Home » » Blog Day (Tag Post)

Blog Day (Tag Post)

Written By မောင်စေတနာ on Monday, August 29, 2011 | 10:33:00 PM



31.8.2011 ရက် Blog Day နေ့လေး အတွက် စာပေဝါသနာရှင် ဘလော့ကာများရဲ့ ဝက်ဆိုက် တော်တော်များများမှာ ဒီပိုစ့်လေးက နေရာယူနေကြပြီ ဖြစ်ပါတယ်။ ကျွန်တော်က ကိုယ်ပိုင်ပိုစ့်တွေ သိပ်မရေးနိုင်ပေမဲ့ အခုလို တဂ်လုပ်လာတဲ့ ပိုစ့်တွေဆို ကျွန်တော် အချိန်ရတာနဲ့ ရေးပေးပါတယ်။ Blog Day နေ့လေး အတွက် အမှတ်တရ အထူးတဂ်လုပ်ထားတဲ့ သူကတော့ ကျွန်တော်ရဲ့ ဘော်ဒါကြီးဖြစ်တဲ့ မောင်စွယ်စုံကျမ်း ပါ။ တဂ်လုပ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။

ကျွန်တော့်ကို ဘလော့ဂါ လောကထဲ ကို စခေါ်ခဲ့သူတော့ ကိုစံလင်းထွန်း ပါ။ သူက ဘာလော့တစ်ခုကို စတင်ဖွင့်ပေးခဲ့တယ်။ နောက် တစ်ယောက်က ကိုလတ်ပါ။ သူက ကျွန်တော်ကို လမ်းပြပေးခဲ့ဖူးတယ်။ နောက်ဆုံး တစ်ယောက်က ကိုဝဏ္ဏထွန်းပါ။ သူက ကျွန်တော်နောက်ကနေ အမြဲလိုလို လိုအပ်တာလေးတွေကို ကူညီပေးပါတယ်။

ကျွန်တော်လည်း စာပေဝါသနာ ပါတယ်နဲ့ ဘလော့တစ်ခုရတော့ အရမ်းပျော်ခဲ့ရတယ်။ အရင်က တားဂတ်မှာပဲ အချိန်တွေ တော်တော်ကုန်ခဲ့ဖူးတယ်။ ဒါနဲ့ 9.9.2009 နေ့လေးမှာ ကိုယ်ပိုင်ဆိုက်လေးကို ပိုင်ဆိုင်ခွင့်လေး ရရှိခဲ့ပါတယ်။ ဘလော့ ဆိုက်လေးရတော့ ကျွန်တော်အားတာနဲ့ အင်တာနက်ဆိုင်ကိုသွားပြီး တော်တော်ကလိဖြစ်တယ်။( အခုတော့ မသွားရတော့ပါဘူး ... အခုက အိမ်မှာပဲ ကလိဖြစ်တာ):D

အရင်က စဖွင့်တယ်ဆိုတော့ သူများဆိုက်မှာ ရှိတာတွေလှတာလေးကို လိုချင်မိတယ်။ ကိုယ်တိုင်က ဘာမှ မတတ်ဘူးဆိုတော့ သူငယ်ချင်းကို မေးရတာပေါ့။ ခက်တာက သူကလည်း ကို့ယ်အနားမှာ မရှိတော့ သူလာတုန်းလေ ကိုယ်မသိတာလေးတွေကို မေးထားရတာပေါ့။ ကျွန်တော် သူများကို မေးဖို့ဆိုတာက တော်တော်ဝန်လေးတတ်တဲ့ လူတစ်ယောက်ဆိုတော့ သူက တစ်ခုပြရင် ကိုယ်ကနှစ်ခုလောက် ရအောင် ကလိတာပါပဲ။ ညညဆို အင်တာနက်ဆိုင်မှာ တစ်ခါတစ်လေဆို ညကနေ မိုးလင်းတဲ့ အချိန်အထိ ဇွဲကောင်းကောင်းနဲ့ ကလိဖြစ်တယ်။

ဘလော့တစ်ခုရတော့ ကိုယ်ပိုင်စာတွေပဲ ရေးမယ်လို့ ဆုံးဖြတ်ပြီး လုပ်ခဲ့တာပါ။ ဒါပေမဲ့ အသက်ရှင်နေတဲ့ အချိန်ခဏလေးမှာ သူတစ်ပါးအတွက် အသုံးဝင် အသုံးတည့်သော လူတစ်ယောက် ဖြစ်ရမယ်လို့ ရည်ရွယ်ချက်လေးနဲ့ပဲ ကိုယ်ပိုင်ကနေ ပရဟိတ အများအတွက် အဆင်ပြေတဲ့ အစီအစဉ်လေးကို ထည့်သွင်းခဲ့ပါတယ်။

ပိုစ့်တွေတင်ပြီးရင် ကိုယ့်ဆိုက်ကို ၁ရက်ကြာ ၂ ရက်ကြာရင် ဘယ်သူတွေက ဘာလာပြောထားတာလဲ ဆိုပြီး လာကြည့်ရတာက ရင်ခုန်စရာလေး ကောင်းပါတယ်။ စဖွင့်ဖွင့်ဆိုတော့ ကိုယ့်ဆိုက်ကို လူတွေက သိပ်မသိကြဘူးလေ ... တစ်နေ့ ၅ ယောက်လောက် လာလည်ဖို့ မပြောနဲ့တစ်နေ့တစ်ယောက်တောင် အနိုင်နိုင်ပါ။ သူများရဲ့ ဝက်ဆိုက်ကို လိုက်ကြည့်ရင်း အားကျမိတယ်ဗျာ။ပြီးတော့ ကျွန်တော်က နည်းပညာနဲ့ ပက်သက်လာရင် ဘာမှ မသိဘူး မတတ်ဘူး ဆိုတော့လေ ဆိုက်ထဲမှာ လျှောက်ကလိဖြစ်တယ်။ အရင်ကထက်ဆို အခုကျွန်တော့်ဆိုက်လေးက အရမ်းအောင်မြင် တိုးတက်လာတဲ့အတွက် ကျွန်တော်အရမ်းကို ပီတိဖြစ်မိပါတယ်။ စာဖတ်သူများရဲ့ ကျေးဇူးတွေကြောင့်ပါ။ ဘလော့နဲ့ ပက်သက်ပြီး ကျွန်တော်အားရင် အားလို့ လေ့လာဖြစ်တယ်။ ပြီးတော့ ဘာလော့အသစ်ဖွင့်ချင်တဲ့ သူငယ်ချင်းတွေကိုလည်း ကျွန်တော်သိသလောက် ကူညီဖွင့်ပေးခဲ့ပါတယ်။ အရင်ကထက်တော့ ဘာလော့နဲ့ ပက်သက်ပြီး တဖြည်းဖြည်းနဲ့ သိတာနားလည် လာတော့တာပေါ့ ဘာလော့ကို ကလိအားကြီး လို့ ဆရာတောင် နားတော့လို့ ပြန်ပြောရတယ်။ ( အဲလောက်တောင် ကြိုးစားတာပါ):P



ဖရီးဝက်ဆိုက်ဆိုတော့ Blogspot.com ဆိုတော့လေ မြန်မာက သူငယ်ချင်းတွေက ဝင်လို့ မရဘူး ပြောလာလို့ ကျွန်တော်နဲ့ အွန်လိုင်းပေါ်မှာ ခင်တဲ့ ကိုရဲ့ ဆိုတဲ့ အစ်ကိုတစ်ယောက်က Myanmarblogger.org ဆိုပြီး လုပ်ဖို့ ပြောပြလာပါတယ်။ ဖရီးရတယ်ဆိုတော့ ကျွန်တော်လည်း လုပ်ဖြစ်တယ်။ အခုလို နားလည်အောင် ပြောရမယ်ဆို CO.CC လိုပေါ့။ ဖရီးပေးထားတယ်လေ။http://nayzawlin.myanmarbloggers.org/ ဆိုပြီး တစ်နှစ်လောက် ဒီလိပ်စာလေးနဲ့ လုပ်ဖြစ်တယ်။

ဒီလိုနဲ့ တဖြည်းဖြည်း သူများတွေက လင့်ချိတ်ပေးကြလို့ နာမည်ရ နေရာရလာတာပါ။ နာမည်ရနေတုန်းမှာ ပြသာနာက စတော့တာပဲဗျာ။ တစ်နေ့ ဝက်ဆိုက်က ဖွင့်လို့မရတော့ဘူးဗျာ။ Myanmarblogger.org ဒိုမိန်းက ပျက်သွားတာပါ။ Myanmarblogger.org လိပ်စာနဲ့ လုပ်ထားတဲ့ ဝက်ဆိုက်တွေ တော်တော်များများ လင့်ပျက်သွားကြတယ်။ ကျွန်တော် ဆိုက်လည်း အပါအဝင်ပေါ့ ... ဒါနဲ့ http://nayzawlin1.blogspot.com ဆိုပြီး blogspot ဘဝကို ပြန်ရောက်ခဲ့ပါတယ်။ အခုတော့ အလှူရှင်ထပ်ပေါ်လို့ .com ပြန်ပြောင်းထားတာပါ။

လင့်လိပ်စာက ပျက်သွားတော့ စာဖတ်သူတွေ အလည်လာနေသူတွေ ဝင်လို့ မရတော့ပြန်ဘူး။ ဒါနဲ့ အရင်လို ဆိုက်တွေကို လိုက်လည် ၁ ကနေပြန်စပြီး ပြန်တည်ထောင် ရပြန်ရောနော် .. ဘလော့ကာ တစ်ယောက် ဖြစ်ရတဲ့ ဒုက္ခက မသေးပါဘူးဗျာ။ လင့်တစ်ခု ပျက်တာနဲ့ ကိုယ့်ဆိုက်ကို ဝင်လို့ မရတော့ဘူးလေ။

အခုဘလော့ရေးနေတဲ့ သူတွေထဲမှာ ကျွန်တော်နဲ့ ရင်းနှီးတဲ့သူတွေက နည်းပါတယ်။ သူများအိမ်ကို သိပ်မလည်နိုင်တာလည်း ပါတယ်။ အချိန်က မရဘူးတော့လေ အရင်လို မသွားနိုင်တော့လို့ အဆက်အသွယ် ပြတ်သွားတဲ့ ဝက်ဆိုက်တွေ တော်တော်များများ ရှိခဲ့ပါတယ်။ ကျွန်တော် နဲ့ ရင်းနှီးခွင့်ရခဲ့တဲ့ ဘာလော့ကာတွေ ဖြစ်တဲ့ ဘုန်းဘုန်းတောက်ပကြယ်စင် ၊ ကိုစံလင်းထွန်း ၊ ကိုလတ် ၊ ကိုဝဏ္ဏထွန်း ၊ ဦးလေး ထားဝယ်နေမျိုး ၊ ကိုခင်မောင်ချင်း ၊ မောင်စွယ်စုံကျမ်း ၊ ကိုကိုးအမ် ၊ ကိုရဲထွန်းဇော် ၊ ကိုဖြိုး ၊ ငွေလမင်း ၊ ကိုဇော် ၊ ကိုအုပ် ၊ ကိုညီသူ ၊ ကိုနေဝဿန် ၊ ဦးဦးလေမိုး ၊ ခရေတွန် ၊ သားကြီး ၊ ကိုကြီး ၊ ကိုအလင်းသစ် ၊ ကိုစောင်းလုလင် ၊ ဒီဇင်ဘာမောင်မောင် ၊ ငြိမ်းချမ်းကို ၊ နေမင်း ၊ ကိုကိုအောင် ၊ ထစ်ချုန်း ၊ ကိုညီညီ ၊ အန်တီတင့် ၊ အစ်မ ခင်ဦးမေ ၊ မညလေး ၊ မခိုင်နုငယ် ၊ မမအိန်ဂျယ်လှိုင် ၊ တီလေး Jasmine ၊ မမ အိမ်လွမ်းသူ ၊ တို့ဖြစ်ပါတယ်။ (ကျွန်တော် မှတ်မိသလောက် ရေးထားတာပါ။ နာမည်မပါသူများ အမြန်ဆက်သွယ်နိုင်ပါသည်။)

နောက်ဆုံး ကျွန်တော်ပြောချင်တာက အွန်လိုင်းပေါ်မှာ ဝါသနာရှင်များ တစ်နေ့ထက် တစ်နေ့ ပေါများလာပြီး လူသားတိုင်းအတွက် အသုံးဝင် အသုံးချနိုင်သော နည်းပညာ အထွေထွေ သုတ ရသ စာပေ များ ဆက်လက် ပေါ်ထွက်လာပါစေ။ လို့ ပြောကြားရင်း ..... ဤတွင်ပဲ နိဂုဏ်းချုပ် လိုက်ပါတယ်ဗျာ။( ဒီနေရာမှာ ဆက်ပြောနေရင် ကျွန်တော် အိပ်ရတော့မှာ မဟုတ်ဘူးလေ အခု ည ၁၂ နာ၇ီကျော်နေပီ :P) ဆက်ရေးစေချင်ရင် မနက်ဖြန် လိုအပ်တာ ပြန်ရေးပေးမယ်နော် ... ကျေနပ်တယ်မလား ... ;P

ဖြစ်ပါတယ်။တစ်ခါတည်း ကြေငြာလိုက်မယ်နော် ... 9.9.2011 ရက်နေ့ကျရင် ဘလော့သက်တမ်း ၂ နှစ်ပြည့်နေ့လေး အမှတ်တရ အနေနဲ့ သူငယ်ချင်းကို မုန့်ကျွေးမယ်နော် ... ကျွန်တော်ရဲ့ ဘလော့အိမ်ကို အလည်လာကြဦးနော် ... အချိန်မရတော့လို့ ဘယ်သူ့ကိုမှ တဂ် မလုပ်တော့ဘူးဗျာ။ မနက်ဖြန်ပဲ 31 ရက်နေ့လေ .... ကဲ ... ပြောပြီးပြီ ဆိုတော့ ကျွန်တော် အိပ်ပီနော် ... ;bye!

မြန်မာ့ ဝါသနာရှင် ဘလော့ဂါမောင်နှမများ အားလုံးကို ခင်မင်လေးလျှက်

နေဇော်လင်း

30.8.2011

12;47 AM

Share this article :

11 comments:

Anonymous said...

ဘလော့ဒေး လာဖတ်တယ်ညီ...

တောက်ပကြယ်စင် said...

ကိုနေဇော်လင်းရေ မင်္ဂလာပါ။ ဒီညတော့ ထီပေါက်ထားသလား အောက်မေ့ရတယ်။ ဘုန်းဘုန်းနာမည်ပါလို့လေ။ ဟီး။ ကိုနေဇော်လင်းက အလုပ်ကတစ်ဖက်၊ သတင်းလိုက်နေရတာကတစ်ဖုံဆိုတော့ ဘယ်လာအားတော့မလည်း။ လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ ဘုန်းဘုန်းက ခင်မင်ရတဲ့ သူငယ်ချင်းတွေထဲမှာ ကိုနေဇော်လင်း အမြဲရှိပါတယ်ဆိုတာ ပြောကြားလိုက်ပါရစေလား။ (ကိုဇော်နဲ့ ကိုမိုးယံတို့ကိုလည်း သတိရကြောင်း ပြောပေးပါဦး) ကျန်းမာပျော်ရွှင်ပါစေ ကိုနေဇော်လင်းရေ။

KMC@ချင်းလေး said...

ညီလေးနေဇော်လင်းပြောသလို(ပို့စ်တင်ပြီးတစ်ရက်နှစ်ရက်နေဘယ်သူက ဘာပြောသွားခဲ့သလဲဆိုတာရင်ခုန်စရာကောင်းလွန်လွန်းလို့ကျနော်ဆိုရင် အိမ်မှာရှိနေတိုင်းF5ကိုနှိပ်နှိပ်နေရတာအမောဗျို့:P)ပါပဲဗျာ..။

Angelhlaing(May everybody be happy and healthy! said...

Happy blog day ပါမောင်လေးရေ။
ဘလော့သက်တမ်း(၂)နှစ်ပြည့်ရင် မုန့်ကျွေးမယ်ဆိုတော့ ပထမဆုံအနေနဲ့ ရှေ့ဆုံးက တန်းစီပြိး စောင့်နေတယ်နော် မောင်လေးရေ..:):)

မောင်(စွယ်စုံကျမ်း) said...

နေရာလာဦးတာဗျာကိုနေ..ပီးမှာပြန်လာရေးမှာ..အခုကားကွင်းမှာမလို့ နော်..wifi မိနေတာမက်ဒေါနားမှာလေခဏသုံးကြည့်တာပြန်လာရေးမှာနော်ပထမဆုံးအစောဆုံးသူများထက်အရင်ကွ..

မောင်(စွယ်စုံကျမ်း) said...

ကိုနေရေ..နေရာဦးထားပေမယ့်သူများတွေ
ကရေးပြီးသွားကြပီနော်ဘာပြောရမှန်းကိုမသိပါဘူး
ဒီနေ့ ပျော်တယ်သိလား...အခုမက်ဒေါနားဆိုင်ထဲမှာ
လေကားကွင်းမှာအမှတ်တရအပျော်တွေနဲ့ အတူကို
နေလည်းပျော်ရွှင်ပါစေလို့ ....

mstint said...

ဘလော့ဂ်ဒေးအမှတ်တရလေးဖတ်သွားတယ်နော်။
အခွင့်အခါသင့်တိုင်း နွေးထွေး ချစ်ခင် ကြည်နူးစရာကောင်းတဲ့ ဘလော့ဂ်ရွာလေးမှာ အသစ်အသစ်သော စာပေတွေကို ပျော်ရွှင်စွာနဲ့ ရေးသား မျှဝေနိုင်ပါစေကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေလို့။

မေတ္တာဖြင့်
အန်တီတင့်

Thazin said...

Happy blog day

Thazin said...

Happy blog day

Thazin said...

Happy blog day

KZaw said...

ကိုနေဇော်လင်းရေ...ကျွန်တော်က ဘာဘလော့မှမရေးတက်ဖူးဆိုတာအစ်ကိုလဲသိတယ်နော် ဘလော့ကာတွေရေးတဲ့ဆိုဒ်၊နည်းပညာတွေတင်တဲ့ဆိုဒ်တွေကိုပဲသွားပြီးလေ့လာသင်ယူနေသူပါ။စာဖတ်သူတစ်ဦးဆိုလဲမမှားပါဘူး။ ဆိုဒ်ကိုအမြဲလာအားပေးနေပါတယ် လိုချင်တာတွေလဲယူတယ်နော် ကိုနေ.. ဒီထက်မကပျော်ရွှင်စွာနဲ့အလုပ်တွေလုပ်နိုင်ပါစေဗျာ အားလုံးဘလော့ကာတွေလဲကျန်းမာပျော်ရွှင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ လေးစားလျှက်........

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။