ဒီသတင်းကြောင့် ယနေ့ Putra Jaya ရှိ Immigration ဌာနမှာ မြန်မာနိုင်ငံသား အများဆုံးပါဝင်သော UN ကဒ်ကိုင်ဆောင်ထားသူတော်တော်များများ လက်ဗွေ နှိပ်မှတ်ပုံတင်ဖို့ လာရောက်ကြတာ လူဦးရေ ၁၀၀၀၀ ကျော်ရှိနေပြီး ထိုထဲကမှ ၈၀ ရာခိုင်နှုန်းလောက် လက်ဗွေ မနှိပ်ရပဲ ပြန်ခဲ့ကြရတယ်လို့ သတင်းရရှိပါတယ် ။.
ထပ်မံပြီး လူဝင်မှု့ကြီးကြပ်ရေး ဌာနမှာ မှတ်ပုံတင်နိုင်တဲ့ပမာဏ အရေတွက်မှာ တစ်ရက်ကို လူဦးရေ ၂၅၀၀ သာ မှတ်ပုံတင်နိုင်သည်ဖြစ်တာကြောင့် ထိုလူစူလူဝေးကြီးအား နောက်ရက်မှ ပြန်လာ ဆောင်ရွက်ရန် ပြောဆို ပြန်လွှတ်လိုက်ကြောင်းသိရပါတယ် ။
ဆက်လက်ပြီး မလေးရှား မှ လူဝင်မှု့ကြီးကြပ်ရေး တာဝန်ရှိ အရာရှိများနှင့် UN ကော်မတီလူကြီးများ ယနေ့ပြဿနာ အတွက် ဖြေရှင်းဖို့ ညှိနှိုင်းရမယ်လို့ Metro သတင်းဌာနက ဖော်ပြထားပါတယ် ။ ယနေ့ ရရှိတဲ့ သတင်းများစွာထဲကမှ UN သမားများ လက်ဗွေ နှိပ်ပြီးပါက မြန်မာပြည်သို့ပြန်ရန် မှတ်ချက်ပါသော ယာယီပါမစ်များသာ ထုတ်ပေးနေတယ်လို့ သိရှိရပါတယ်။
ဒီအတွက် UN သမားများ အထူးသဖြင့်ြ့မန်မာ နိုင်ငံသား များ အတွက် အထူး သတင်းတစ်ခုလို ဖြစ်နေတာကို လဲ သိရှိရပါတယ် ။ အများစုက နေထိုင်လုပ်ကိုင်ရ အဆင်ပြေစေရန် UN ကဒ်များကို လုပ်ထားကြရပေမယ့် မြန်မာပြည်သို့ လက်ရှိအခြေအနေ ပြန်ရန် အခက်အခဲ ဖြစ်တယ်ဆိုတာ သိရပါတယ် ။
UN အနေနဲ့လည်း ထို ပမာဏကို ကိုင်တွယ်ဖြေရှင်းရန် အခက်ကြုံရတယ်ဆိုတာ သိရပါတယ် .။ လက်ရှိ မလေးရှား အစိုးရနဲ့ သြစတေးလျှ အစိုးရ သဘောတူညီမှု့အရ UN ဒုက္ခသည်များ လဲလှည်ရေး အစီအစဉ်များကို ညှိနှိုင်းထားပြီး စတင်အကောင်အထည်ဖော်နေပြီဆို တာ သိရပေမယ့် များပြားလှတဲ့ ဒုက္ခသည်အရေအတွက်ကို ဘယ်လို ဖြေရှင်းမယ်ဆိုတာ UN ကဒ် ကိုင်ဆောင်ထားသူများ အနေနဲ့ စိုးရိမ်နေကြကြောင်းလဲ စုံစမ်းသိရှိရပါတယ်။
ဆက်လက်ပြီး UN ကိုင်ဆောင်သူများ အတွက် သတင်းထူးများ ရရှိပါက ဘာသာပြန်တင်ပေးသွားပါ့မယ်ခင်ဗျာ ။ ယနေ့ရရှိသလောက်သတင်းများကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။
KOMYO
Source by :http://www.edinooyin.com/profiles/blogs/un
0 comments:
Post a Comment