အဆိုပါ စာမေးပွဲကို ဇွန်လ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တို့တွင် သန်လျင်မြို့ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်တွင် ကျင်းပခဲ့ရာ စာမေးပွဲဝင် ရောက်ဖြေဆိုရန် ၄၉၁၃ ဦးလျှောက်လွှာတင်ခဲ့ပြီး ၄၅၂၃ ဦးဝင်ရောက် ဖြေဆိုခဲ့ကြောင်း သိရသည်။
“စာမေးပွဲအောင်မြင်သူတွေ အလုပ်လျှောက်ထားဖို့အတွက်ကို ထုတ်ပြန်ကြေညာပေးခဲ့ပါတယ်”ဟု အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှ တာဝန်ရှိသူက ပြောပြခဲ့သည်။ စာမေးပွဲ အောင်မြင်သူများသည် အလုပ်လျှောက်ထားရန် အတွက် ဓာတ်ပုံခြောက်ပုံ၊ EPS-TOPIK စာမေးပွဲအောင်လက်မှတ် မူရင်းနှင့်မိတ္တူ၊ ဆေးအောင်လက်မှတ်မူရင်းနှင့် မိတ္တူ (အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီ အသိအမှတ်ပြု ဆေးခန်း)၊ သက်တမ်းရှိသော နိုင်ငံကူးလက်မှတ် မူရင်းနှင့်မိတ္တူ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားမူရင်းနှင့် မိတ္တူ၊ သန်းခေါင်စာရင်းမူရင်းနှင့် မိတ္တူ၊ ပညာအရည်အချင်း အောင်လက်မှတ်မူရင်းနှင့် မိတ္တူနှင့်လုပ်ငန်း ကျွမ်းကျင်မှု အထောက်အထားများ လိုကြောင်း သိရသည်။
EPS စာမေးပွဲအောင်စာရင်း ကို http://eps.hrdkorea.or.kr ၊ epstopik.hrdkorea.or.kr နှင့် epsklt.hrdkorea.or.kr တို့တွင် လည်း ၀င်ရောက်ကြည့်ရှု နိုင်သည်။
Source by :http://www.weeklyeleven.com/
0 comments:
Post a Comment