Home » » ရီးယဲကွင်းလယ် ကစားသမား ဒီမာရီယာ ဒါဏ်ရာကြောင့် တစ်လခန့်နားရမည်

ရီးယဲကွင်းလယ် ကစားသမား ဒီမာရီယာ ဒါဏ်ရာကြောင့် တစ်လခန့်နားရမည်

Written By မောင်စေတနာ on Wednesday, November 9, 2011 | 12:30:00 AM


ရီးယဲကွင်းလယ် ကစားသမား ဒီမာရီယာ ဒါဏ်ရာကြောင့် တစ်လခန့်နားရမည်

ရီးယဲမက်ဒရစ် အသင်း၏ နည်းပြဖြစ်သူ ဂျိုစ့်မော်ရင်ဟိုသည် တနင်္ဂနွေနေ့ညက အိုဆာဆူနာအား ၇ - ၁ ဂိုးဖြင့် အနိုင်ရသည့်ပွဲအပြီးတွင် စိတ်ရှုပ်စရာ သတင်းတစ်ခုကို ရရှိသွားခဲ့သည်။ ယင်းမှာ တောင်ပံကစားသမား အိန်ဂျယ်ဒီမာရီယာသည် အဆိုပါ ပွဲစဉ်အတွင်း ရရှိသွားသည့် တံကောက်ကြောဒါဏ်ရာကြောင့် တစ်လခန့် ပါဝင်ကစားနိုင်တော့မည် မဟုတ်ဆိုသည့် သတင်းတစ်ရပ်ပင် ဖြစ်တော့သည်။

ယခင် ဘင်ဖီကာကစားသမားသည် အဆိုပါ ရီးယဲမက်ဒရစ်၏ နိုင်ပွဲအတွက် သုံးဂိုးတိတိဖန်တီးပေးနိုင်ခဲ့ကာ ခြေစွမ်းပြနိုင်ခဲ့သော်လည်း ပွဲချိန် ၄၉မိနစ်တွင်တော့ ဒါဏ်ရာရကာ ကွင်းထဲမှ ထွက်ခွာခဲ့ရသည်။

တနင်္လာနေ့က စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ၄င်း၏ ဒါဏ်ရာသည် အနည်းငယ်ဆက်လက် ကုသဖို့ ရှိနေရာ မော်ရင်ဟိုအတွက် တောင်ပံမပါဘဲ ကစားကွက်ဖန်တီးဖို့ ခေါင်းခဲရဖွယ် ရှိနေတော့သည်။

“သူဟာ တံကောက်ကြောဒါဏ်ရာ ရသွားခဲ့တာပါ။ နောက်ထပ်စမ်းသပ် ဆေးစစ်မှုတွေရဲ့ အဖြေကို ကျွန်တော်တို့ စောင့်ရအုံးမှာပါ။ ဒါပေမဲ့ သူမပါနိုင်တဲ့ ကာလအချို့အတွက် အစားထိုးဖို့ လုံလောက်တဲ့ အနေအထားတော့ ကျွန်တော့်မှာ မရှိပါဘူး”ဟု ပေါ်တူဂီသား နည်းပြကြီး မော်ရင်ဟိုက ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောသွားခဲ့သည်။

ဒီမာရီယာသည် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အာဂျင်တီးနားအိမ်ကွင်းတွင် ဘိုလီးဗီးယားနှင့် ကစားရမည့် ၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် လူစါရင်းမှလည်း နှုတ်ထွက်လိုက်ရသလို လေးရက်အကြာ ကိုလံဘီယာနှင့် အဝေးကွင်းပွဲစဉ်ကိုလည်း ပါဝင် မကစားနိုင်တော့ကြောင်း သိရသည်။

Source by :http://mutdfan.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။