာဖြစ်ပြီး ဖက်ရှင်ကျမယ့်ဒီဇိုင်းမျိုးကို အဓိကထား ရွေးချယ်ဖြစ်ပါတယ်''ဟု ဖက်ရှင် စိတ်ကူးနှင့် ပတ်သက်၍ ရှင်းပြခဲ့သည်။

မိုးဖွဲများအောက်က အေးမြသည့် ဖက်ရှင်စိတ်ကူးနှင့် ပါဝင်ပေးခဲ့သည့် သရုပ်ဆောင်မော်ဒယ်လ် နန်းမြတ်ဖြိုးသင်း၏ ဖက်ရှင်ရွေးချယ်မှုကို တင်ပြပေးရင်း အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်သည့် ကာလပြီးဆုံးပါ က ဇာတ်ကားများ စတင်ရိုက်ကူးရန် လက်ခံထားပါသည်ဟု အသိပေးပြောကြားသွားခဲ့ပါသည်။

Source by : http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။