Home » » သြစီနှင့် မလေးရှား ဒုက္ခသည်လဲလှယ်ရေး အစီအစဉ် သြစီတရားရုံးမှ ပယ်ဖျက်

သြစီနှင့် မလေးရှား ဒုက္ခသည်လဲလှယ်ရေး အစီအစဉ် သြစီတရားရုံးမှ ပယ်ဖျက်

Written By မောင်စေတနာ on Wednesday, September 7, 2011 | 12:40:00 PM



သြစီတရားရုံးချုပ်မှ နေ၍ ဒုက္ခသည်များကို မလေးရှားနိုင်ငံသို့ ပြန်လည်မပို့ဆောင်ရန် ဆုံးဖြတ် စီရင်လိုက်ခြင်းသည် ပြည်တွင်းစစ်ဒဏ်တို့ကြောင့် ပျက်စီးဆင်းရဲနေသော နိုင်ငံများမှ ဒုက္ခသည်များ သြစီနိုင်ငံတွင်းသို့ ရေလမ်းမှ တရားမ၀င် ၀င်ရောက်လာခြင်းကို တားဆီးနေသည့် အစိုးရ၏ အစီအစဉ်များကို ပြင်းထန်စွာ ထိုးနှက်လိုက်ခြင်း ဖြစ်သည်။

သြစီမှ ဒုက္ခသည် ၈၀၀ နှင့် မလေးရှားမှ ဒုက္ခသည် ၄၀၀၀ တို့ကို လဲလှယ်နေရာချထားရေး နှစ်ဖက်အစိုးရတို့၏အစီအစဉ်ကို တားဆီးလိုက်သော ထိုဆုံးဖြတ်ချက်ကို တရားရုံးချုပ်မှ ခြောက်မဲတမဲဖြင့် အနိုင်ရအတည်ပြုလိုက်ခြင်းဖြစ်သည်။ ထိုဆုံးဖြတ်ချက်ကို မည်သည့်အကြောင်းမျိုးနှင့်မျှ ပြန်လည်ပြုပြင် အယူခံဝင်နိုင်ခွင့် မရှိတော့ပေ။

လွန်ခဲ့သောနှစ်က ဒုက္ခသည် ၆၂၀၀ ရောက်ရှိခိုလှုံခဲ့သော သြစီနိုင်ငံသည် ဒုက္ခသည်နှင့် နိုင်ငံရေးခိုလှုံသူများ၏ ဘ၀သစ်စတင်ရန် စိတ်းကူးယဉ်အိပ်မက်စရာကောင်းသော နိုင်ငံတခုအဖြစ် ဒုက္ခသည်များကို ကာလကြာရှည်စွာ ဆွဲဆောင်မှုရှိခဲ့သည်။ အများစုမှာ အာဖဂန်နစ္စတန်၊ သိရိလင်္ကာ၊ အီရန်၊ အီရတ်နိုင်ငံတို့မှ ဖြစ်ကြပြီး မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် ဒုက္ခသည်တို့အတွက် သြစီသို့ လှေနှင့်ထွက်ခွာနိုင်ရန် ကြားခံနိုင်ငံများ ဖြစ်ကြသည်။

မလေးရှားနိုင်ငံသည် ဒုက္ခသည်များကို အကာအကွယ်ပေးရန်အတွက် ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ တရားဝင် အသိအမှတ်ပြု ယုံကြည်မှု မရှိသော်လည်း မလေးရှားနိုင်ငံသည် ဒုက္ခသည်များ အခြေချရန် တတိယနိုင်ငံအဖြစ် သြစီနိုင်ငံမှ ဥပဒေနှင့်အညီ ကြေငြာနိုင်သည့်အကြာင်းကို သြစီတရားရုံးတွင် အစိုးရရှေ့နေများက ပြင်းပြင်ထန်ထန် ခုခံချေပပြောဆိုခဲ့ကြသည်။

မလေးရှားနိုင်ငံသည် ကုလသမဂ္ဂ၏ ဒုက္ခသည်များဆိုင်ရာ ညီလာခံသဘောတူညီချက် (၁၉၅၁) စာချုပ်တွင် လက်မှတ်မထိုးထားကြောင်းနှင့် မလေးရှားန၏ပြည်တွင်း ဥပဒေအရလည်း ဒုက္ခသည်များ၏ အခန်းကဏ္ဍကို ကာကွယ်အသိအမှတ်ပြုရန် မပါရှိကြောင်းကို တရားရုံး၏ ထုတ်ပြန်ကြေငြာချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။ ဒုက္ခသည်များ အခြေချနေထိုင်နိုင်သည့် မည်သို့သော တတိယနိုင်ငံမဆို ဒုက္ခသည်များနှင့် ခိုလှုံသူများကို အကာအကွယ်ပေးနိုင်သည့် ပြည်တွင်းဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ အတည်ပြုထောက်ခံမှု ရှိရမည်ဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရန် စုံစမ်း ဆောင်ရွက်နေဆဲဖြစ်သည့် ခိုလှုံသူများကို သြစီနိုင်ငံမှ ဖယ်ရှားပစ်ရန်အတွက် သြစီလ၀က၀န်ကြီး ခရစ်ဘိုဝင် (Cris Bowen) ၌ လုပ်ပိုင်ခွင့် အာဏာမရှိကြောင်း ကိုလည်း တရားရုံးမှ ပြောကြားခဲ့သည်။

သြစီအစိုးရအနေနှင့် ယခုထုတ်ပြန်လိုက်သည့် ဥပဒေကို ချက်ခြင်း မှတ်ချက်ချ တုန့်ပြန်မှု မရှိခဲ့ပေ။ တရားရုံး၏ ဆုံးဖြတ်ချက်သည် လွန်စွာ စိတ်ပျက်စရာကောင်းကြောင်း လ၀က၀န်ကြီး ခရစ်ဘိုဝင်က တုန့်ပြန်ပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty international မှ ထိုတရားရုံးဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပြီး လူအခွင့်အရေးဆိုင်ရာ ကြီးမားသော အောင်မြင်မှုမှတ်တိုင်တခုအဖြစ် မှတ်ချက်ချလိုက်သည်။

သြစီအစိုးရပိုင် ခရစ္ခမတ်ကျွန်းမှနေ၍ မလေးရှားနိုင်ငံသို့ ပထမဆုံးပြန်လည်ပို့ဆောင်ခံရမည့် ဒုက္ခသည် ၁၆-ယောက်အသုတ်မှစတင်ကာ ယင်းအမှုသည် သြစီတရားရုံးသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

သြစီအစိုးရသည် မလေးရှားသို့ ပထမဆုံးပြန်ပို့မည့် ဒုက္ခသည်တို့ကို ဗွီဒီယိုရိုက်၍ youtube နှင့် facebook ဆိုဒ်များ တွင်တင်ရန် စီစဉ်ထားခဲ့သည်။

ဒုက္ခသည် များဖက်မှ လိုက်ပါ ဆောင်ရွက်ပေးခဲ့သော ရှေ့နေ ဒေးဗစ်မန်း က ဤအမှုကို အလျှင် အမြန်ဆောင်ရွက်ပေးရန် သြစီအစိုးရသို့ အဆိုပြုခဲ့သည်။ “မလေးရှားနိုင်ငံသို့ ပို့ခံရမည်ကို လွန်စွာကြောက်ရွံ့နေကြသော ကျနော့်အမှုသည်တွေအတွက် တရားရုံးဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး ကျနော် အလွန်ကျေနပ်မိပါတယ်” ဟု သူကပြောကြားခဲ့သည်။

Source by :http://burmese.shanrefugeemalaysia.org/
Share this article :

1 comments:

nyinyi said...

လာလည်သွားပါတယ်အကို.......
ကြမ္မာပျော်ရွှင်ပါစေ.........

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။