Home » » ကလေးနှင့် ဆယ်ကျော်သက် ၆ သောင်းကျော် 6P ဖြင့် မှတ်ပုံတင်

ကလေးနှင့် ဆယ်ကျော်သက် ၆ သောင်းကျော် 6P ဖြင့် မှတ်ပုံတင်

Written By မောင်စေတနာ on Wednesday, October 5, 2011 | 11:30:00 AM



KHT/ PUTRAJAYA – သြဂုတ်လ ၃၁ ရက်နေ့က ပြီးဆုံးခဲ့သည့် နိုင်ငံခြား အလုပ်သမားများအတွက် ကိုယ်ရေးမှတ်ပုံတင်စနစ်ဖြင့် မှတ်ပုံတင်ခြင်းကို ကလေးနှင့် အသက် ၁၈ နှစ်ရှိ ဆယ်ကျော်သက် ၆၂၁၅၆ ဦးမှတ်ပုံတင်ခဲ့သည်။

နိုင်ငံခြား အလုပ်သမား များပြားလာခြင်းကို ထိန်းချုပ်ရန်အတွက် ဆောင်ရွက်ခဲ့သည့် ကိုယ်ရေးမှတ်ပုံတင် စနစ်သည့် 6P အစီ အစဉ်၏ အဆင့်တခုဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေး (လ၀က) က ပေးပို့လာသည့် စာရင်းများအရ မှတ်ပုံတင်ခဲ့ကြသည့် ကလေး ၄၀၅၀၀ သည် အသက် ၁၂ နှစ်ရွယ်များ ဖြစ်ကြပြီး ၂၁၆၅၆ ဦးတို့သည် အသက် ၁၃ နှစ်မှ ၁၈ နှစ်အတွင်းရှိ ကလေးများဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီး Datuk Seri Hishammuddin Hussein ကပြောသည်။

“လူကုန်ကူးတဲ့ အဖွဲ့တွေကလည်း ဒီကလေးတွေနဲ့ ပတ်သက်နိုင်ပါတယ်၊ အသက်မပြည့်ရင် အလုပ်မလုပ်ရဆိုတဲ့ အစိုးရ မူဝါဒ ကို ဆန့်ကျင်နေသလားဆိုတဲ့ သူတို့ရဲ့ အခြေအနေကို ကျနော်တို့ ဆက်လက်လေ့လာနေဆဲပါ” ဟု Hishammuddin Hussein က ပြောသည်။

မလေးရှားတွင် မွေးဖွားခဲ့သောကလေးများ ဟုတ်မဟုတ်ကို သေချာစွာ ဆန်းစစ်ရန်လိုကြောင်း၊ မှတ်ပုံမတင် သေးသည့် တရားမ၀င် နိုင်ငံခြား အလုပ်သမား အများအပြားရှိမည်ဖြစ်ကြောင်းလည်း သူက ပြောသည်။

တရားမ၀င် အလုပ်သမား ၁၀၁၅၈၅၂ ဦးသည် မလေးရှားတွင် အလုပ်ဆက်လက်လုပ်ကိုင်လိုကြောင်း၊ ၉၅၄၄၆ဦးက သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်ချင်ကြောင်း၊ ၉၆၆၅၄၂ ဦးသည် တရားမ၀င် အလုပ်လုပ်ကိုင်နေကြပြီး ၂၅၇၅၂၄ ဦးမှာ အလုပ်မလုပ်ရသေးကြောင်း လ၀က စာရင်းဇယားများအရ သိရသည်။

အစိုးရက မှတ်ပုံတင်ရန် ချမှတ်ပေးခဲ့သော်လည်း ရိုးသားခြင်းမရှိသည့် ကုမ္ပဏီများကိုလည်း စုံစမ်းနေသည်ဟု Hishammuddinက ဆိုသည်။

“ကျနော်တို့ကို ကူညီဖို့ တာဝန်ပေးခဲ့ပေမယ့် အခွင့်အရေး ယူသွားတဲ့ ကုမ္ပဏီတချို့ကို စုံစမ်းဖော်ထုတ်ဖို့ ကြိုးစားပါတယ်၊ နိုင်ငံခြားသား ရင်းနှီးမျြပ်နှံမှုတွေရှိနေပါတယ်၊ တချို့ ကုမ္ပဏီတွေက နိုင်ငံခြားသား အစီအစဉ်အတိုင်း ဆောင်ရွက်ဖို့ နိုင်ငံခြားသား ရင်နှီးမြုပ်နှံသူတွေကို ခေါ်ထားတာလည်းရှိပါတယ်” ဟု သူက ပြောသည်။

တချို့က ငွေကို ကြိုတင်ယူထားကြောင်း၊ တချို့က ပိုမိုရယူထားပြီး အခွင့်အရေးများကို တလွဲ အသုံးချခဲ့ကြောင်း၊ နိုင်ငံခြားသား အချင်းချင်းလည်း ယင်းကိစ္စရပ်များကို ချိတ်ဆက်လုပ်ကိုင်နေမှုများလည်း ရှိနေကြောင်းလည်း သူက ပြောသည်။

“6P အစီအစဉ် စီစဉ်မှုကို အသေးစိတ် လေ့လာနေပါတယ်၊ ကျနော်ဘာမှ မသိဘူးလို့ မထင်ပါနဲ့” ဟု Hishammuddinက ပြောသည်။

ရေရှည်တွင် လူကုန်ကူးသည့် ပြဿနာသည် ငွေမဲခ၀ါချခြင်း၊ အကြမ်းဖက်မှုနှင့် မူးယစ်ဆေးဝါး ခိုးသွင်းခြင်းတို့ထက် ပိုမို ကြီးမားလာနိုင်ကြောင်း သူက ဆိုသည်။

မလေးရှား သြစတြေးလျ ဒုက္ခသည် ဖလှယ်ရေး အစီအစဉ်နှင့် ပတ်သက်၍ သြစတြေးလျ တရားရုံးက ဒုက္ခသည်များကို သြစတြေးလျသို့ မပို့ဆောင်ရန် ဆုံးဖြတ်ချက်ကြောင့် သြစတြေးလျ ၀န်ကြီးချုပ် Gillard က ဥပဒေကို ပြန်လည်ပြင်ဆင်ရန် ဆုံးဖြတ်ချက်ကြောင့် မလေးရှားအနေဖြင့် လမ်းမှန်ပေါ်သို့ ရောက်လာကြောင်း Hishammuddin က ပြောသည်။

“အရင်က ကျနော်ပြောခဲ့သလိုပါပဲ သြစတြေးလျ ဥပဒေကို ကျနော်တို့လေးစားပါတယ်၊ တရားရုံးက ဆုံးဖြတ်ချက်က သူတို့ ဥပဒေအပေါ်ကို အခြေခံပြီးလုပ်ဆောင်တာဖြစ်ခဲ့ရင်တော့ ဥပဒေကို ပြန်ပြင်ဖို့ လုပ်ဆောင်နေတဲ့ သူတို့ရဲ့ ကြိုးပမ်းမှုက နည်းလမ်း မှန်နေတယ်ဆိုတာကို ပြတာပါဘဲ” ဟု သူကပြောသည်။

Source by :http://www.thuriyanews.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။