Home » » ရွှေ့ပြောင်း အလုပ်သမားများ ဆိုင်ရာ အစီရင်ခံစာထုတ်ဝေ

ရွှေ့ပြောင်း အလုပ်သမားများ ဆိုင်ရာ အစီရင်ခံစာထုတ်ဝေ

Written By မောင်စေတနာ on Monday, October 31, 2011 | 10:20:00 AM



ကုလသမဂ္ဂ အေဂျင်စီ (၁၄)ခုနှင့် International Organization for Migration (IOM)တို့ ပူးပေါင်းပြုစုသော စာမျက်နှာ (၁၅၀)ပါသည့် Thailand Migration Report 2011 အမည်ရှိ ရွှေ့ပြောင်း အလုပ်သမားဆိုင်ရာ အစီရင်ခံစာ တစ်စောင်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များ ကလပ်တွင် ယမန်နေ့က ထုတ်ဝေခဲ့သည်။

အစီရင်ခံစာ ထုတ်ဝေရာတွင် ပါဝင်ကြသော UNDP, UNFPA, UNHCR, WHO, UNCEF, UNODC, UN WOMAN, ကမ္ဘာ့ဘဏ်နှင့် ထိုင်းကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ သံတမန်များ၊ ထိုင်းတက္ကသိုလ်များမှ ပညာရှင်များနှင့် ကျောင်းသားများ တက်ရောက်ခဲ့ကြသည်။

IOMမှ အရာရှိ Mongue Filsnoel က နိုင်ငံတကာမှ ပြောင်းရွှေ့ နေထိုင်သူများ ဆုံရပ်ဖြစ်လာနေသော ထိုင်းနိုင်ငံ အနေဖြင့် မူဝါဒများ ပြည့်ပြည့်စုံစုံ ဖြစ်ဖို့ လိုအပ်ကြောင်း ထိုင်းအစိုးရကို ထောက်ပြခဲ့သည်။

အစီရင်ခံစာ ထုတ်ဝေပွဲသို့ တက်ရောက်ခဲ့သည့် ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများအဖွဲ့ (BAT)မှ ဦးမျိုးနိုင်က “ဒီ report မှာပါတဲ့ အချက်အလက်တွေနဲ့ ဒီမှာ ပြောနေကြ တာတွေက တကယ့် အပြင်မှာ ကျနော်တို့ ရွှေ့ပြောင်း အလုပ်သမားတွေ ကြုံတွေ့ နေရတာနဲ့ ကွဲလွဲနေတာတွေ အများကြီး ဆိုတာကို သတိထား မိတယ်။ ၂၀၁၁ ခုနှစ် ဧပြီလမှာ ထုတ်ဝေခဲ့တဲ့ ထိုင်း လူကုန်ကူးမှု ဥပဒေပါ အချက်အလက်ကို အကောင်အထည် မဖော်တာကို ကျနော် ထောက်ပြခဲ့ပါတယ်”ဟု ပြောသည်။

“မြန်မာ အလုပ်သမားတွေကို ပြောချင်တာကတော့ တရားဝင် နေထိုင်ခွင့်ကို လုပ်ထားကြပါ။ ဒါမှ ဥပဒေ ဘောင်အတွင်းက ရသင့် ရထိုက်တဲ့ အကာအကွယ်နဲ့ အခွင့်အလမ်းကို ရရှိကြမှာ ဖြစ်ပါတယ်”ဟု ဦးမျိုးနိုင်က ဆက်ပြောသည်။

၂၀၁၀ ခုနှစ် စာရင်းအရ ထိုင်းနိုင်ငံထဲတွင် တရားဝင်ရော၊ တရားမ၀င်ပါ နိုင်ငံတကာ ရွှေ့ပြောင်း နေထိုင်သူ စုစုပေါင်း သုံးသန်းခွဲကျော် ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစီရင်ခံစာတွင် ကျွမ်းကျင် အတတ်ပညာရှင် (၁၀၀,၃၃၈)ဦး၊ သံတမန် ၀န်ထမ်း (၆,၁၄၈)ဦး၊ ယာယီ နေထိုင်ခွင့် စာရွက်စာတမ်းနှင့် နေထိုင်သူ (၁၂၁,၁၀၉)ဦး၊ ဗီဇာတိုး၍ နေထိုင်သူ (၉၂,၀၁၄)ဦး၊ အဆင့်မြင့် ပညာသင် ကျောင်းသား (၁၉,၀၅၂)ဦး၊ တိုင်းရင်းသား လူမျိုးနွယ်စု (၅၁၃,၇၉၂)ဦး၊ တိုင်းတပါး ဗီဇာ (၆၅,၅၅၈)ဦး၊ ရွှေ့ပြောင်းနေထိုင်သည့် မှတ်ပုံတင်ထားသူနှင့် မှတ်ပုံမတင်ရသေးသူ (၁၄၁,၀၇၆)ဦး၊ တရားဝင် မှတ်ပုံတင်ထားသည့် အလုပ်သမား (၁,၀၁၀,၉၄၁)ဦးနှင့် တရားဝင် မှတ်ပုံတင် မထားသည့် အလုပ်သမား (၁,၄၄၄,၈၀၃)ဦး စုစုပေါင်း (၃,၅၁၄,၈၃၁)ဦး ရှိသည်ဟု ကိန်းဂဏာန်း အတိအကျဖြင့် ဖော်ပြထားသည်။

ယခုအစီရင်ခံစာသည် တတိယအကြိမ် ထုတ်ဝေသည့် အစီရင်ခံစာ ဖြစ်ပြီး ယခင် ၂၀၀၅ ခုနှစ်နှင့် ၂၀၀၉ ခုနှစ် များကလည်း ထုတ်ဝေခဲ့ကြောင်း သိရသည်။

Source by :http://www.ghre.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။