Home » » အင်ဒိုနီးရှား အမျိုးသမီး ၁ ဦးအား မြန်မာလူမျိုး ၁ ဦးက တံခါးပိတ် နှိပ်စက်ခဲ့

အင်ဒိုနီးရှား အမျိုးသမီး ၁ ဦးအား မြန်မာလူမျိုး ၁ ဦးက တံခါးပိတ် နှိပ်စက်ခဲ့

Written By မောင်စေတနာ on Wednesday, November 2, 2011 | 3:19:00 PM



ဂျိုဟိုးဘရူး၌ အသက် ၃၇ နှစ်အရွယ်ရှိ အင်ဒိုနီးရှား အမျိုးသမီးတစ်ဦးသည် ပြည်နယ် လူဝင်မှုကြီကြပ်ရေးဌာနမှ သူမအား ကယ်ဆယ် ရန် သွားရောက်ခဲ့သည့်တိုင် သူမချစ်သူ၏ နှိပ်စက် နှင်းပန်းမှုကို ခံခဲ့ရပြီး အခန်းထဲတွင် သတင်းတစ်ပါတ်ခန့် သောခတ် ပိတ်လှောင်ထား ခြင်း ခံခဲ့ရသည်။

အသက် ၂၆ နှစ်အရွယ်ရှိ သူမ၏ချစ်သူ မြန်မာလူမျိုးတစ်ဦးသည် သူမနှင့် အခြားအမျိုး သားများ၏ ခင်မင်မှုအပေါ် သ၀န်တိုခဲ့သည်ဟု သိရသည်။
ပြည်နယ်လူဝင်မှု ကြီးကြပ်ရေးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဂါဂျန်ဒရာ ဘာ ဟာဒူမှ ပြောကြားရာတွင် အိမ်နီးချင်းများက အဆိုပါ အမျိုးသမီး၏ ချစ်သူနှင့် ဘင်္ဂလားဒေ့ရှ် အိမ်ဖော်တစ်ဦးအား အခန်းအတွင်း၌ တွေ့ရှိခဲ့ ကြောင်း၊ အမျိုးသမီးကိုမူ ပြတင်းပေါက်နှင့် ကွယ် နေသောကြောင့် သေချာမမြင်ရကြောင်း သိရ သည်ဟု ဆိုသည်။
“အမျိုးသမီးတစ်ဦး ငိုပြီးအကူအညီ တောင်းတဲ့အသံကို ကြားရတယ်ဆိုတဲ့ ပြည်သူ တွေရဲ့ သတင်းပေးချက်အရ နေ့လည် ၁း၀၀ နာရီလောက်မှာ ကျွန်တော်တို့ အဲဒီအိမ်ကို ၀င်ရောက်စစ်ဆေးခဲ့ပါတယ်။ အရာရှိက အခန်း သော့ကိုဖျက်ပြီး ၀င်ကြည့်တော့ လက်နဲ့ ခန္ဓာ ကိုယ်တွေမှာ ပွန်းပဲ့ဒဏ်ရာတွေနဲ့ အမျိုးသမီးတစ် ဦးကို တွေ့ပါတယ်” ဟု ဂါဂျန်ဒရာက ဆိုသည်။

“ကျွန်တော်တို့ ရုတ်တရက်ဝင်ရောက် စီးနှင်းတဲ့အခါ သူမရဲ့ချစ်သူက တက္ကစီနဲ့ ထွက် ပြေးဖို့ ကြိုးစားခဲ့ပေမယ့် ရဲအရာရှိတွေက ကားကို တားနိုင်ခဲ့ပြီး အိမ်ထဲမှာ ရှိနေတဲ့ အသက် ၂၅ နှစ်အရွယ် အိမ်ဖော်တစ်ဦးကိုလည်း ထိန်းသိမ်း ထားခဲ့တယ်” ဟု ၎င်းမှ ထပ်လောင်း ပြောကြားခဲ့ သည်။

ဖြစ်စဉ်အား စစ်ဆေးမေးမြန်းသည့်အခါ သူမ၏ချစ်သူသည် အခြားအမျိုးသားများနှင့် ခင် မင်မှုအပေါ် သ၀န်တိုခဲ့ပြီး ၎င်းတို့နှင့် မတွေ့ဆုံ စေလိုသောကြောင့် အခန်းတံခါး သော့ပိတ်ကာ ထားခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့စုံတွဲသည် လွန်ခဲ့ သည့် ၆လခန့်က တွေ့ဆုံခဲ့ကြသူများဖြစ်ကြောင်း သိရှိရသည်။

Source by :ပီကေ (သတင်းကွန်ယက်)
Ref: the Star
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။