Home » » မြန်မာ သင်္ဘောသားများ အလုပ်လုပ်ကိုင်နေသော ကိုရီးယားသင်္ဘော နစ်မြုပ်

မြန်မာ သင်္ဘောသားများ အလုပ်လုပ်ကိုင်နေသော ကိုရီးယားသင်္ဘော နစ်မြုပ်

Written By မောင်စေတနာ on Wednesday, November 23, 2011 | 5:30:00 PM



နိုဝင်ဘာ ၂၁ရက်နေ့ ကိုရီးယားစံတော်ချိန် ညနေ ၄နာရီခန့်တွင် ကိုရီးယား သင်္ဘောကုမ္ပဏီ တခု ဖြစ်သော PANSTAR SHIPPING CO,LTD ပိုင် တန်ချိန် ၁သောင်း၅ထောင်ဆန့် BRIGHT RUBY အမည်ရှိ ကုန်တင်သင်္ဘောသည် တောင်တရုတ်ပင်လယ်တွင် နစ်မြုပ်မှု ဖြစ်ပွားခဲ့သည်။ မလေးရှားနိုင်ငံမှ ကုန်စည်များ တင်ဆောင်ပြီး တရုတ်နိုင်ငံသို့ ခုတ်မောင်းနေစဉ် ဟောင်ကောင်ဆိပ်ကမ်းနှင့် ကီလိုမီတာ ၃၅ဝခန့် အကွာအဝေးတွင် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

ထိုသင်္ဘောတွင် ကိုရီးယားနိုင်ငံသား ၉ဦး နှင့် မြန်မာနိုင်ငံသား ၁၂ဦး စုစုပေါင်း ၂၁ဦး စီးနင်းလိုက်ပါခဲ့ပြီး ထိုအနက်မှ ကိုရီးယားနိုင်ငံသား ၄ဦးနှင့် မြန်မာနိုင်ငံသား ၈ဦးတို့အား ကယ်ဆယ်နိုင်ခဲ့ကြပြီး ကိုရီးယား ၅ဦးနှင့် မြန်မာ ၄ဦးတို့မှာမူ ပျောက်ဆုံးနေဆဲ ဖြစ်သည်။

သင်္ဘောနစ်မြုပ်ရခြင်း အကြောင်းမှာမူ လက်ရှိအချိန်ထိ သိရှိနိုင်ခြင်း မရှိသေးပေ။ ပျောက်ဆုံးနေဆဲ သင်္ဘောသား ၉ဦးအား ဟောင်ကောင်နိုင်ငံမှ ရဟတ်ယာဉ်များ နှင့် ထိုသင်္ဘောနစ်မြုပ်သည့် နေရာ ဝန်းကျင်ရှိ သင်္ဘောများဖြင့် ပူးပေါင်းကာ အပူတပြင်း ရှာဖွေလျှက်ရှိကြောင်း သိရပါသည်။

ယခု နစ်မြုပ်သွားသော BRIGHT RUBY ကုန်တင်သင်္ဘောသည် ၂ဝဝ၈ခုနှစ် စက်တင်ဘာလက ဆိုမာလီးယား ပင်လယ်ဓါးပြများ၏ ပြန်ပေးဆွဲခြင်း ခံခဲ့ရပြီး ပြန်လည်လွတ်မြောက် လာသည့် သင်္ဘောဖြစ်သည်။ PANSTAR SHIPPING CO,LTD တွင် မြန်မာသင်္ဘောသား ၆၇ဦး အလုပ်လုပ်ကိုင်လျှက်ရှိသည်။

ကိုရီးယား သတင်းဋ္ဌာနများ၏ ထုတ်လွှင့်ချက်အား ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
ကိုလူချစ်(ကိုရီးယား)

Source by :http://burmainfokorea.blogspot.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။