Home » » မလေးရှား နိုင်ငံတွင် သေဆုံး သွားသော သားဖြစ်သူ အရိုးပြာအိုးသာ ရရှိပြီး အမခံလျော်ကြေး မရရှိသူ မိခင်မုဆိုးမကြီး

မလေးရှား နိုင်ငံတွင် သေဆုံး သွားသော သားဖြစ်သူ အရိုးပြာအိုးသာ ရရှိပြီး အမခံလျော်ကြေး မရရှိသူ မိခင်မုဆိုးမကြီး

Written By မောင်စေတနာ on Tuesday, September 6, 2011 | 6:10:00 PM



မလေးရှား နိုင်ငံတွင် သေဆုံး သွားသော သားဖြစ်သူ အရိုးပြာအိုးသာ ရရှိပြီး အမခံ လျော်ကြေး မရရှိသူ မိခင် မုဆိုးမကြီး နိုင်ငံတော် သမ္မတရုံးသို့ ပေးပို့ ......

ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်က မလေးရှား တွင်သွားရောက်အလုပ် လုပ်ကိုင်ရင်း သားဖြစ်သူ သေဆုံး သွားခဲ့ သည်မှာ တစ်နှစ်ကျော် နေပြီ ဖြစ်သော်လည်း လျော်ကြေးငွေ ယခု အချိန်ထိ မရရှိသေးကြောင်း သေ ဆုံးသွားသူ ၏မိခင်က မြန်မာပို့စ် သတင်းဂျာနယ်သို့ ပြောကြားသည်။

သေဆုံး သွားသူ ကိုသူရထွန်း (၃၆နှစ်) အပါအ၀င် အလုပ်သမား ၁၉ ဦးကို ပြည်ပ အလုပ်အကိုင်ရှာ ဖွေရေး ကုမ္ပဏီတစ်ခုဖြစ်သည့် ရိုကီ တာ အေဂျင်စီကုမ္ပဏီမှ မလေးရှား နိုင်ငံသို့အကြွေးစနစ်ဖြင့် ၂၀၁၀ ပြည့် နှစ်၊ မတ် ၂၉ ရက်တွင် တရားဝင် စေလွှတ် ခဲ့ခြင်းဖြစ်ကြောင်း၊ သေ ဆုံးသူ သည် မွေ့ရာ စက်ရုံတွင် အ လုပ် လုပ်ကိုင်ရပြီး ၂၀၁၀ ပြည့်နှစ်၊ ဧပြီ ၁၆ ရက်တွင် စက်ရုံမှ အပြန် ယာဉ်တိုက် ခံခဲ့ရပြီး နိုင်ငံခြားသား များ တက်ရောက်သော ဆေးရုံတွင် ဆေးကုသမှု ခံယူရင်း ဧပြီ ၁၇ ရက် နံနက် ၁ နာရီတွင် သေဆုံးသွား ကြောင်း မိခင်ဖြစ်သူ ဒေါ်နော်ပွေး စေးက ဆိုသည်။

သေဆုံးသူ ကိုသူရထွန်း၏ အ ရိုးပြာ အိုးကို လေယာဉ်ဖြင့် ပြန်ပို့ ပေးသည့် အတွက် မေ ၁၈ ရက်တွင် လက်ခံ ရရှိခဲ့ကြောင်း၊ ရိုကီတာ ကုမ္ပ ဏီမှ ဦးအောင်သူရ အပါအ၀င်လေး ဦး ရက် မလည်မီတွင် ငွေကျပ် တစ်သိန်း တစ်ထောင်ကျပ်လာရောက် ကူညီ ခဲ့ကြောင်း သိရသည်။

ယင်းနောက် ဦးအောင် သူရက နိုင်ငံခြား စက်ရုံအေးဂျင့်မှ လျော် ကြေး အတွက်နောက်ထပ် တစ်ခေါက် ထပ်လာမည် ပြောဆိုသွားကာ တစ် နှစ်သုံးလ ကျော် ပျောက်ဆုံး သွားခဲ့ ကြောင်း ဒေါ်နော်ပွေးစေး က ဆက် လက် ပြောကြားသည်။

“သားက နိုင်ငံခြားမှာ အသက် အာမခံကြေးပေးသွင်း ထားတာဖြစ် တဲ့အတွက် ယာဉ်တိုက်မှု ကျူးလွန် တဲ့သူနဲ့ စက်ရုံက လျော်ကြေးငွေပေး တယ်လို့ သိရတယ်။ ဒါပေမယ့် အခု အချိန်ထိ လျော်ကြေးငွေ မရသေး ပါဘူး”ဟု ၎င်းကဆိုသည်။

Source by :http://www.themyanmarpost.com/
Share this article :

3 comments:

ခိုင်ဇော် said...

သတင်းတွေအားပေးသွားတယ် ကိုနေရေ...
ကျေးဇူးတင်ပါတယ်

nyinyi said...

အလည် ရောက်ခဲ့ပါတယ်အကို...
မလေးသတင်းလေးတွေ ဖတ်ရတာကျေးဇူးတင်ပါတယ်..........

မဒမ်ကိုး said...

ကုမဏီတွေကလဲ ပေးစရာရှိရင်ရှောင်ကြပြီ
ရစရာရှိရင်သာ သရဲသဘက်စီးနေတာ ..
ရပါစေ ..စိတ်မကောင်းဘူးဖတ်ရတာရော
မြင်ရတာပါ ..

ခင်မင်လေးစားလျှက်
မဒိုးကန်

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။