Home » » မလေးရှားနိုင်ငံ စွန်ဂိုင်းဘလို့တွင် ဆောက်လက်စ တိုက်ပြို၍ အင်ဒိုနီးရှားလူမျိုး ၁ ဦးသေဆုံး

မလေးရှားနိုင်ငံ စွန်ဂိုင်းဘလို့တွင် ဆောက်လက်စ တိုက်ပြို၍ အင်ဒိုနီးရှားလူမျိုး ၁ ဦးသေဆုံး

Written By မောင်စေတနာ on Monday, October 31, 2011 | 7:30:00 PM



မလေးရှားနိုင်ငံ စွန်ဂိုင်းဘလို့ရှိ Hong Leong Bank လမ်းထောင့် အနောက်ဖက် လမ်းကြားတွင် ယနေ့ တနင်္လာနေ့ နံနက် ၈ နာရီခွဲ အချိန်တွင် ဆောက်လက်စ ၃ထပ်တိုက် ညဖက်ခြမ်းတွင် ရုတ်တစ်ရက် ပြိုကျသောကြောင့် အင်ဒိုနီးရှား လူမျိုး တစ်ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာ ရသွားကြောင်း သိရှိရပါသည်။



" နံနက် ၈ နာရီခွဲတွင်းမှာ ဖြစ်တာ ကျွန်မ မဖြူ ဆိုင်မှာ မနက်စာ စားနေတုန်းပေါ့ မီးသတ်ကား တစ်စီးနဲ့ ဆေးရုံကားတစ်စီး ဝင်လာတယ် တွေ့ရတယ်။ ကျွန်မကြည့်နေတုန်းပဲ Hong Leong Bank လမ်းထောင့် အနောက်ဖက် လမ်းကြားကို ဝင်သွားတော့ ကျွန်မက မီးလောင်တယ် ထင်နေတာပေါ့။ ဒါနဲ့ လိုက်သွားကြည့်တာ ဆောက်လက်စ တိုက်ကြီး ညဖက်တစ်ခြမ်း ပြိုကျနေတာ တွေ့ရတယ်။



အသက် ၅၀ အရွှယ်တစ်ရုတ် အဖိုးကြီးတစ်ယောက်က ရင်ဘတ်မှာ အဖိခံထားရတယ်။ အင်ဒိုနီးရှား နောက်တစ်ယောက်က ခေါင်းပြားသွားတယ် အများကြီး သွေးထွေထွက်တော့ သေသွားတယ်။ နောက် တစ်ယောက်က အင်ဒိုနီးရှားပဲ ခြေထောက်မှာ ဒဏ်ရာရသွားတယ်။ အဲဒီမှာ ကယ်ဆယ်ရေး အဖွဲ့တွေ လာကယ်နေတာ တွေ့ရတယ်။



နောက် မလေးရှား သတင်းထောက်တွေ ရဲတွေ အများကြီးပဲ တစ်လမ်းလုံး ကားတွေပြည့်နေတယ်။ အဲဒီ တိုက်ကို တာဝန်ယူ ဆောက်နေတဲ့ အင်ဂျင်နီယာ တစ်ရုတ် တစ်ယောက် ကိုတော့ ဖမ်းဆီးသွားတာ တွေ့ရတယ် " အခင်းဖြစ်သော နေရာသို့ ကိုယ်တိုင် သွားရောက်ကြည့်ဖြစ်တဲ့ စွန်ဂိုင်းဘလို့မှ မချို မှ ပြောပြပါသည်။



ဒီသတင်းနှင့် ပက်သက်ပြီး စာဖတ်သူများထံ အချိန်မှီ တင်ပြနိုင်ရန်အတွက် ကျွန်တော်ကိုယ်တိုင် သွားရောက် ဓာတ်ပုံ ရိုက်ယူခဲ့ပါသည်။ သတင်းနဲ့ ပက်သက်ပြီး ကူညီပြောပြပေးသော မချို အား အထူး ကျေးဇူးတင်ရှိပါသည်။


နေဇော်လင်း
( Malaysia News & Information Blogger )
Share this article :

2 comments:

စိုင်းလင်းထက် said...

အခုလိုတင်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ကိုလေး

မြတ်နိုး said...

သတင်းလိုက်တာ တော်တော်မြန်တယ်နော်
အခုလို သိရလို့ ကျေးဇူတင်ပါတယ်။
လေးစားလျှက်

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။