Home » » Robin Hood ဇာတ်ကားသစ် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရ

Robin Hood ဇာတ်ကားသစ် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရ

Written By မောင်စေတနာ on Sunday, May 23, 2010 | 2:19:00 PM


Robin Hood ဇာတ်ကားရိုက်ကွင်းမှ ဒါရိုက်တာ ရိုက်ဒလေစကော့ခ့်၊ ရပ်ဆဲလ်ခရိုးနှင့် ကိတ်ဘလန်ချက်

နာမည်ကြီး သရုပ်ဆောင် ရပ်ဆဲလ်ခရိုး ပါဝင် သရုပ်ဆောင်ထားသော Robin Hood ဇာတ်ကားသစ်သည် ပြစ်သစ်နိုင်ငံတွင် ကျင်းပလျက်ရှိသော ကိန်းရုပ်ရှင်ပွဲတော် အမီ ပြသခဲ့သော်လည်း အမေရိကန် Box office ၏ တစ်ပတ်အတွင်း ၀င်ငွေအကောင်းဆုံး ဇာတ်ကားစာရင်း၏ ဒုတိယနေရာတွင်သာ ရရှိခဲ့ပြီး ဝေဖန်မှု အများအပြားနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

အင်္ဂလန် ဒဏ္ဍာရီသမိုင်းတွင် ရော်ဘင်ဟု သည် (၁၅) ရာစု အစောပိုင်းက ပေါ်ထွက်ခဲ့ ပြီး စည်းစိမ်ကြွယ်ဝ ချမ်းသာသူများထံမှ ငွေကြေးများကို တိုက်ခိုက်လုယူပြီး ဆင်းရဲသားများထံ ဝေငှပေးခဲ့ခြင်းကြောင့် သူရဲကောင်းအဖြစ် မှတ်ယူထားခြင်း ခံရသည်။ ရောဘင်ဟု ကျက်စားခဲ့သော ဒေသမှာ နော့တင်ဟမ်ဒေသရှိ ရှားဝုဒ် သစ်တောအတွင်း၌ ဖြစ်သည်ဟု သမိုင်းပညာရှင်များက လက်ခံထားကြသည်။ သို့သော်လည်း ရပ်ဆဲလ်ခရိုး၏ ဇာတ်ကားတွင် အင်္ဂလိပ် အငွေ့အသက်မပါဘဲ အိုင်းရစ် အငွေ့အသက်များ ပါဝင်နေသဖြင့် အင်္ဂလန် မီဒီယာများက အပြင်းအထန် ဝေဖန်ခဲ့ကြသည်။


အဆိုပါဝေဖန်မှုများကို ရပ်ဆဲလ်ခရိုး က ဒေါသတကြီး ပယ်ချခဲ့ပြီး Gladiator ဇာတ်ကားရိုက်ကူးခဲ့စဉ်က ၄င်းအား အီတလီ အငွေ့အသက်မပါ၍ ဝေဖန်ခြင်းမခံခဲ့ရဘဲ ယခုဇာတ်ကားမှသာ အင်္ဂလိပ် အငွေ့အသက် မပါဝင်သောကြောင့် ဝေဖန်ခြင်းမှာ လက်သင့်မခံနိုင်ကြောင်း Radio 4 နှင့်ပြုလုပ်ခဲ့သော အင်တာဗျူးတွင် ပြောကြားသွားခဲ့သည်။

ဒါရိုက်တာ ရိုက် ဒလေစကော့ခ် ရိုက်ကူးပြီး ရပ်ဆဲလ်ခရိုးပါဝင် သရုပ်ဆောင်ထားသည့် Robin Hood ဇာတ်ကားမှာ ထုတ်လုပ်မှု ကုန်ကျစရိတ် ဒေါ်လာ ၁၅၅ သန်း ရှိခဲ့သော်လည်း ဝေဖန်ရေးဆရာများက ဒေါ်လာသန်း ၄၀ ခန့်သာ ပြန်လည်ရရှိနိုင် လိမ့်မည်ဟု ခန့်မှန်းထားကြသည်။
http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။