Home » » နိုင်ငံခြား စာသင်သံဃာများ ရေဘေးဒုက္ခ ကြုံနေရခြင်း

နိုင်ငံခြား စာသင်သံဃာများ ရေဘေးဒုက္ခ ကြုံနေရခြင်း

Written By မောင်စေတနာ on Thursday, November 24, 2011 | 8:30:00 PM



ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှိ မဟာချိုင်ဒေသ ၀တ်တလွန်ကျောင်းမှာ သတင်းသုံးနေသော နိုင်ငံခြားသား စာသင်သံဃာ (၁၂၃) ပါးဟာ ရေဘေးကြောင့် စားနပ်ရိက္ခာ အခက်အခဲ ဖြစ်နေသည်ဟု မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ ချုပ်မှ ကူညီကယ်ဆယ်ရေးအဖွဲ့ ဝင် တဦးဖြစ်သူ ကိုဖိုးခွားကပြောပါသည်။ ဤအခက်အခဲကို ၀က်တလွန်ကျောင်း၌ သတင်း သုံးနေသော အရှင်ဦးပုညက မြန်မာဒကာဒကာမများထံမှ အကူအညီတောင်းခံပြီး၊ လိုက်လံအကူအညီပေးနေသည်ဟု ဆိုပါသည်။

“အရှင်ဦးပုည ကတော့ ၀က်တလွန်မှာကျောင်းမှာ စာသင်နေတယ်လေ။ ရေကြီးလို့ ရေလွတ်ရာ မဟာချိုင်အနောက် ဖက်ခြမ်းကို ပြောင်းရွေ့လိုက်ပါတယ်။ ကျန်ရစ်နေတဲ့ နိုင်ငံခြားသား သံဃာတွေရဲ့ အခြေနေတွေကို သိလို့ ဒကာ၊ ဒကာမတွေထံ အလှူခံပြီး အဲဒီဒုက္ခဖြစ်နေတဲ့ သံဃာတွေကို ဆန်၊ ငါးသေတ္တာ၊ ခေါက်ဆွဲထုတ်၊ ရေသန့်ဗူး တွေကို သွားရောက်လှူတန်းခဲ့တာ (၃)ကြိမ် ရှိနေပြီးဖြစ်သည်ဟု”ဆိုပါသည်။

ဘန်ကောက်မြို့ ရေဘေးအခြေအနေနှင့် ပါတ်သက်ပြီး၊ ထိုင်းဝန်ကြီးချုပ်ကလည်း ရေဘေးမှ မကြာခင် ကင်းဝေးတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ သက်ဆိုင်ရာ ခရိုင်မှူးများ အပါဝင် စစ်တပ်ကိုလည်း၊ ဖြစ်ပေါ်လာမဲ့ အခြေအနေကို စောင့်ကြည့်ခိုင်းပါသည်၊ အခြေအနေမှာ ပိုမိုကောင်းမွန်လာနေပြီးဟု ဆိုပါသည်။ အလားတူ မဟာချိုင်ဒေသ၌လည်း၊ ရေလျော့ကျ လာနေခဲ့ပါသည်။

“ရေတော့ ကျတော့ကျတယ်။ ကျတာကလည်း တ၀က်လောက်တောင်မှ မရှိသေးဘူး။ အရင်တစ်ခေါက်ကတော့ မြန်မာသံဃာတွေ ရှိသေးတယ်။ အခုအကြိမ်ကတော့ မြန်မာစာသင်သား သံဃာတွေကတော့ တစ်ပါးမှ မရှိတော့ဘူးလေ။ ရေကြီးလို့ နီးစပ်ရာမြန်မာရွေ့ပြောင်း အလုပ်သမားတွေရဲ့ အနီးနားမှာ သူ့အဆက်သွယ်နဲ့ သူနေထိုင်ကြသလို ဘန်ကောက်မြို့ရဲ့ ရေမရောက်တဲ့ နေရာမှာလည်း အဆင်ပြေသလို အခန်းစုငှားပြီး နေကြပြီးတော့ ရွေ့ပြောင်းနေထိုင်ကြ တာလည်း ရှိပါတယ်။ အဆက်သွယ်မရှိတဲ့ အင်ဒိုနီးရှား၊ ဖင်လန် နိုင်ငံခြားသား ဘုန်းကြီးတွေကတော့ ရေကြီးတဲ့ နေရာဖြစ်တဲ့ ၀က်တလွန်မှာပဲ ကျန်ရစ် နေကြတယ်လေ” ဟု ပြောပါသည်။

နိုင်ငံခြား ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်များအား ရေဘေး အကူညီပေးနေသော အဖွဲ့များက လာရောက်ကူညီပေးခဲ့သည်ကို မတွေ့ရှိရသော်လည်း မြန်မာအဖွဲ့တချို့ကသာ ကားနဲ့ လာရောက်ပြီး အကူညီပေးခဲ့သည်ဟု အရှင် ဦးပုည သထ္ထကပြောပါသည်။


မြန်မာသံဃာတော်များလည်း နီးစပ်ရာ မြန်မာအလုပ်သမားများကြား သတင်းသုံးတော်မူကြ (ဓါတ်ပုံ - အင်တာနက်)

ဝက်တလွန်းကျောင်း၌ မြန်မာရဟန်းတော် ၁၂၇ပါး ၊ ဘင်္ဂလာဒေ့ရှ် ၁၀၀ပါး ၊ ကမ္ဘောဒီယား ၂၅ ပါး၊ ကျန်သည့် အိန္ဒိယ၊ နီပေါ၊ လာအို၊ ရဟန်းသံဃာစုစုပေါင်း အပါး ၃၀၀ ကျော်ရှိပါသည်။ ယခုလိုရေကြီးချိန်၌မူ မြန်မာသံဃာတော်များက နီးစပ်ရာ မြန်မာအလုပ်သမားများ၏ ကြား၌ အဆင်ပြေစွာ သတင်းသုံးနိုင်သော်လည်း အဆက်သွယ်မရှိသည့် နိုင်ငံခြားသား သံဃာများမှာမူ ရိက္ခာအခက်အခဲများ ဖြစ်နေကြပါသည်။ ကူညီလိုသူများ ကိုဖိုးခွား (ဖုန်း(၀၈၁ ၁၀၃ ၆၃၇၅) ဖြစ်ပြီး၊ အရှင်ဝါယမ ဖုန်း 0804585128 တို့ကို ဆက်သွယ်နိုင်ပါသည်။

ထိုင်းနိုင်ငံ မဟာချိုင်ဘက်တွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမား (၄)သိန်းကျော် ရှိပါသည်။ ယင်းနေရာတွင် ရေးဘေး ဒုက္ခရောက်သူများသည် မြန်မာနိုင်သား အများစုဖြစ်သော်လည်း ဤ အထဲတွင် ရဟန်းသံဃာတော်များလည်း ပါဝင်နေပါသည်။ တချိန်ထဲ၌ နိုင်ငံခြား စာသင်သားရဟန်သံဃာတော်များလည်း ရေဘေးကြောင့် ဒုက္ခရောက် နေကြပါသည်။

Source by :http://www.phophtaw.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။