
သီချင်းချစ်သူ စာဖတ်သူ မိတ်ဆွေများ အားလုံး မင်္ဂလာပါ ခင်ဗျာ။
ဒီတစ်ခါ သီချင်း ချစ်သူများ တောင်းဆို လာတဲ့ သီချင်းလေးကို ဆက်လက် တင်ဆက် ပေးသွားမှာ ဖြစ်ပါတယ်။ အခု တောင်းဆို လာတဲ့ သီချင်း လေးက R ဇာနည် သီဆိုထားတဲ့ "ကိုယ့်အနားရှိစေချင်" သီချင်းလေးပါ။ ဒီသီချင်းလေးကို ကျွန်တော်လည်း နားထောင်ဖူးပါတယ်။ ဝေးနေရတဲ့ ချစ်သူအတွက် ရည်ရွှယ်သီဆိုထားတဲ့ သီချင်းလေး ဖြစ်ပါတယ်။ သီချင်း တောင်းဆိုလာတဲ့ ကိုသက်ထွေးအောင် နဲ့ အတူ အဆိုတော် Rဇာနည် ရဲ့သီချင်းကို နှစ်သက်တဲ့ သူတွေအားလုံး အတွက်ပါ။အားလုံးပဲ ဒီ သီချင်းလေးကို နှစ်သက်မယ် ထင်ပါတယ်ဗျာ။ သီချင်းလေးကို ချစ်သူနဲ့ ဝေးနေရလို့ ချစ်သူသိစေဖို့ တောင်းဆိုပါတယ်လို့ မေးမှတဆင့် ရေးသား လာပါတယ်။ သီချင်း တောင်းဆိုလာတဲ့ ကိုသက်ထွေးအောင် နဲ့ အတူတူ အခု စာဖတ်သူ မိတ်ဆွေများလည်း အမှတ်တရ နားဆင် ခံစား လိုက်ရအောင်ပါ။ သီချင်း တောင်းဆိုလာတဲ့ အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျား ...

1 comments:
မင်းမကြည့်လို့ မသိတာပါ...အချစ်က မင်းဘေးနားမှာပါ...
Post a Comment