Home » , » မလေးရှားမှ သူငယ်ချင်းများ ကျေးဇူးပြ၍ ကူညီပေးကြပါရန်

မလေးရှားမှ သူငယ်ချင်းများ ကျေးဇူးပြ၍ ကူညီပေးကြပါရန်

Written By မောင်စေတနာ on Sunday, January 15, 2012 | 4:30:00 AM



မလေးရှားမှ သူငယ်ချင်းများ ကျေးဇူးပြ၍ ကူညီပေးကြပါရန်

မောင်လေးရေ ....

အစ်မ အမျိုးသားရဲ့ ညီလေးက ၁၉၉၈ ခုနှစ်က တည်းက မလေးမှာ အလုပ်လုပ်ရင်း အဆက်အသွယ် မရတာ အခုထိဘာဘဲကွယ်။ အစ်မတို့ လည်းတတ်နိုင်သလောက် လက်လှမ်းမှီရာ မေးမြန်းပေမဲ့ ဘာမှ သတင်း အစ်မတို့ မရဘူးကွယ် .... မိသားစုတွေလည်း စိတ်ပူနေပါတယ်။

အခု အစ်မ သူ့ရဲ့ ဓါတ်ပုံနဲ့ ကိုယ်ရေးရာဇ၀င် အချို့ကို ပေးလိုက်ပါတယ်။ သေလား ရှင်လား မသိတော့ မိဘတွေမှာလည်း ဘာလုပ်ရမှန်း မသိဖြစ်နေပါတယ်။ ကျေးဇူးပြုပြီး မောင်လေးရဲ့ ဘလော့ဂ်ရော နီးစပ်ရာ ဝက်ဆိုက်တွေမှာ ကူညီတင်ပေး စေချင်ပါတယ်။




အမည် - လှဖုန်း (ခေါ်) ကိုကို
အဘ - ဦးလှသိန်း
အသက် - ယခုသက်ရှိထင်ရှား ရှိလျှင် ၄၇ နှစ်
နေရပ် - အမှတ်(၆) ဓမ်မိက၀တီလမ်း၊ စမ်းချောင်း ၊ ရန်ကုန်

ဆက်သွယ်ရန်

မခင်ခင်စိန်

khinsein2008@gmail.com

အထက်က ရေးထားသလိုပါပဲ စာဖတ်သူ သူငယ်ချင်း မိတ်ဆွေများလည်း ဖော်ပြပါ ဦးလေးကို မြင်ဖူးတယ် တွေ့ဖူးတယ် ဆိုရင် ဆက်သွယ်ပြီး ကူညီပေးလိုက်ကြပါနော် ... သူငယ်ချင်းက စိတ်ကောင်းရှိပါတယ်။ သူတစ်ပါး အခက်အခဲ ဖြစ်နေတာ တတ်နိုင် သလောက် ကူညီ ပြောပြလိုက်ကြပါနော် ... ကျေးဇူးတင်ပါတယ်။



www.nayzawlin.com - www.nayzawlin1.net - www.nayzawlin1.org

အဝေးရောက် မြန်မာနိုင်ငံသားများ နှင့် မလေးရှားရောက် မြန်မာများ အတွက် အထူး ဝန်ဆောင်မှု ကူညီမှုဖြင့် ကျွန်တော်၏ ဆိုက်လေးတွင် ဘာသာရေးကိစ္စများ လူမှုရေး ကိစ္စများ အလုပ်အကိုင်ကိစ္စများ လူပျောက် ကြေငြာများ မိမိတို့ရဲ့ ကိုယ်ရေး ကိုယ်တာ ကိစ္စများ နှင့် မွေးနေ့ ဆုတောင်းများ မင်္ဂလာ ဆုတောင်းများ အမှတ်တရ သီချင်း တောင်းလို သူများ စီးပွားရေး လုပ်ငန်း ကြော်ငြာချက် လေးများကို မလေးရှားနိုင်ငံအတွင်းမှ သီးသန့် နေ့စဉ် လူဦးရေ 1352 နှင့် နိုင်ငံအားလုံး နေ့စဉ် ဝင်ရောက်ဖတ်ရှုနေသော ဦးရေ 4578 ရှိသော www.nayzawlin.com တွင် စေတနာဖြင့် အခမဲ့ ကူညီ ဖော်ပြ ထည့်ပေးလျှက် ရှိပါသည်။ ဆက်သွယ်ရန် - nzl@nayzawlin.com - nayzawlin1@gmail.com nayzawlin@nayzawlin1.net - Phone : 0 1 0 - 2 1 4 8 6 7 7 သို့ ဆက်သွယ် ပေးပို့ ကြော်ငြာ နိုင်ပါသည်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။