Home » , , » နိုင်ငံခြားရောက် မြန်မာ တွေ နဲ့  စိတ်ကျရောဂါ (အပိုင်း ၁) စင်္ကာပူ

နိုင်ငံခြားရောက် မြန်မာ တွေ နဲ့  စိတ်ကျရောဂါ (အပိုင်း ၁) စင်္ကာပူ

Written By မောင်စေတနာ on Wednesday, November 23, 2011 | 4:30:00 AM



FNG။ ။နိုင်ငံတကာ တွင် သွားရောက် အလုပ်လုပ် ကိုင် နေရသည့် မြန်မာ များ သည် ကမ္ဘာလုံး စီးပွားရေးပျက်ကပ်၏ အကျိုးဆက် ဖြင့် အလုပ် အကိုင် များ ရှား ပါး လာခြင်း ၊ ၀င်ငွေ ထွက်ငွေ မမျှ တခြင်းစသည့် အကြောင်း များ ကြောင့် မွန်းကျပ်မှု ၊ စိတ်ထွက် ပေါက်မှု နှင့် စိတ်ဓာတ်ကျဆင်း မှု နှင့်စိတ်ဖိစီးမှု များ ဖြစ်ပေါ် လာခဲ့ သည်။

အထူးသဖြင့် စိတ်ဓာတ် ကျဆင်း မှု ရောဂါ မှာ စင်္ကာပူ လို ၊ တောင် ကို ရီးယား လို နိုင်ငံ များ တွင်အဖြစ်များ သည်။ နိုင်ငံ သေးငယ် ပြီး အပန်း ဖြေစရာ နည်းပါးသော ကြောင့် ဌာနေ နိုင်ငံ သား များကိုယ် တိုင် စိတ်ဓာတ် ကျဆင်း မှု ရောဂါ များ ကြုံ တွေ့ နေရ ပြီး မိမိ ကိုယ် ကို သတ်သေခြင်းများ၂၀၀၇ ခုနှစ် မှ စတင် ကာ စင်္ကာပူ တွင် သုံး ဆ တိုးပွား လာပြီး ၊ တောင် ကိုရီးယား တွင် နှစ်ဆတိုး ပွား လာခဲ့ Time မဂ္ဂဇင်း ၏ မေလ ပထမပတ် ထုတ် စစ်တမ်း တစ်ရပ် တွင် ဖော် ပြထား သည်။

စင်္ကာပူရောက် မြန်မာ လူမျိုး တို့  လည်း အဆို ပါ လူမှု အကျပ်အတည်း ၏ ဒဏ် က တစ်နည်းတစ် ဖုံ ရိုက်ခတ် မှု ရှိရာ စင်္ကပူ နိုင်ငံ တွင် ၁၀ နှစ် နီးပါးကြာ ဟိုတယ်နှင့် ခရီး သွား လာရေး ၀န် ဆောင်မှု လုပ်ငန်း တွင် လုပ် ကိုင် နေသည့် မ အေးထက်စံ က ” ဒီမှာ က အပြိုင် အဆိုင် များ တယ် အလုပ်ကို ပြိုင် ကြတယ်၊ နောက် အ၀တ် အစား ၊ လူနေ မှု အပြင် …ငါ့ ဘဲက ဘယ် လို …သူ့ ဘဲ က ဘယ်လို စသည် ဖြင့် ပြိုင်ကြတယ်။

တစ်ချို့  အလုပ်လာလုပ် တဲ့ မြန်မာ ကောင် မလေး တွေ ဒီမှာ အဆင်ပြေ ပြီး အိုင်တီ နယ်ထဲ မှာ ကျင်လယ် နေတဲ့ ဘဲ မိုက်မိုက် ကလေး တွေ ရရင် ဂုဏ်ရှိ တယ် လို့  ထင်နေကြတယ်။ ကလပ် တွေ သွား ကြ ၊ ရွှေ တွေ စု ရပ် မှာ အချင်း ပြန်ကြွား ကြ နောက် ပြတ် လို့ ရှိရင် ရှက် ပြီး အလုပ် တွေ မဆင်း နိုင် ၊ အလုပ် တွေ ပြုတ် ကြ တစ်ချို့ လည်း မြန်မာ ပြည်ကို ပြန်လမ်းဘေး ရောက် သွား တာ တွေ လဲ ရှိ တယ် လို့  FNG ကို ပြောသည်။

ယခင် ကစင်္ကာပူရှိ မြန်မာ သံရုံး ၏ အခွန် နှစ်ထပ် စနစ် က လည်း စင်္ကာ ပူ ရောက် မြန်မာ တို့  ကိုပိုပြီး ဖိစိးမှု ဖြစ်စေသည် ဟု သိရသည်။ “ကျွန်တော် တို့ က သက်ဆိုင်ရာ နိုင်ငံ အတွက် လည်း ဆောင်ရတယ်။ မြန်မာ သံရုံး ကိုလည်း ဆောင်ရတယ်။ ရှာသမျှ ငွေ ဘာမှ မကျန် ဘူး ဟု ပြောသည်။မကျေနပ် လို့  မြန်မာ ပြည် ပြန် မယ် ဆို လဲ အလုပ် မရှိ ဘူး ” စင်္ကာပူ ရှိ သင်္ဘော ကျင်း တွင် တာဝန်ထမ်းဆောင် နေ သည့် ကို ဌေးဇော်ဦး က သူ၏ ခံစား ရမှု ကို ပြောသည်။

စင်္ကာပူ နိုင်ငံ တွင် အလုပ်လုပ် ကိုင် နေသည့် မြန်မာ အများစု မှာ မြန်မာ နိုင်ငံ ၏ လူလတ်တန်းစားအလွှာ မှ အများဆုံး ဖြစ်ပြီး အများစု မှာ ၎င်း တို့  ၏ လုပ် ခ လစာ များ ကို မြန်မာ နိုင်ငံ ရှိ ဆွေ မျိုးသားချင်း နှင့် မိဘ များ ထံ သို့  ပြန်လည် ပို့ ဆောင် ကြရ ပြီး အချို့ က မူ ၎င်း တို့ လာရောက် စဉ်ကငွေချေး ငှား လာကြသည့် ဘဏ် များ နှင့် အကျိုးဆောင် ဧဂျင် စီ များ ကို ပြန်လည် ပေး ဆပ်ရသည်။

ငွေကြေး တတ် နိုင်စွာ လာရောက် သူ တို့  အတွက် အခက် အခဲ မရှိ သော် လည်း ငွေ ကြေး အဆင်မပြေ မှု ကြောင့် ချို့  တဲ့ စွာ လာရ သူ များ မှ အခက် အခဲ အချို့ ကို ပို ရင်ဆိုင်ရ ပြီး ထိုကြုံတွေ့ ရမှုများ ကို ခံနိုင်ရည် စွမ်း မရှိ သည့် အခါ ဒုက္ခရောက် ကြရသည် ။

စင်္ကာပူ နိုင်ငံ တွင် မြန်မာ စားသောက် ဆိုင် ဖွင့် လှစ် ထား သူ တစ်ဦးက ဒီမှာ ရောက်လာတဲ့ လူငယ်တွေ မှာ တစ်ချို့  က အပျော်ဘက် ရောက် သွား ပြီး အသုံး အဖြုန်း များကြ ရာ ကနေ မဖြစ်သင့်တာတွေ ဖြစ်တယ်။ စင်္ကာ ပူ ထောင် ထဲ မှာ မြန်မာ တွေ ရှိတယ်၊ ဒီမှာ အဆင် မပြေ လို့  မလေးရှားဘက်ကို စတေးရှောင် သွား တဲ့ သူ တွေ ရှိတယ်။

နိုင်ငံ ရပ်ခြား ဆိုတော့ ကိုယ့် မြန်မာ ပြည်လို မဟုတ် ဘူး ၊ သတိထားရတယ် ၊ အသွား မတော်တစ်လှမ်း ပဲ ” သူက FNG သို့  ပြောသည်။ စင်္ကာပူ ရှိ မြန်မာ အသိုင်း အ၀ိုင်း တွင် လတ်တလော ဉ် ရေပန်း စား နေသည့် သတင်း မှာ တိုက်ပေါ်မှ ခုန် ချကာ မိမိကိုယ် ကို သတ်သေသွား သည့် မရင်ငြိမ်းပွင့် ၏ သတင်း ပင် ဖြစ်သည်။

မရင်ငြိမ်းပွင့် ၏ သတင်း နှင့် ပတ်သက် ပြီး စင်္ကာပူ SAE ရှိ ကိုအောင် က ” ကြားတယ်ဗျာ၊ စိတ်မကောင်းဘူး ၊ ဒီမှာ က အခန်း တွေ ဌား ပြီး စု နေကြရတာ လေ တသီးပုဂ္ဂလ လွတ်လပ် မှု သိပ်မရှိဘူး ၊စိတ်ညစ်ပြီ ဆိုရင် ပိုပြီး ညစ်ဖို့  ဘဲ ရှိတယ်။ ပျော်စရာ ရှိ ရင် လဲ ပို ပျော်ရတယ် ” ဟု သူ၏ စင်္ကာပူ အတွေ့ အကြုံ ကို ပြောပြသည်။

မြို့  ပြ ၏ မွန်းကျပ်မှု ဒဏ် မှာ အရှေ့ တောင် အာရှ နိုင်ငံ များ ဉ် စင်္ကာ ပူ သည် အဆိုးရွား ဆုံး ဖြစ်ပြီးအထူး သဖြင့် မြန်မာ မိန်းကလေး ငယ် များ မှာ ကွဲပြား ခြားနား သော ယဉ်ကျေး မှု ၊ လုပ်ငန်းခွင်ဖိ စီး မှု တို့  ၏ သားကောင် များ ဖြစ်ရသည်။

အချို့  က ထိုမွမ်းကျပ် မှု မှ လွတ်မြောက် ရန် တဒင်္ဂ သာ ယာ မှု များ နောက် လိုက်ရင်း မိမိ ကိုယ်ကို လောင်မြိုက် ခံ သွား ကြ ရသည်။ စင်္ကာပူ ရှိ မြန်မာ ဘလောက်ဂါ တစ်ဦး ကမူ ” မရင် ငြိမ်းပွင့် ၏သ တင်း က သူ တစ်ဦး တည်း ကို ကိုယ်စား ပြုတာ မဟုတ် ဘူး စင်္ကာ ပူ က မြန်မာ လူမျိုး တစ်ချို့ အထူး သဖြင့် မြန်မာ လူငယ် တွေ ရဲ့  ဘ၀ သရုပ် မှန် ပဲ ဟု သူ ၏ အမြင် ကို FNG သို့ ပြောသည်။

မြန်မာ နိုင်ငံ ကဲ့ သို့  ပင် နိုင်ငံရေး ရာသီဥတု မျိုး ဖြစ်သည့် စင်္ကာပူ သည် မြန်မာ လူငယ် တို့ အတွက် လွတ်လပ် သည့် နေရာ တစ်ခု မဟုတ် ပဲ မိခင် တိုင်း ပြည်၏ ချွတ် ချုံ ကျသည့် စီးပွား ရေး ကြောင့်ခရီး တစ်ထောက် နားရာ နေရာ ဖြစ်သည် ကို အစဉ် နှလုံး သွင်းထား ရမည် ဖြစ်သည်။

Source by :http://freedomnewsgroup.com/
Share this article :

1 comments:

မဒမ်ကိုး said...

အောင်မလေး မှန်လိုက်တာ မှန်လိုက်တာ
အဲလောက်မှန်တဲ့သတင်း ဖဘမှာပါရှယ်ရမှာ အကိုရေ
ကောင်မလေးတွေ အဲလိုအဲလိုနဲ့ ကွဲပြဲ ရွဲပြီး
ဖြစ်ချင်တိုင်းဖြစ်နေကြတာတွေ မြင်လို့တောင်မကောင်းတော့ဘူး.
ယောကျာင်္းလေးတွေကလဲ မိန်းခလေးတွေကိုအရမ်းလွယ်နေတော့ စိတ်ကြိုက်ကစား
ပြိုင်ကြဆိုင်ကြ ဘုရားမေ့ တရားမေ့နဲ့
စကာင်္ပူရောက်ဘ၀မေ့မြန်မာများလို့ တောင်ရေးရတော့မယ် ဆိုရှယ်ကျချက်ကလဲလန်ထွက်နေကြတာပဲ .
သုံးလိုက်ကြတဲ့ပိုက်ဆံ
ပြန်လာတော့ မနက် လင်းအားကြီး
ဒိုးကန်တို့လို အဘွားကြီးတွေ အာရုံနောက်တယ် အိပ်ရေးပျက်တယ် ခံစားနိုင်ဘူး .

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။