Home » , » မြန်မာနိုင်ငံတွင် ပဉ္စမမြောက် ရင်ချင်းဆက် အမြွှာ ခွဲစိတ်ကုသမှု အောင်မြင်

မြန်မာနိုင်ငံတွင် ပဉ္စမမြောက် ရင်ချင်းဆက် အမြွှာ ခွဲစိတ်ကုသမှု အောင်မြင်

Written By မောင်စေတနာ on Saturday, November 12, 2011 | 10:00:00 PM



၂၀၀၉ ခုနှစ် ဇန်န၀ါရီလ ၂၅ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး လောင်းလုံမြို့နယ်တွင် မွေးဖွားခဲ့သည့် မအင်ကြင်းခိုင်နှင့် မအင်ကြင်းလှိုင် ရင်ချင်းဆက်အမြွှာအား ၂၀၁၁ ခုနှစ် နိုဝင် ဘာလ ၉ ရက်နေ့က ခွဲစိတ်ခဲ့ရာ ခွဲစိတ်ကုသမှုလုပ်ငန်း အောင်မြင်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်ကလေးဆေးရုံကြီး၊ တိုးချဲ့ဆောင်တွင် နိုဝင်ဘာလ ၉ ရက်နေ့၊ နံနက် ၆ နာရီ ၅၀ မိနစ်တွင် ခွဲစိတ်မှု စတင်ပြင်ဆင်ခဲ့ပြီး နံနက် ၉ နာရီ ၁၀ မိနစ်တွင် ပါမောက္ခဒေါက်တာထူးဟန် က စတင်ခွဲစိတ်ပေးခဲ့ရာ နံနက် ၁၀ နာ ရီ ၁၁ မိနစ်တွင် သီးခြားစီခွဲထုတ်နိုင်ခဲ့ကြောင်း၊ ခွဲစိတ်ဆရာဝန်များအဖွဲ့ ၁ နှင့် ၂ တို့မှ ရင်ချင်းဆက်ခွဲစိတ်ပြီး နေရာများ ပြန်လည်ချုပ်ပေးမှုမှာ နံနက် ၁၁ နာရီ မိနစ် ၃၀ တွင်ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။

မအင်ကြင်းခိုင် နှင့် မအင်ကြင်းလှိုင် တို့မှာ လက်ရှိတွင် ကျန်းမာရေး အခြေအနေ တိုးတက် ကောင်းမွန်လျှက်ရှိကြောင်း၊ ပါမောက္ခဌာနမှူးများပါဝင်သည့် အထူးကြပ်မတ်ကုသရေးအဖွဲ့ က ဆက်လက်၍ ကျန်းမာရေး စောင့်ရှောက် ပေးလျှက်ရှိကြောင်း သတင်းရရှိပါသည်။

ယခု မအင်ကြင်းခိုင်နှင့် မအင်ကြင်းလှိုင် ရင်ချင်းဆက်အမြွှာ ခွဲစိတ်ကုသမှုသည် မြန်မာနိုင်ငံတွင် ပဉ္စမအကြိမ်မြောက် ရင်ချင်းဆက်အမြွှာ ခွဲစိတ်ကုသမှုလုပ်ငန်း အောင်မြင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ၁၉၇၁ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ရင်ချင်းဆက်အမြွှာ မနန်းစိုး၊ မနန်းစံကို ပထမဆုံး အကြိမ်အဖြစ်လည်းကောင်း၊ အေးအေးငြိမ်း၊ အိအိငြိမ်းတို့အား ဒုတိယအကြိမ် အဖြစ်လည်းကောင်း၊ မိုးပပမောင်၊ မိုးပပအောင်တို့အား တတိယအကြိမ် အဖြစ်လည်းကောင်း၊ မစိုပြေလင်းနှင့် စိုပြေ၀င်းတို့အား စတုတ္ထအကြိမ်အဖြစ် လည်းကောင်း အထူးကုသမားတော်ကြီးများက အောင်မြင်စွာ ခွဲစိတ်ကုသ ပေးခဲ့ကာ မြန်မာ့ဆေးလောကသမိုင်း၌ မှတ်တိုင် စိုက်ထူခဲ့ပြီးဖြစ် သည်။

စိုပြေ၀င်း၊ စိုပြေလင်း ရင်ချင်းဆက် အမြွှာညီအစ်မနှစ်ယောက်ကို ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ခွဲစိတ်မှုပြုလုပ်ခဲ့ပြီး ညီမအငယ်ဖြစ်သူ စိုပြေလင်းမှာ ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၁၅ ရက်နေ့ ညနေပိုင်းတွင် ကျောက်ကပ်ရောင်ဝေဒနာဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

Source by :http://www.news-eleven.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။