Home » , » ကိုတက်ထွန်းအောင် တောင်းဆိုထားတဲ့ သီချင်းလေး ဖြစ်ပါတယ်

ကိုတက်ထွန်းအောင် တောင်းဆိုထားတဲ့ သီချင်းလေး ဖြစ်ပါတယ်

Written By မောင်စေတနာ on Wednesday, December 21, 2011 | 7:34:00 PM




သီချင်းချစ်သူ စာဖတ်သူ မိတ်ဆွေများ အားလုံး မင်္ဂလာပါ ခင်ဗျာ။

ဒီတစ်ခါ သီချင်း ချစ်သူများ တောင်းဆို လာတဲ့ သီချင်းလေးကို ဆက်လက် တင်ဆက် ပေးသွားမှာ ဖြစ်ပါတယ်။ အခုတောင်းဆိုလာတဲ့ သီချင်းလေးက အဆိုတော် အောင်လရဲ့သီချင်းတစ်ဗုဒ် ဖြစ်တဲ့ " ပြော " သီချင်းလေး ဖြစ်ပါတယ်။

ကျွန်တော်ရဲ့ ရင်ထဲက ခံစားချက်လေးတွေကို သီချင်းလေးနဲ့ ပြောပြချင်ပါတယ်။ ဒီသီချင်းလေးကို ကျွန်တော် အရမ်းကြိုက်ပါတယ်။ ကျွန်တော်ချစ်နေရတဲ့ ကောင်မလေးက ကျွန်တော်နဲ့ အရမ်းဝေးကွာ နေတော့ သူ့အပေါ် စိတ်မချပဲ ဖြစ်နေပါတယ်။ သူနဲ့ စကားပြောဖြစ်တဲ့ နေ့ရက်တွေဆို ကျွန်တော်အတွက် အရမ်းပျော်နေတဲ့ နေ့ရက်လေးတွေပါပဲ။ ကျွန်တော် သူ့တစ်ယောက်တည်း ကျွန်တော့်ရင်ထဲက စွဲလန်းစွာနဲ့ ချစ်နေမိတာပါ။ ဒီသီချင်းလေးကို ချစ်သူလေး မဝင့်ပြည့်ဖြိုးကျော် တစ်ကယ်လို့ နားထောင်ဖြစ်မယ်ဆိုရင် ကျွန်တော်သူ့အပေါ် ဘယ်လောက်ထိ ချစ်တယ် သူ့အပေါ်မှာ ကျွန်တော် စိတ်မချဘူး ဖြစ်နေတယ်ဆိုတာ သူသိသွားမယ်ဆိုရင် ကျွန်တော် ကျေနပ်ပါတယ် .... ဆိုတဲ့ ဒီသီချင်းလေးကို တောင်းဆိုထားတဲ့ ကိုတက်ထွန်းအောင် (ဂျို့ဟိုး-မလေးရှား) မှ ရင်ဖွင့်လာပါတယ်။

အဆိုတော် အောင်လ သီချင်းလေးကို တောင်းဆိုလာတဲ့ ကိုတက်ထွန်းအောင် နဲ့ အတူတူ အခု စာဖတ်သူ မိတ်ဆွေများလည်း " ပြော" ဆိုတဲ့ သီချင်းလေးကို အမှတ်တရ ကြည့်ရှု နားဆင် ခံစား လိုက်ရအောင်နော်။ ဒီသီချင်း အားလုံးကို Video , MTV - Mp3 - Downloads စသည်များဖြင့် တင်ဆက် ပေးထားပါတယ်။ သီချင်း တောင်းဆို လာတဲ့ အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ ...



ဒီ သီချင်းလေးကို သိမ်းထားချင်တယ် Video - MTV - Mp3 - Downloads လိုချင်တယ်ဆိုရင် ဒီမှာ ဝင်ယူလိုက်ပါ။

Photobucket



www.nayzawlin1.com - www.nayzawlin1.org - www.nayzawlin1.net

♥ သီချင်းချစ်သူ ဆိုတဲ့ ဒီအစီအစဉ်လေးနဲ့ ပက်သက်ပြီး ကိုယ်တိုင် နားဆင်ဖို့ဖြစ်စေ ခင်မင်သော မိတ်ဆွေများ ၊ သူငယ်ချင်းများ ၊ ချစ်သူများ အတွက် အမှတ်တရ သီချင်းများ တောင်းဆို ချင်တယ် ဆိုရင်တော့ မိမိတောင်းဆိုလိုတဲ့ သီချင်း နာမည် အဆိုတော် နာမည် ရေးပြီး nayzawlin1@gmail.com - admin@nayzawlin1.org ကို မေးပို့ပြီး တောင်းဆို နိုင်ပါတယ် ... မလေးရှားက သူငယ်ချင်းများ အတွက် ဖုန်းဆက်ပြီး သီချင်းတောင်းမယ်ဆိုရင် 010-2148 677 ကို ဆက်သွယ်လို့ ရပါတယ်။အွန်လိုင်းဂျီတော့မှလည်း နေ့စဉ် မလေးရှား စံတော်ချိန် ည 7 နာ၇ီမှ 8 နာရီ အတွင်း တောင်းဆိုနိုင်ပါတယ် ခင်ဗျာ ♥♥ တောင်းဆိုလာသော သီချင်းများကို ဦးရာလူစနစ်ဖြင့် တင်ဆက်ပေးသွားမှာပါ။ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ♥
Share this article :

3 comments:

thet tun said...

အခုလိုကူုညီပေးတဲ့ အတွက်ကျေးဇူးအများကြီးတင်ပါတယ် ကိုနေဇော်လင်း

ဇော်အောင် said...

ကျွန်တော်လည်း ကြိုက်ပါတယ်။
နားထောင်လို့ ကောင်းတဲ့ သီချင်းလေးပါ။
အဆင်ပြေပါစေဗျာ...

sai said...

အရမ်းကောင်းပါတယ်.....

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။