Home » » များပြားလှသည့် ဒဏ်ရာ အနာတရစာရင်းသို့ ဂိုးသမား ဆက်ဇနီပါဝင်လာ

များပြားလှသည့် ဒဏ်ရာ အနာတရစာရင်းသို့ ဂိုးသမား ဆက်ဇနီပါဝင်လာ

Written By မောင်စေတနာ on Wednesday, October 5, 2011 | 6:30:00 AM


အာဆင်ဝင်းဂါးအတွက် ထိုးနှက်ချက်လော ... များပြားလှသည့် ဒဏ်ရာ အနာတရစာရင်းသို့ ဂိုးသမား ဆက်ဇနီပါဝင်လာ။

ဆက်ဇနီသည် အာဆင်နယ် အသင်း၏ ဒဏ်ရာ အနာတရ စာရင်းသို့ ပါဝင်လာခဲ့ပြီ ဖြစ်သည်။ အဆိုပါ ဂိုးသမားသည် တောင်ကိုရီးယားနှင့် ဘီလာရု့စ် အသင်းတို့နှင့် ချစ်ကြည်ရေး ခြေစမ်းပွဲ ကစားရန် ရှိနေသည့် ပိုလန်အသင်း၏ လူစာရင်းမှ နုတ်ထွက်ခဲ့ရသည်။

ဆက်ဇနီသည် နောက်ကျောဒဏ်ရာ တစ်ခုရရှိခဲ့ခြင်းဖြစ်ပြီး လန်ဒန်မြို့ရှိ ဂန်းနားအသင်း၏ လေ့ကျင့်ရေးစင်တာသို့ ပြန်လည် ရောက်ရှိလာပြီ ဖြစ်သည်။

အာဆင်နယ် အသင်းသည် ရာသီအစ ရလဒ်များ ဆိုးရွားနေသော်လည်း အဆိုပါ ဂိုးသမားသည် အသင်းအတွက် အရေးကြီးသည့် ကစားသမားတစ်ယောက် ဖြစ်နေခြင်းကြောင့် နည်းပြ ၀င်းဂါးက အဆိုပါ ဒဏ်ရာအား အရေးမကြီးသည့် ဒဏ်ရာတစ်ခုအဖြစ် မျှော်လင့်နေသည်။

ဝင်းဂါးသည် ၀ီလ်ရှီးယားနှင့် တိုမက်စ် ဗာမဲလန်းအား ဒဏ်ရာကြောင့် ဆုံးရှုံးထားရပြီး ဖြစ်သလို ပြီးခဲ့သည့် တနင်္ဂနွေနေ့ ပွဲစဉ်တွင် ရရှိခဲ့သည့် ခြေကျိုး ဒဏ်ရာကြောင့် နောက်ခံလူ ဆက်ဂနာအား (၃)လခန့် လက်လွှတ်ဆုံးရှုံးရအုံးမည် ဖြစ်သည်။

Source by :http://mutdfan.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။