Home » » မြန်မာ တိုင်းရင်းသား ကလေးငယ်များ စွမ်းရည်ပြပွဲ ဘန်ကောက်တွင် ကျင်းပ

မြန်မာ တိုင်းရင်းသား ကလေးငယ်များ စွမ်းရည်ပြပွဲ ဘန်ကောက်တွင် ကျင်းပ

Written By မောင်စေတနာ on Tuesday, October 4, 2011 | 11:30:00 AM



ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသား ရွှေ့ပြောင်း ကလေးငယ်များ စွမ်းရည် ဖော်ထုတ်ပြသပွဲ တစ်ခုကို ဘန်ကောက် အပိုင် ဆူကိုဗစ် လမ်းသွယ်-၂ အတွင်း ၂ ရက်ကြာ ကျင်းပခဲ့ကြောင်း ပြပွဲပါဝင်သူများက ပြောသည်။

ကလေးငယ်များကို စွမ်းရည် မြှင့်တင်ပေးနေသည့် ‘I am child’ အန်ဂျီအို အဖွဲ့က ထိုင်းနိုင်ငံအနှံ့ ရွှေ့ပြောင်း စာသင်ကျောင်းများမှ မူလတန်းကလေး (၁၀၉)ဦးကို ဖိတ်ကြား၍ အဖွဲ့ခြံဝန်းအတွင်း ကျင်းပခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာ (၂၄-၂၅)တွင် ကျင်းပခဲ့သည့် စွမ်းရည်ပြပွဲတွင် ချင်းမိုင်၊ မဲဆောက်၊ မဟာချိုင်၊ ရပ်ခ်ျဘူရီ၊ ရနောင်း၊ ဖန်ငနှင့် ဖူးခက် ဒေသတို့မှ တိုင်းရင်းသားစုံ ကလေးများက သက်ဆိုင်ရာ ရိုးရာအကများဖြင့် တင်ပြကြသည့်အပြင် လူကုန်ကူး ခံရခြင်းနှင့် အိမ်တွင်း အကြမ်းဖက် ခံရခြင်းတို့ကို အသံတိတ် သရုပ်ဖော် ပြသရာ ပရိတ်သတ် (၂၀၀)ကျော် တက်ရောက် ခဲ့သည်။

ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငခရိုင် အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)စာသင်ကျောင်းမှ ကလေးငယ်(၁၈)ဦးကို အုပ်ထိန်းသူအဖြင့် လိုက်ပါခဲ့သော မူလတန်း မြန်မာစာ ဆရာမ ဒေါ်လှစိန်က “ကလေးတွေမှာ စွမ်းရည်လေးတွေ ကိုယ်စီ ရှိကြတယ်လေ။ ဒါပေမယ့် သူတို့မှာရှိတဲ့ စွမ်းရည်ကို ဖေါ်ထုတ်ခွင့်ရှိမှ ပြသနိုင်မှာ ဖြစ်တဲ့ အတွက် ဒီလိုပွဲမျိုးကို လုပ်ကြတာပါ’’ဟု ပြောသည်။

FED စာသင်ကျောင်းမှ ကလေးငယ်များသည် ချင်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း တိုင်းရင်းသား ၀တ်စုံပြည့်ဖြင့် ကသည့် “စည်းလုံခြင်းသည်အင်အား” အက၊ “ဦးရွှေရိုးနှင့် ဒေါ်မိုး” အကတို့ကို တင်ဆက်ခဲ့ကြောင်း ကလေးများနှင့်အတူ လိုက်ပါသွားခဲ့သည့် FEDမှ မနီနီဝင်းက ပြောသည်။

အခမ်းအနားမှူး အဖြစ်လည်း ဆောင်ရွက်ခဲ့သူ မနီနီဝင်းက “ဒီိလို အရောင်အသွေးစုံတဲ့ တိုင်းရင်းသားတွေကိုမြင် ရတာအရမ်း အံ့သြတယ်လို့ ပြောကြတယ်ရှင့်’’ဟု ပြောသည်။

ရွှေ့ပြောင်းမြန်မာ စာသင်ကျောင်းများမှ ဖိတ်ကြားခံရသည့် မူလတန်း ကလေးများမှာ အကအဖွဲ့ (၁၄)ဖွဲ့ အဖြစ် လာရောက် တင်ဆက်ခဲ့ကြခြင်း ဖြစ်သည်။

‘I am child’ အဖွဲ့မှာ နိုင်ငံတကာ အန်ဂျီအို Save the children အဖွဲ့ လက်ခွဲတစ်ခုဖြစ်သည်။

Source by :http://www.ghre.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။