Home » » မလေးရှားက ကေသာတက်တိုး ဒီဇိုင်း ပညာရှင်

မလေးရှားက ကေသာတက်တိုး ဒီဇိုင်း ပညာရှင်

Written By မောင်စေတနာ on Wednesday, August 17, 2011 | 4:08:00 PM



ခေတ်စားနေသော ခန္ဓာကိုယ်အနှံတွင် ဆေးမင်ကြောင် ထိုးအလှဆင်ခြင်းများ ခေတ်စား နေခဲ့ပြီး နောက် ဆံကေသာ ပုံဖေါ်တွင် အလှဆင်မှုများ ကယခုအခါ မလေးရှားလူငယ်များအကြား ရေပန်းစားလာ ပါသည်။

ဆံကေသာ ပုံဖေါ်ဒီဇိုင်းများနှင့် စတင် မိတ်ဆက်ပေးခဲ့သူ ဆံပင်ဒီဇိုင်းပညာရှင်Ardy Shafiq Arshad က “ဒီဆံပင်ပုံတွေက တော်တော်လန်းပါတယ်။ ဒါကြောင့်တော်တော်များများက လုပ်လာကြပါတယ် ”ဟု ပြောပါသည်။

“ဖောက်သည်တွေကဒီပုံစံကို လုပ်ပေးဖို့ ပြောလာတော့ ကျွန်တော်အရမ်း အံ့သြသွားရတယ်။ ကျွန်တော်လိုချင်တဲ့ ဒီဇိုင်းပုံထွက်လာတော့ တကယ့်ကို ကြည့်နူးပျော်ရွှင်မိပါတယ်”ဟု ၄င်းကဆိုသည်။ ကေသာ ပုံဖေါ်ရတွင်အရောင်အမျိုးမျိုး ခြယ်သခြင်းနှင့် ကနုတ်ပန်း ပုံ၊စာလုံးပုံစံများ အား ဆံပင်အရင်းရှိ ဦးရေပြား တွင် ထွင်းဖေါ်ခြင့်း ဖြစ်သည်။

.“ခံတံ ခဲဖျက်မသုံးထားတဲ့ သင်းတုန်းဓါး လက်ရေးပန်းချီတစ်မျိုး ပါ” ဟုဂရစ်ဖီတီ ပန်းချီးလောက၌ ကျင်လည်ခဲ့ဖူးသူ Ardy ကဆိုသည်။ ပထမဆုံးဦး ခေါင်းတွင် မိမိနှစ်သက်ရာ ဒီဇိုင်ပုံ ကြမ်းကိုအကြမ်းရေးခြစ်ပြီး နောက် ၄င်းပုံကြမ်းအတိုင်း သင်းတုန်းဓါးဖြင့် ဆံပင်ရိတ်ပုံဖေါ်ရ သည်။

Ardy သည် ကောလိပ်ကျောင်းသားဘ၀၌ လျှပ်စစ်အင်ဂျင်နီယာ သင်ယူခဲ့ သည်။ ထို့နောက် အလုပ်လုပ်ပြီးစုဆောင်းထားသော ငွေကြေးဖြင့်သူငယ်ချင်းဖြစ် သူနှင့်အတူ Hot Hot Cut အလှပြင်ဆိုင်ကိုဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ဂရက်ဖီတီ ပန်းချီလောက တွင်လည်း Ardy၆နှစ်ကြာကျင် လည်ခဲ့သေးသည်။

“ ဘယ်ဆံပင်ညှပ်သင်တန်းကိုမှ မတက်ရောက်ခဲ့ပါဘူး။ ဒီ ဆံပင်ပညာရပ်ကို Youtube ကနေ သင်ယူခဲ့တာပါ” ဟု ၄င်းကဆိုသည်။ လူငယ်များနှင့် ပတ်သက်ပြီးသူက “ကိုယ့်အိမ်မက်ကို ဘယ်တော့မှ မစွန့်ပစ် လိုက်ပါနဲ့၊ ဘ၀မှ ကိုယ်ဘာလုပ် ချင်တာလဲဆိုတာ သိရင်ကိုယ်ကိုယ် ကို ယုံကြည်ချက်ထားပါ၊ ကိုယ့်ရည်မှန်းချက်ဆီ ဆက်လက်ချီတက်ပါ ”ဟုအကြံပေးခဲ့သည်။

thestar

Source by :https://linyonemagazine.wordpress.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။