Home » » ဘာကာကို ရင်ဆိုင်ဖို့ ဂိုးသမားဟောင်း ဗန်ဒါဆာက မန်ယူကို အကြံပေး စကားဆို

ဘာကာကို ရင်ဆိုင်ဖို့ ဂိုးသမားဟောင်း ဗန်ဒါဆာက မန်ယူကို အကြံပေး စကားဆို

Written By မောင်စေတနာ on Sunday, November 13, 2011 | 6:00:00 PM


ဘာကာကို ရင်ဆိုင်ဖို့ ဂိုးသမားဟောင်း ဗန်ဒါဆာက မန်ယူကို အကြံပေး စကားဆို

တကယ်လို့သာ ဘာကာအသင်းကို ဖြုတ်ချအနိုင်ယူဖို့ဆိုရင် မန်ချက်စတာယူနိုက်တက် အသင်းဟာ ဘာစီလိုနာအသင်း ဘယ်လို ကစားတယ်ဆိုတာကို လေ့လာဖို့ လုပ်ကို လုပ်ရပါမယ်လို့ ဥရောပချန်ပီယံ လိဂ်ဖလား နှစ်ကြိမ်ဆွတ်ခူးဖူးသည့် ဗန်ဒါဆာက ပြောကြားလိုက်သည်။

အဆိုပါ ဒတ်ခ်ျလူမျိုး ဂိုးသမားကြီးသည် အနာဂတ်မှာ ဘာကာအသင်းကို အနိုင်ယူဖို့ မန်ယူဟာ ကြိုးစားမယ်ဆိုရင် စံနစ်တကျနဲ့ အစီအစဉ်တွေကို ကြိုတင် ပြုလုပ်စဉ်းစားထားရမည် ဖြစ်ကြောင်း ဆက်လက် ပြောသွားခဲ့သည်။

“ကျွန်တော်တိုဟာ တစ်ဦးချင်းအပြောနဲ့ ပြောရရင် ဘောလုံးကိုင်တွယ်တဲ့နေရာမှာ ဒီထက်ပိုပြီး လုပ်ဖို့ လိုနေပါတယ်။ အချိန်အကြာကြီး ဆွဲကစားဖို့မဟုတ်ပါဘူး။ ဘောလုံး ထိန်းသိမ်းဖြန့်ဝေတဲ့ အပိုင်းမှာ ကျွန်တော်တို့ ကွင်းလယ်ဟာ လိုအပ်မှုတွေ ရှိနေပါတယ်။ တကယ်လို့သာ အဲဒီ အချက်ကို လုပ်လိုက်နိုင်မယ် ဆိုရင် သေချာပါတယ် ဘာကာကို ဒီနှစ် ကျွန်တော်တို့ နိုင်ပါပြီ”

“ဘာစီလိုနာကို ရင်ဆိုင်ခဲ့ရတဲ့ ဒီနှစ် ဖိုင်နယ်မှာ ကျွန်တော်တို့ အရေးနိမ့်ခဲ့ပါတယ်။ မျှော်လင့်ရတာတော့ ဒီရာသီမှာ ကျွန်တော်တို့ တိုးတက်မယ်ပေါ့”ဟု ပြောသွားခဲ့သည်။

အသက် ၄၁ နှစ်အရွယ် ဂိုးသမားကြီးသည် မန်ချက်စတာယူနိုက်တက်နှင့် ခြောက်နှစ်တာမျှ ကုန်ဆုံးခဲ့ပြီး ၄င်း၏ နေရာကို စပိန်သားလေး ဒေးဗစ်ဒီဂေးမှ အစားထိုးဝင်ရောက် ကစားလျက်ရှိနေခဲ့သည်။

အင်္ဂလိပ်ဘောလုံးလောကသို့ စတင်ခြေချစဉ်က ကတုန်ကယင် ခနော်ခနဲ့ဖြင့် စတင်ခဲ့ပြီး အသက် ၂၁ နှစ်အရွယ်ရောက်မှသာ တဖြည်းဖြည်းချင်း ယုံကြည်မှု ရလာခဲ့ကြောင်း ၄င်းကဲ့သို့ပင် ဒီဂေးသည်လည်း တိုးတက်လာမှာဖြစ်ကြောင်း ဗန်ဒါဆာက ဆက်လက် ပြောသွားခဲ့သည်။

“ကျွန်တော့်အထင်တော့ သူဟာ တော်ပြီးသားပါ။ ဒီအသင်းရောက်တာ အစောကြီးရှိပါသေးတယ်။ သူမှာ တိုးတက်လာဖို့ အချိန်တွေ ရှိနေပါသေးတယ်”

Source by :http://mutdfan.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။