ကွာလာလမ်ပူ ။ ။ ရဲတပ်ဖွဲ့မှ ဘင်္ဂလားဒေ့ရှ်လူမျိုး(၈)ဦးအား Ampang, Taman Kosas ၌ဖြစ်ပွားခဲ့သော လူသတ်မှုနှင့် ပါတ်သက် နေသည်ဟု ယုံကြည်ပြီး ဖမ်းဆီးခဲ့ကြောင်း သတင်း ရရှိပါသည်။
၎င်းတို့ထဲမှ(၇)ဦးအား ထိုသူတို့နေထိုင်ရာတိုက်ခန်းတွင်ပင် ဖမ်းဆီးရမိပြီး ကျန်တစ်ဦးအား Ampang ရှိ ဟိုတယ်တစ်ခုတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။
Selangor ရဲတပ်ဖွဲ့မှ ရဲအရာရှိ Mohd Adnan က ၎င်း ရဲတပ်ဖွဲ့ဝင်များသည် လူသတ်ရာ၌ အသုံပြုသည်ဟု ယူဆရသော လက်နက် တစ်ခုကိုလည်း ထိုသူတို့အား ဖမ်းဆီးရမိသော တိုက်ခန်းတွင်ပင် တွေ့ရှိရကြောင်း ပြောကြားခဲ့ပါသည်။
အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးနှင့် (၅)နှစ်အရွယ် ကလေးငယ်တစ်ဦးအား Astaria တိုက်ခန်းတွင် အသတ်ခံ ထားရသည်ကို တွေ့ရှိရကြောင်း၊ ၎င်းတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို အိတ် (၆) ခု ဖြင့်ထုပ်ထားပြီး (၅)ထပ်ရှိ အိမ်သာထဲတွင် စွန့်ပစ်ထားသည်ကို တွေ့ရှိရကြောင်း၊ ရဲတပ်ဖွဲ့က ထိုသို့ စွန့်ပစ်ထားသည်မှာ ရက်သတ္တပါတ် ကြာမြင့်ပြီဟု ယုံကြည်ရပြီး ပုပ်သိုးနေသည့် အလောင်းများအား DNA နည်းဖြင့် စစ်ဆေးကြည့်ရာ အမေနှင့်သားဖြစ်ဟု ဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါသည်။
အနီးအနားမှ နေထိုင်သူများ၏ ထွက်ဆိုချက်များအရ ထိုအမျိုးသမီး နေထိုင်သည်မှာ (၁၀)နှစ်ကျော်ရှိပြီ ဖြစ်ကြောင်း၊ ဆက်လက်ပြီး သတင်းဌာနမှ စစ်ဆေးရာတွင် ယမန်နေ့က အခင်းဖြစ်ပွားသည့် နေရာနှင့် မီတာအနည်းငယ် အကွာအဝေးတွင် အိတ်တစ်ခုကို တွေ့ရှိရကြောင်း၊ ထိုအိတ်ထဲတွင် အမည်မဖော်လိုသူ အမျိုးသမီး၏ ဆုတ်ပြဲနေသော ဓါတ်ပုံတစ်ပုံနှင့်အတူ ဘင်္ဂလားဒေ့ရှ်(၂)ဦး၏ ဗီဇာ၊ အဝတ်အစား အနည်းငယ်ကိုပါ တွေ့ရှိရကြောင်း သိရှိရပါသည်။
ဓါတ်ပုံမှာအမျိုးသမီး၏ ပုံဖြစ်ပြီး ရှင်းလင်းစွာမြင်ရခြင်းမရှိဟု သတင်းဌာနကပြောကြားခဲ့ပါသည်။ ထို့ပြင်ထိုအိတ်မှာလည်း လူသတ်မှုနှင့် ပါတ်သက်ခြင်း ရှိမရှိကို ရှင်းလင်းစွာ မသိရှိရသေးဟုလည်း သိရှိရပါသည်။
သို့သော် လက်ဗွေရာများ၏ စစ်ဆေးချက်များအရ ထိုအမျိုးသမီးမှာ နိုင်ငံခြားသားဖြစ်ကြောင်း၊ ဆက်လက်ပြီး Ampang ဒေသခံရဲဌာန ရဲအရာရှိ Amiruddin Jamaluddinက သူမ၏ တိုင်းပြည်ကို ဆက်လက် စုံစမ်းနေကြောင်း၊ ထို့ပြင် ၎င်းတို့ရဲတပ်ဖွဲ့မှလည်း သူမ၏အလုပ်နှင့် သူမ၏နေထိုင်မှု အနေအထားကို ဆက်လက်စုံစမ်း စစ်ဆေးလျက် ရှိကြောင်းလည်း သိရှိရပါသည်။
Source by :http://lannthit.co.nr/

0 comments:
Post a Comment