Home » » အကြီးမားဆုံးပြိုင်ဘက် ရီးယဲကို ချီးကျူးလိုက်သည့် မက်ဆီ

အကြီးမားဆုံးပြိုင်ဘက် ရီးယဲကို ချီးကျူးလိုက်သည့် မက်ဆီ

Written By မောင်စေတနာ on Sunday, November 6, 2011 | 6:30:00 PM


အကြီးမားဆုံးပြိုင်ဘက် ရီးယဲကို ချီးကျူးလိုက်သည့် မက်ဆီ

ဘာစီလိုနာ အသင်း၏ တိုက်စစ်မှူး လိုင်ယွန်နယ်မက်ဆီက ၄င်းတို့၏ ပြိုင်ဘက် ရီးယဲမက်ဒရစ်သည် သြဂုတ်လ တုန်းတွင် စပိန်စူပါဖလားပွဲတွင် ဘာကာအသင်း အနိုင်ယူခဲ့ချိန်မှစကာ အလွန်ပင် တိုးတက်နေကြောင်း ထုတ်ဖော်ပြောသွားခဲ့သည်။

“မက်ဒရစ် အသင်းဟာ ဒီရာသီမှာ သူတို့ရဲ့ ရည်ရွယ်ချက်ဟာ ပိုမိုပြီး ကောင်းမွန်လာခြင်းနဲ့အတူ အသင်းဟာလည်း အရမ်းကို တောင့်တင်းနေပါတယ်။ အဲဒီလိုဖြစ်အောင်လည်း သူတို့ဟာ ဖန်တီးထားနိုင်ခဲ့ကြပါတယ်”ဟု သောကြာနေ့က မာကာနေ့စဉ်အားကစား သတင်းလွှာသို့ ပြောသွားခဲ့သည်။

“သြဂုတ်လကစပြီး သူတို့ဟာ တိုးတက်လာနေခဲ့သလို ပြီးခဲ့တဲ့ နှစ်ကထက်လည်း သူတို့ဟာ တောင့်တင်းခိုင်မာနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာလည်း ဒီအတိုင်းပါဘဲ” မက်ဒရစ် အခြေစိုက် အဆိုပါ သတင်းစာသို့ ပြောသွားခဲ့သည်။

ဂျိုစ့်မော်ရင်ဟို၏ အသင်းသည် လာလီဂါတွင် ရှစ်ပွဲအနိုင်ရရှိထားကာ ဘာကာထက် တစ်မှတ်အသာဖြင့် ဇယားထိပ်ကို ဦးဆောင်လျက် ရှိပြီး မနက်ဖြန်ခါတွင် အိုဆာဆူနာအသင်းနှင့် အိမ်ကွင်းတွင် ကစားရမည် ဖြစ်သည်။

ပြည်တွင်း ဖလား လေးနှစ်ဆက်ရ ဘာကာ အသင်းသည် တနင်္ဂနွေနေ့တွင် အက်တလက် တစ်ဘေဘောက် အသင်းနှင့် နောက်ကျ ရင်ဆိုင်ကစားရမည်ဖြစ်သည်။

ဘာကာ၏ ဘေဘောက်နှင့် ပွဲစဉ်တွင် တိုက်စစ်မှူး ဆန်ချက်တစ်ယောက် ပြန်လည် ပါဝင်လာမည်ဖြစ်သည်။

Source by :http://mutdfan.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။