Home » » လက်မှတ်မရှိသည့်​ မြန်မာ အလုပ်သမား​များ​ကို မဟာချိုင် လဝက အဖိုး​အခ ပိုယူပြီး​ပို့ဆောင်

လက်မှတ်မရှိသည့်​ မြန်မာ အလုပ်သမား​များ​ကို မဟာချိုင် လဝက အဖိုး​အခ ပိုယူပြီး​ပို့ဆောင်

Written By မောင်စေတနာ on Wednesday, November 2, 2011 | 12:30:00 PM



ထိုင်း ​နိုင်ငံ ဘန်​ကောက်မြို့​အနီး​ မဟာချိုင်​ဒေသက အလုပ်သမား​မှတ်ပုံတင်မရှိတဲ့​ မြန်မာအလုပ်သမား​တွေကို မဟာချိုင် လဝကရဲ​တွေက အဖိုး​အခပိုယူပြီး​ ပို့​ပေး​နေတယ်လို့​ သိရပါတယ်။

ရေ​ဘေး​ရှောင် မြန်မာ​တွေထဲက အလုပ်သမား​မှတ်ပုံတင် မရှိသူ​ရော၊​ မှတ်ပုံတင်ရှိ​ပေမယ့်​ နယ်​မြေဖြတ်သန်း​ခွင့်​မရတဲ့​ အလုပ်သမား​တွေကိုပါ မဟာချိုင် လဝကရဲ​တွေက သာမန်ထက် ငါး​ဆ​လောက် အဖိုး​အခပိုယူပြီး​ ကရင်ပြည်နယ် မြဝတီ တဖက်ကမ်း​က မဲ​ဆောက်ကိုပို့​ပေး​နေတာလို့​ မြန်မာအလုပ်သမား​အ​ရေး​ ဝန်​ဆောင်မှု​ပေး​နေတဲ့​ HRDF ​ခေါ် လူ့​အခွင့်​အ​ရေး​နဲ့​ဖွံ့​ဖြိုး​ရေး​ဖောင်​ဒေး​ရှင်း​အဖွဲ့​ (မဟာချိုင်)ဝင် ကိုစစ်သူက ​ပြောပါတယ်။

“ဘယ်လိုပို့​ပေး​လဲဆို​တော့​ ပိုက်ဆံတ​ယောက်ကို ၂၄၀၀ ​ပေး​ရတယ်။ ပတ်စပို့​ရှိတဲ့​ လူတ​ယောက်အ​နေနဲ့​မော်ချစ်မှာ ကား​သွား​စီး​တယ်ဆိုရင် တ​ယောက်ကို ၄၀၀ ပဲထား​လိုက်။ မဲ​ဆောက်​ရောက်တယ်​လေ။ ​အေး​အေး​ဆေး​ဆေး​သွား​ရတယ်။ ဒီမှာ ၂၄၀၀ ဘတ်​ပေး​ပြီး​ စီး​ရတာက ရိုး​ရိုး​ ၆ ဘီး​ကား​၊​ လိုင်း​ကား​အရှည်တစီး​ကို လူ အ​ယောက် ၁၅၀ တင်တယ်။ အခု မဟာချိုင်မှာ ပျမ်း​မျှ တ​နေ့​ကို လူတ​ထောင် ပြန်တယ်။ ​ရေမလာ​သေး​ဘူး​၊​ လူ​တွေက ​ကြောက်ပြီး​ပြန်ကြတယ်။”

ဒါ့​အပြင် ​ရေ​ဘေး​ရှောင်လာတဲ့​ မြန်မာအလုပ်သမား​တွေကို မဲ​ဆောက် လဝကရဲစခန်း​မှာ ယာယီထိန်း​သိမ်း​ထား​တုန်း​ အစာ​ရေစာမ​ပေး​ တဲ့​သတင်း​တွေ ထွက်​ပေါ်​နေတာနဲ့​ပတ်သက်ပြီး​ မဲ​ဆောက်အ​ခြေစိုက် NGO ​တွေက လဝကနဲ့​ ဒီ​နေ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ကြပါတယ်။

တွေ့​ဆုံ​ဆွေး​နွေး​ ပွဲမှာပါတဲ့​ MAP ​ဖောင်​ဒေး​ရှင်း​အဖွဲ့​ တာဝန်ရှိသူ မစ္စတာ စူထိစတ် ရုန့်​ရန်း​ဖာစွတ်က “က​လေး​ရဲ နို့​မှုန့်​တွေ၊​ ပြီး​တော့​ က​လေး​ အ​ပေါ့​အ​လေး​သွား​ဖို့​ခွက်​တွေ၊​ က​လေး​တွေဟာ ခံခွက်မရှိ​တော့​ ဟိုချီး​ပါ ဒီ​သေး​ပေါက်​ပေါ့​။ အမျိုး​သမီး​သုံး​တဲ့​ ပစ္စည်း​တွေ အဓိကလိုတယ်။

နောက်ပြီး​တော့​ ​ရေက အရမ်း​လိုတယ်တဲ့​။ ထမင်း​က ဟိုနည်း​နည်း​ ဒီနည်း​နည်း​လာ​နေတာ​ပေါ့​နော်။ ​နောက် ​ခေါင်း​ကိုက်​ဆေး​တို့​ကို NGO အဖွဲ့​တွေအ​နေနဲ့​ အကူအညီ​ပေး​ရင် အရမ်း​ကောင်း​မှာပဲတဲ့​ သူတို့​ပြောတာ” လို့​ ဆိုပါတယ်။

မဲ​ ဆောက်လဝကစခန်း​ကို လိုအပ်တဲ့​အကူအညီ​တွေ ​ပေး​ဖို့​ မဲ​ဆောက် NGO ​တွေက အစည်း​အ​ဝေး​တရပ် ​ခေါ်ယူမယ်လို့​လည်း​ မစ္စတာ စူထိစတ်က ​ပြောပါတယ်။

ထိုင်း ​အစိုး​ရရဲ့​နောက်ဆုံး​ထုတ်ပြန်ချက်မှာ ​ရေ​ဘေး​ကြောင့်​ ​သေဆုံး​သူ ၃၈၄ ​ယောက်ရှိပြီး​ ဘန်​ကောက် အနီး​ခရိုင်​တွေက ​ရေ​ဘေး​ခိုလှုံ​ရေး​ စင်တာ​တွေဆီကို ဘန်​ကောက်​မြောက်ပိုင်း​နဲ့​အ​နောက်ပိုင်း​ ရပ်ကွက်ဇုန် ၇ ခုက လူ ၄ ​သောင်း​ကျော်ကို ​ရွှေ့​ပြောင်း​လိုက်ရပြီလို့​ဆိုပါတယ်။

ထိုင်း​နိုင်ငံ မြို့​တော် ဘန်​ကောက်မှာ ရပ်ကွက်ဇုန် ၅၀ ရှိပြီး​ လူဦး​ရေ ၁၀ သန်း​ကျော် ရှိပါတယ်။

Source by :http://burmese.dvb.no
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။