Home » » မျက်ရည်စက်များ ရဲ့ အနက်သဘော

မျက်ရည်စက်များ ရဲ့ အနက်သဘော

Written By မောင်စေတနာ on Monday, August 29, 2011 | 8:38:00 PM



မျက်ရည်ကျတယ်ဆိုတာ လူတိုင်းတစ်ချိန်ချိန်မှာ ဖြစ်တတ်တဲ့သဘောမို့ ဆန်းတယ် လို့တော့မဆိုသာပါဘူး။ ဘ၀မှာမှတ်မှတ်ထင်ထင်အဖြစ်အပျက်တွေ ဆိုတာ အနည်းနဲ့ အများရှိကြ ဖူးပြီး သားပဲလေ။ သံယောဇဉ်ကြီးလွန်းတဲ့ ချစ်သူ ခင်သူတွေ အပြီးအပိုင် စွန့်ခွာ သွားကြပြီ ဆိုမှ တော့ မျက်ရည်တွေကိုတားမရဆီး မရအောင် သည်းသည်းထန်ထန် ငိုဖြစ်ကြ သည်ပေါ့။ ဒါမှမဟုတ် ကိုယ့်ရဲ့ရည် မှန်းချက်တွေလွဲချော်ပြီး အရှုံးနဲ့ ရင်ဆိုင်ရတဲ့ အခါမျိုးမှာ လည်း စိတ်မထိန်းနိုင်ဘဲ ငိုဖြစ်ပြန်ရော။

ပစ္စည်းဥစ္စာတွေအကြောင်းအမျိုးမျိုးကြောင့် ဆုံးပါးတဲ့ အခါမှာ လည်း ဖြေမဆည်နိုင်အောင် ဖြစ်တတ်ကြရပါတယ်။ ကောင်းပြီ။ ၀မ်းနည်း ပူဆွေးခြင်း၊ ဆုံးရှုံးခြင်းနဲ့မခံမရပ်နိုင်အောင်ဖြစ်ရတဲ့ စိတ်ခံစားမှုတွေရဲ့ သင်္ကတ ဟာ မျက်ရည် လို့ပဲဆိုမယ် ဆိုရင်ပေါ့။

ဆန့်ကျင်ဘက်ခံစားမှုဖြစ်တဲ့ ကြည်နူးပီတီ တသိမ့်သိမ့်ခံစားရတော့လည်း ဒီမျက်ရည်စက် တွေကပိုးပိုး ပေါက်ပေါက် ကျတတ်ပြန်ရော။ ရင်ထဲထိရှပြီး စူးစူးနစ်နစ် ခံစားရတဲ့အခါမျိုးမှာ ကျေနပ် ပီတီဖြစ်ရရင် မျက်ရည်လည်ရသလို ရှိုက်ကြီးတငင်လည်း ငိုတတ်ကြပြန်တယ်။ ဒါကတော့ ၀မ်းသာလို့ကျတဲ့ မျက်ရည်စက်တွေ။

တကယ်တော့ရင်ထဲက ကြေကွဲလွမ်းဆွေးမှုတွေနဲ့ ကြည်နူးဝမ်းသာမှုတွေ အတွက် ပြယုဂ်က တော့ ငိုကြေးခြင်းလို့ဆိုကြတယ်။ တချို့ရှိတယ်။ ထစ်ခ နဲဆို ရင်ထဲထိအောင် ခံစားတတ်တာမို့ မျက်ရည်လွယ် တတ်ကြပါတယ်။ ဒါပေမဲ့ တချို့သူတွေကျပြန်တော့ ရင်ထဲကခံစားမှုတွေ၊ အပျော်တွေနဲ့ ၀မ်းနည်း ပူဆွေးမှုတွေကို သိုသိုသိပ်သိပ် ထိန်းသိမ်းနိုင်စွမ်းရှိတယ်။ ဒီတော့ မျက်ရည် မကျအောင် ထိန်းနိုင်အောင်။ ဒါကိုအသည်းမာတယ်လို့လည်း ပြောတတ်ကြ တယ်။

“ငိုတတ် သူဟာ ကိုယ့်ကိုယ်ကိုယ် ပိုပြီးနားလည်နိုင်သလို သူများတကာ ကိုလည်း ပိုပြီးနား လည်နိုင် တယ်”လို့ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးခဲ့ပါတယ်။သိပ်မကြာခင်ကပဲဆိုပါတော့၊ သိပ်ချစ်ကြတဲ့ ဇနီးမောင်နှံနှစ်ဦးမှာ ယောက်ျားဖြစ်သူကပြောတယ်။

“ကျွန်တော့်မိန်းမဟာ ကျွန်တော်တို့ မင်္ဂလာဦးကာလတုန်းက ဓာတ်ပုံ လေးကိုကြည့်ပြီး ရှိုက်ကြီး တင်ငိုနေတာတွေ့ရလို့ မေးကြည့်လိုက်တယ်။ အဲဒီဓာတ်ပုံလေးဟာ ကျွန်တော်တို့ ဆင်းရဲကျပ်တည်း တဲ့ဘ၀တုန်းက စိုးရွံ့မှု တွေရော မျှော်လင့်ချက်တွေပါ ရောထွေးနေတဲ့ ကာလမှာ ရိုက်ထားခဲ့တဲ့ဓာတ် ပုံလေးပေါ့” ဇနီးသည်က ပြန်ပြောလိုက်တယ်။

“ကျွန်မတို့နှစ်ယောက် အိမ်ထောင်ကျခါစ နှစ်ဆယ်ကျော်ကျော်အရွယ် တွေတုန်းက ဘယ်လောက်ဆင်းရဲကျပ်တည်းပြီး ဘ၀ကိုရုန်းကန်ခဲ့ရသလဲဆို တာတွေ တွေးမိပြီး မျက်ရည် ကျမိတာပါ။ လက်ရှိဘ၀မှာ အေးချမ်းပြည့်စုံတဲ့ ဘ၀လေးကို ပိုင်ဆိုင်ခွင့်ရနေပါပြီ။ ဒါပေမဲ့ ဒီဓာတ်ပုံထဲမှာ ကျွန်မတို့နှစ်ယောက် လက်ချင်းမြဲမြဲတွဲထားပြီး ဘ၀ကိုအတူရုန်းကန်ကြဖို့ အားတင်းထားပုံကိုကြည့် မိတိုင်း မျက်ရည်ကို ထိန်းမရပါဘူးရှင်”တဲ့။

နှလုံးသားရဲ့ခံစားချက်ကို မျက်ရည်နဲ့ထုတ်ဖော်ပြသတဲ့သဘောမို့ဘ၀ မှာ ကြုံဆုံခဲ့ရတဲ့ ကြေကွဲမှုတွေအတွက် ထွက်ပေါက်တစ်ခုလို့လည်းဆိုနိုင် ပါတယ်။ တစ်နေ့ အထက်တန်း ကျောင်း တစ်ကျောင်းရဲ့ ရွှေရတုနှစ်ပတ်လည်နေ့မှာ လူလတ်ပိုင်း တွေရော သက်ကြီး ရွယ်အိုတွေပါ တပျော်တပါးတက်ရောက်လာ ကြတယ်။ မတွေ့ရတာ ကြာကြာ လှပြီမို့ ဖက်လဲ တကင်းနှုတ်ဆက်ကြရင်း ရှေး ဟောင်းနှောင်းဖြစ်တွေကို ပြောကြ ဆိုကြတာ ပေါ့။ ဆရာအိုကြီး တွေ၊ တပည့် ဟောင်းတွေဆုံကြတဲ့ပွဲမို့ တကယ့် ကိုကြည်နူး စရာမြင်ကွင်း တစ်ခုပါပဲ။ ဆရာ ကြီး၊ ဆရာမကြီးတွေကထိုင်ခံပေါ်မှာ နေရာယူ ထားကြချိန်မှာ တပည့်ဟောင်း တွေက ကြမ်းပြင်ပေါ်မှာ ကျုံ့ကျုံ့ကလေး ထိုင်နေကြတာပေါ့။

ဧည်ခံကျွေး မွေးချိန်ရောက်တော့ ဆရာကြီးတစ်ဦး (အသက်(၈၀)ကျော်)က ဘီးတပ်ကု လားထိုင်မှာထိုင် ရင်း အအေးပုလင်းကိုကိုင်ပြီး သောက်မယ်အလုပ်မှာ လက် ချောင်းတွေက မမြဲတာကြောင့် ပုလင်းကကျကွဲသွားတယ်။ အနားမှာရှိတဲ့ တပည့်တစ်ဦး (အသက်(၄၀)ကျော်) ကဖန်ကွဲတွေကို သိမ်းလိုက်တယ်။

နောက် ထပ်အအေးတစ်ပုလင်းကို ယူလာပေးရင်းကိုယ်တိုင် ဖန်ခွက်မှာထည့်လို့ ဆ ရာကြီးကို တိုက်ပေးလိုက်တယ်။ ဆရာကြီးရဲ့မျက်လုံးတွေမှာ မျက်ရည်တွေ ၀ဲနေတယ်။ ဇရာရဲ့ ထိုးနှက်မှုတွေ အတွက် ၀မ်းနည်းလို့လား ဒါမှမဟုတ်တပည့် တွေရဲ့ ကြင်နာ ယုယမှုနဲ့ပြုစု တာကြောင့် ပီတီမျက်ရည်ဝဲလားဆိုတာတော့ ဆရာကြီးကိုယ်တိုင်ပဲသိမှာပါ။

ကူညီပေး တဲ့ တပည့်မကတော့ စာသင်ခန်းအလွတ်တစ်ခုထဲဝင်ပြီး အား ပါးတရငိုခဲ့တယ်။ သူငယ်ချင်း တစ်ယောက်က အကြောင်းအရင်းကိုမေးကြည့် တဲ့အခါ-“ငါတို့ငယ်ငယ်က သိပ်ကိုသွက်လက်ဖျက်လတ်ပြီး စေတနာထားသင်ပြ ပေးခဲ့တဲ့ ဆရာကြီးကို အခုလိုအခြေအနေမျိုးနဲ့ ပြန်တွေ့လိုက်ရတာမို့ ၀မ်း နည်းလွန်းလို့ပါဟာ။ နောက်တစ်ခုကတော့ အခုလိုအရွယ်လွန် ကျေးဇူးရှင်ဆရာ ကြီးကို ငါဂရုတစိုက်ပြန်စုခွင့်ကြုံရလို့ ၀မ်းသာ ၀မ်းနည်း ဖြစ်မိတာပါ”တဲ့။

ဒုတိယကမ္ဘာစစ်ကြီး ပြီးခါစအချိန်လောက်မှာ သူငယ်ချင်းနှစ်ယောက်ဟာ ဂျာမနီနိုင်ငံ တောင်ပိုင်း ဒေသတစ်ခုကိုဖြတ်ပြီး ခရီးသွားခဲ့ကြတယ်။ သူတို့စီး လာတဲ့ ဂျစ်ကားနဲ့ မနီးမဝေး မှာ ဖုန်းတထောင်းထောင်းထနေတဲ့ လမ်းတစ် လျှောက်၊ အ၀တ်အစားတွေစုတ်ပြတ်ပြီး ကျောပိုးအိတ် ကိုယ်စီလွယ်ရင်း လျှောက်လှမ်းနေကြတဲ့ ဂျာမန်စစ်သားတွေကို လှမ်းတွေ့ လိုက်ရ တယ်။

သူ တို့တစ်တွေဟာ စစ်ကြီးပြီးသွားလို့ သူတို့အိမ်တွေရှိရာကို သွားနေကြ သူတွေ ပါပဲ။ သူငယ်ချင်းတစ်ယောက်က ပြောလိုက်တယ်။ “ငါအဲဒီနာဇီဂျာမန်တွေကို တကယ့်မုန်းတီးမိတယ်။ သူတို့တစ်တွေဟာ ငါတို့ဂျူးတွေကို ချေမှုန်းခဲ့ကြတယ်လေ။ ဒါပေမဲ့ကွာ အခုတော့ ငါ့အမြင်တစ် မျိုးပြောင်းသွားပြီ”

“ဘယ်လိုပြောင်းသွားတာလဲ”

“သြော် . . . သူတို့ဟာ ကြည့်ပါဦး။ နေပူပူထဲမှာ ဖုန်အလိမ်းလိမ်း နဲ့လျှောက်သွားနေလိုက်ကြတာ။ ဒါပေမဲ့ သူတို့ရဲ့မျက်နှာတွေမှာ တက်ကြ လန်းဆန်းနေတယ်။ သူတို့ဟာ နှစ်နဲ့ချီပြီးခွဲခွာနေခဲ့ရတဲ့ သူတို့ရဲ့ မိသားစုတွေ၊ မိဘဆွေမျိုးနဲ့ ချစ်သူတွေဆီကို မျှော်လင့်တကြီးနဲ့ သွားနေကြတာ။ သူတို့ ရဲ့မိသားစုအိမ်တွေဆီကို သွားနေကြတာပေါ့။ သူတို့ကို အားရ၀မ်းသာကြိုနေ မယ့်သူတွေကို ငါတွေးပြီးမြင်မိတယ်။ သူတို့တစ်တွေကို စစ်ကြီးအတွင်းမှာ အသက်မသေဘဲ ပြန်ဆုံခွင့်ရမယ့်မိဘ၊ ဆွေမျိုးသားချင်းတွေ မြင်လိုက်ရရင် ဘယ်လောက်များဝမ်းသာလိုက်ကြမလဲနော်”

ပြောပြနေတဲ့သူငယ်ချင်းရဲ့ မျက်လုံးအိမ်တွေမှာတော့ ကျခါနီးဆဲဆဲမျက် ရည်တွေပြည့်လို့။ ကြည်နူးရိပ်ရဲ့သင်္ကေတ မျက်ရည်တွေလို့ပဲဆိုရမှာပါ။ အဲ ဒီသူငယ်ချင်းနှစ်ယောက်ဟာ သဲဂန္တာရတစ်ခုကို ဖြတ်သွားတဲ့အခါ ပိရမတ်ကြီး တွေ၊ ကျောက်ဆစ်ရုပ်ထုကြီးတွေကို တအံ့တသြ ငေးမောနေမိခဲ့ကြတယ်။ တစ်ဦးကပြောလိုက်တယ်။

“တကယ့်ကို အံ့သြချီးကျူးစရာ လက်ရာတွေပဲကွာ၊ ထုဆစ်နိုင်ခဲ့ကြတဲ့ လူသားတွေရဲ့အစွမ်းကတော့ တကယ့်ကိုအံ့မခန်းပဲဟေ့“ဆိုတော့နောက်တစ် ဦးက -

“ငါကတော့ကွာ ဒီလိုအံ့သြစရာကောင်းတဲ့ ကျောက်ဆစ်လက်ရာတွေကို ထွင်းထုခဲ့ကြတဲ့ လူသားတွေကို သနားစိတ်ဝင်မိတယ်။ သူတို့တွေဟာ အဲဒီ အချိန်တုန်းက ခေတ်မီ နည်းပညာ တွေလည်း မထွန်းကားသေးသလို ခေတ်မီ ကိရိယာတွေလည်း မပေါ်သေးတော့ တော့်တော့် ကိုပင်ပန်းခဲ့ကြမှာပဲ။

သူတို့ရဲ့ လက်တွေဟာ ဘယ်လောက်တောင်နာကျင်ကိုက်ခဲကြမလဲ။ သူတို့ရဲ့ချွေးစက် တေါဟာ ရေတွေလိုစီးကျနေမှာ၊ ဒါပေမဲ့ သူတို့ရဲ့ မျက်နှာတွေမှာတော့ ဂုဏ်ယူဝင့်ကြားနေမှာသေချာပါတယ်။ သူတို့ရဲ့အစွမ်းကို သက်သေခံမယ့် လက်ရာတွေဟာ နောက်လာ နောက်သားတွေအတွက် ဂုဏ်ယူစရာဖြစ်နေမှာ ကိုး။ ဒါကြောင့်ငါမျက်လုံးတွေမှာ ပီတိမျက်ရည်တွေ ပြည့်နေတာကိုမင်းအံ့ သြမယ်မထင်ပါဘူးကွာ”လို့ ဖြေလိုက်တယ်။

လောကသဘာဝ ဖြစ်တတ်တဲ့အတွေ့အကြုံတစ်ခုဆိုပါစို့။ အပျော်လေး တွေနဲ့ရောထွေးနေတဲ့ ၀မ်းနည်းကြေကွဲမှု၊ စိတ်ပညာရှင်တစ်ဦးရဲ့ အဆိုအရ ကတော့-

“ဘယ်တစ်စုံတစ်ယောက်ကမှ အပျော်သက်သက်မငိုပါဘူး။ ငိုတယ်ဆို ရင်လည်း အဲဒီမျက်ရည်တွေဟာ သူ့ရင်ထဲက ၀မ်းနည်းစရာတစ်ခုခုကို ဖုံး ကွယ်ဖို့ကြိုးစားတာ”တဲ့။

ဆိုပါစို့၊ မင်္ဂလာဧည့်ခံပွဲ အခမ်းအနားတစ်ခုမှာပေါ့။ သတို့သမီးဖြစ်တဲ့ သမီးဟာ သူမရဲ့ချစ်သူနဲ့ တစ်သက်တာ လက်တွဲခွင့်ရတာမှာမို့ ကြည်နူးပျော် ရွှင်နေတယ်။ မျက်ရည်မကျဘူး။ အရာရာဟာ စိတ်ချမ်းသာစရာတွေချည်း လို့ပဲ လက်ခံထားတယ်။

တချို့ တော့ရှိတာ ပေါ့။ မချစ်မနှစ်သက်သူနဲ့ လက်ထပ်ရတဲ့အခါခံစားရ ကတော့ ခြင်းချက်ပေါ့။ သတို့သမီးလေးရဲ့ အမေကရော၊ အမေအနေနဲ့လည်း ပျော်ပါတယ်။ သမီးလေးရဲ့ တင့်တောင့်တင့် တယ် မင်္ဂလာပွဲတစ်ခု အထမြောက်အောင်မြင် သလို သမီးလေးရဲ့ ရှေ့ရေး အတွက် ရင်အေးသွားရတာကိုး။ ဒါပေမဲ့ အမေ့ ရင်ထဲမှာ ၀မ်းနည်းကြေကွဲမှုတွေကလည်း အပြည့်၊ ပြည့်ဆိုအမေ့ရင်ထဲမှာ သမီးလေးကို တစ်စိတ်တစ်ဒေသပဲ ပိုင်ဆိုင်ခွင့်ရတော့မှာလေ။ သူစိမ်းတစ် ရံဆံလက်ထဲကို အပ်လိုက်ရတဲ့အပြင် အမေ့ထက်ပိုချစ်သွားတော့မှာ။ အို… ဒါတွေတွေးရင်းတွေးရင်း မျက်နှာမှာ အပြုံးတွေနဲ့ဖုံးထားပေမယ့် ရင်ထဲမှာတော့ မျက်ရည်တွေနဲ့ပေါ့။ ပရိသတ်အလယ်မှာ ဟန်မပျက်အောင် ကိုယ့်ကိုယ်ကိုယ် ထိန်းရင်း နေသွားကြရသည်ချည်းပေါ့။

တစ်ခါတစ်ရံကျပြန်တော့ သဘာဝ အလှတရားတွေကို ခံစားရတဲ့အခါ ကြည်ကြည်နူးနူးကြီး ကျတဲ့မျက်ရည်မျိုးဆိုတာလည်း ရှိပါတယ်။ ကဗျာဆရာကြီး ချားလ်စ်ဟာ အပျော်ခရီး တစ်ခုထွက်လာတဲ့ အခါမြင့်မား တဲ့တောင်တန်းကြီးနားက ပြာလဲ့နေတဲ့ ရေကန် ငယ်လေး တစ်ခုနားကို ရောက် သွားခဲ့တယ်။ ကန်စပ်တစ်လျှောက်မှာ အစုလိုက် အုပ်လိုက်ပွင့်နေကြတဲ့ နှင်း ပန်းဝါ၀ါတွေကို မြင်လိုက်ရတော့ ရင်ထဲမှာအပျော်တွေကူးစက်ပြီး ပီတိမျက် ရည်တွေ ကျခဲ့ပါတယ်လို့ ဆိုတယ်။

ယေဘုကျအနေနဲ့ကတော့ စိတ်အပန်းဖြေပြီး နားနားနေနေရှိနေတဲ့အချိန် မှာထက် စိတ်ဖီးတင်း ကျပ်မှုတွေ ရှိနေတဲ့အခါ၊ ဒေါသတကြီး ခံစားရတဲ့အခါ တွေမှာ မျက်ရည်ကျလေ့ရှိပါတယ်လို့ ပညာရှင်တွေ က သတ်မှတ်ပြောဆို ခဲ့ကြတယ်။ ဒါပြင် ဒေါသထွက်ချိန်၊ ကြောက်ရွံ့ထိတ်လန့် ချိန်တွေမှာ ကိုယ် ခန္ဓာရဲ့အစာချေဖျက်မှုဟာ ရပ်ဆိုင်းသွားတယ်။ သွေးဖိအားတိုးလားပြီး နှလုံး ခုန်သံမြန်လာတယ်။

ကိုယ်ခန္ဓာဟာ မာကြောခက်ထန်လာတယ်။ ရင်ထဲက ခံစားမှုတွေက ကိုယ်ခန္ဓာ ကို တင်းကျပ်စေတယ်။ အဲဒီလိုအချိန်အခါမျိုးမှာ အားပါးတရ ငိုချလိုက်ခြင်းဟာ ကိုယ်ခန္ဓာ ကို ပုံမှန်အနေအထားကိုပြန်ရောက် အောင် လုပ်ပေးနိုင်သလို စိတ်သက်သာရာ ရစေတယ်လို့လည်းဆိုပါတယ်။ နောက်ပြီး ရုပ်ပိုင်းဆိုင်ရာ ရောဂါတချို့ဖြစ်တဲ့ ပန်းနာ၊ ခေါင်းတစ်ခြမ်းကိုက် ခြင်းဝေဒနာ စတာတွေကိုလည်း သက်သာစေပါတယ်လို့ဆေးပညာရှင်ကြီး တစ်ဦးကပြောပါတယ်။

ဒါကြောင့် မျက်ရည်ရဲ့ စွမ်းပကားကြောင့် ရုပ်ပိုင်းဆိုင်ရာခံစားမှုတွေဖြစ်တဲ့ ဝေဒနာတွေ လျော့ပါး သက်သာ ခွင့်ရသလို ရင်ထဲက ကြိတ်မနိုင်ခဲမရတဲ့ ဒေါသနဲ့ပြင်းထန် တဲ့စိတ်ခံစားမှု တွေဟာ မျက်ရည်နဲ့အတူ စီးမျောသွားနိုင်ပါတယ် ဆိုတဲ့အကြောင်း ရေးသားထားတာကို ဖတ်ဖူးခဲ့ပါတယ်။

ကျွန်မရဲ့ သီးသန့်ခံစားမှုလို့ပဲ ပြောပါရစေ။ အမေ့လိုအသက်အရွယ်(၇၀) ကျော် အင်္ကျီဖြူဖြူလက်ရှည်၊ ဘီးကျော်ပတ်နဲ့ သက်ကြီးပိုင်း အမျိုးသမီးတစ် ယောက်ယောက်ကိုတွေ့ရင် ကျွန်မမျက်ရည်ဝဲခဲ့ရစမြဲပါ။ အမေ့ကိုခွဲခဲ့ရတာ နှစ်ကြာပေမယ့် အခုထိလွမ်းနေဆဲမို့ ကြေကွဲမျက်ရည်စက်တွေဆိုတာကိုတော့။

ချို

Source by :https://linyonemagazine.wordpress.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။