Home » » တရားမ၀င် အလုပ်သမား ထွက်ပြေးလို့ မရပါဘူး ဘကြောင့်လဲဆိုတော့ 6P လက်ဗွေ မှတ်တမ်းရှိနေလို့

တရားမ၀င် အလုပ်သမား ထွက်ပြေးလို့ မရပါဘူး ဘကြောင့်လဲဆိုတော့ 6P လက်ဗွေ မှတ်တမ်းရှိနေလို့

Written By မောင်စေတနာ on Monday, October 31, 2011 | 2:30:00 AM



စိုးလွင်။ ။ 6P ခေါ် လွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ်ဖြင့် မှတ်ပုံတင်ထားသည့် တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူ ၁.၃ သန်းကို အလုပ် ထမ်းဆောင်ရန် ကဏ္ဍ ၅ ခုတွင် အလုပ်ထမ်းဆောင်ရန် ခွင့်ပြုလိုက်သည်။

ယင်း ကဏ္ဍ ၅ ခုမှာ ထုတ်လုပ်ရေး၊ ခြံလုပ်ငန်း၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် လုပ်ငန်း ၁၅မျိုးခန့်ပါ ၀င်သည့် ၀န်ဆောင်မှု လုပ်ငန်းများဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီး Hishammuddin Hussein က ပြောသည်။

“၁.၃ သန်းလောက်ရှိတဲ့ အလုပ်သမားတွေလိုအပ်နေတယ်လို့ သိရတဲ့အတွက် အလုပ်လက်မဲ့ တရားမ၀င် ၁.၃ သန်းကို ဒီကဏ္ဍ ၅ ခုကို ခွဲဝေနိုင်မယ်လို့ ကျနော်က ယုံကြည်ပါတယ်၊ ဒါကြောင့် မလေးရှားတွေကို ဖြည့်ဖို့ စိတ်မ၀င်စားတဲ့ ဒီနေရာမှာ မှတ်ပုံတင်ထားတဲ့ ဒီ ၁.၃သန်းကို ဒီကဏ္ဍတွေမှာ ထည့်လိုက်မှာပါ ” ဟု သူက ပြောသည်။

အလုပ် ကမ်းလှမ်းခြင်းနှင့် ခွဲဝေမှုများသည် သူဝန်ကြီးဌာန၏ စီရင်ပိုင်ခွင်မဟုတ်သည့်အတွက် တခြားဝန်ကြီးဌာနများက ပါဝင် ဆောင်ရွက်ရမည်ဖြစ်သည်ဟု ဆိုသည်။

“ဒီကဏ္ဍများမှာ ထည့်သွင်းလိုက်ခြင်းဖြင့် ကျနော်တို့ စီးပွားရေး လိုအပ်ချက်များကို ညှိနှိုင်းမှု တခုဖြစ်ပေ့မယ့် ၀န်ကြီးချုပ် ပြောထားသလို တိတိကျကျဆောင်ရွက်ရန်လိုပါတယ်”ဟု Hishammuddin က ဆက်ပြောသည်။

တရားမ၀င် ၁.၃ သန်းသည် 6P အစီအစဉ်ဖြင့် မှတ်ပုံတင်ခဲ့သော နိုင်ငံခြား ပြောင်းရွှေ့နေထိုင်သူ ၂. ၃သန်းမှ ဖြစ်ကြောင်း သူက ပြောသည်။

“ဒီ ၁.၃ သန်းထဲက တချို့က တိုင်းပြည်ကို တရားမ၀င် ၀င်ရောက်လာတယ်၊ တချို့က အလုပ်လုပ်ခွင့် သက်တမ်း ကုန်ဆုံး သွားတယ်၊ တချို့က နိုင်ငံကူးလက်မှတ်နဲ့ ၀င်လာပေမယ့် သူတို့နိုင်ငံကူးလက်မှတ်တွေကို ပွဲစားနဲ့ တခြား အကျိုးတူ အဖွဲ့ တွေကို ပေးလိုက်တာတွေလည်း ရှိတယ်” ဟု Hishammuddin ပြောသည်။

“တရားမ၀င်တွေ မှတ်ပုံလာတင်တဲ့ အရေအတွက်နဲ့ ဒီလူတွေကို ခွဲချမ်းနေရာချဖို့က 6P အစီအစဉ်အောက်က KPI အကောင် ထည်ဖော်ဖို့ တခြား အရေးပါတဲ့ဆောင်ရွက်ချက်တခု ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

အတိအကျ အချက်အလက်ဖြင့် ထိန်းသိမ်းစောင့်ကြည့်မှုကို ခွင့်ပြုခြင်းဖြင့် နိုင်ငံခြားသား အရေအတွက်သည် တိုင်းပြည်၏ လုံခြုံရေးကို မထိခိုက်နိုင်ကြောင်းလည်း Hishammuddin က ဆိုသည်။

“တရားမ၀င်တွေက ထွက်ပြေးလို့မရပါဘူး ဘကြောင့်လဲဆိုတော့ 6P အစီအစဉ်အရ ပြုလုပ်တဲ့ ကိုယ်ရေး မှတ်ပုံတင် အစီ အစဉ်က အချက်အလက်ဘဏ်မှာ လက်ဗွေ၊ ကိုယ်ရေး အချက်အလက်တွေကို မှတ်တမ်းတင်ထားလို့ပါ၊ ကိုယ်ရေး စစ်ဆေးမှုအဆင့်ကို မလုပ်ဆောင်ခဲ့ဘူးဆိုရင် တရားမ၀င်နေထိုင်သူတွေ များပြားနေတဲ့ မလေးရှားက အရမ်း အန္တရာယ် များပါတယ်၊ ဒါကြောင့် သူတို့ ပါဝင်တဲ့ အရာတွေကို ဖြေရှင်းဖို့ 6Pက အကောင်းဆုံးပါ ” ဟု သူက ပြောသည်။

Hishammuddin၀န်ကြီးဌာန ၁၄ ခုနှင့် တခြား ကိုယ်စားလှယ်များပါဝင်၍ ဒုတိယ ၀န်ကြီးချုပ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်မည့် နောက်တရက်အစည်းအဝေးတွင် 6P ဒုတိယ အဆင့်ကို ဆွေးနွေးမည်ဖြစ်ကြောင်းလည်း Hishammuddin က ပြောသည်။

အစည်းအဝေးတွင် ဆွေးနွေးမည့် အရေးပါသည့် အကြောင်းအရာများတွင် လက်ရှိ တရားမ၀င်နေထိုင်သူ အလုပ်ခန့်ထားရေး မူဝါဒ (သို့) ဖြစ်စဉ်တခုလုံးအတွက် အထူးမူဝါဒ အသုံးပြုရန် စဉ်းစားခြင်းတို့အတွက် တရားဝင်လုပ်ဆောင်ရေးအဆင့်ကို အသုံးပြုရေး မပြုရေး ဆွေးနွေးမည်ဖြစ်သည်။

6P အစီအစဉ်မှတ်ပုံတင်ရာတွင် ကိုယ်စားလှယ်များကို ခွင်ပြုမည်မဟုတ်ဟူသော ပြောဆိုချက်ကြောင့် မလေးရှားနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေရှ့် သံအမတ် AKM Atiqur Rahman က ခြိမ်းခြောက်ခံနေရကြောင်း ၂၄ နာရီ ကာကွယ် စောင့်ကြပ်ကြည်မည် ဖြစ်ကြောင်းလည်း Hishammuddin က ပြောသည်။

“ကျနော်သူနဲ့ အရင်အပတ်က စကားပြောပြီးပါပြီ၊ ခြိမ်းခြောက်မှုကို မကျေနပ်တဲ့သူတွေဆီကနေရတာပါ၊ ဘင်္ဂလားဒေရှ့် သံရုံး၏ ပူပေါင်းဆောင်ရွက်မှုနဲ့ တရားမ၀င်နဲ့ တရားဝင် ကျနော်တို့ တိုင်းပြည်ကိုလာရောက်တဲ့ သူတို့နိုင်ငံသား ၄ သိန်း မှတ်ပုံတင်တယ်” ဟု သူက ပြောသည်။

သူရိယသတင်းဂျာနယ်
Source by :http://www.thuriyanews.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။