Home » » နိုင်ငံကူးလက်မှတ် သုံးပတ်နှင့် ရမည်

နိုင်ငံကူးလက်မှတ် သုံးပတ်နှင့် ရမည်

Written By မောင်စေတနာ on Wednesday, July 13, 2011 | 8:02:00 PM

http://yangonmedia.com/news/imagelibrary/LocalNews/LocalNews_848.jpg
photo :http://yangonmedia.com/

နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းကို ပိုမို မြန်ဆန်စွာ ဆောင်ရွက်ပေးရန် စီစဉ်နေကြောင်း ရန်ကုန်မြို့ရှိ လက်မှတ် ထုတ်ပေးရေး အဖွဲ့ ထံမှ သိရသည်။

“သုံးပတ်နဲ့ ထုတ်ပေးဖို့ ကျနော်တို့မှာ အစီအစဉ် ရှိပါတယ်၊ အကောင်အထည် ဖော်နိုင်အောင်လည်း ကြိုးစားနေတယ်” ဟု နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးအဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောသည်။

ထိုအစီအစဉ် မည်သည့် အချိန်တွင် စတင်မည်ကို အတိအကျ မသိရသော်လည်း မကြာမီ ဖြစ်ပေါ်လာမည်ဟု ဆိုသည်။

စာအုပ် ဟု အများက ခေါ်ကြသည့် နိုင်ငံကူးလက်မှတ် ရရှိရေးအတွက် ပုံမှန် စောင့်ဆိုင်းရသည့် ကာလမှာ တလ ဖြစ်သည်။

“တလ ကြာတယ် ဆိုတာကလဲ လျှောက်ထားသူရဲ့ နောက်ကြောင်း ပြစ်မှု ရှိမရှိ စစ်တာတွေ လုပ်ရတယ်၊ ပြစ်မှုကင်းတဲ့လူဆို တလ ဆိုတာနဲ့ စာအုပ် ထွက်ပါတယ်” ဟု နိုင်ငံကူးလက်မှတ် လျှောက်လွှာများ စိစစ်ရေး ဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

စာအုပ်ရရှိရေး ခက်ခဲနေသူများထဲတွင် အမှု ရင်ဆိုင်နေရသူများ၊ အမည်ပျက်စာရင်း ၀င်နေသူများ ပါဝင်သည်ဟု သိရသည်။

ဇူလိုင် ၁ ရက်နေ့က ရန်ကုန်မြို့လယ်၊ ပန်းဆိုးတန်းလမ်းရှိ နိုင်ငံကူးလက်မှတ်ရုံးကို ရန်ကင်းမြို့နယ်သို့ ပြောင်းရွှေ့သွားပြီး ရက်ပိုင်းအတွင်း လုပ်ငန်းများ ပိုမို မြန်ဆန်စွာ ဆောင်ရွက်မည် ဟူသော သတင်း ထွက်လာခြင်း ဖြစ်သည်။

ရုံးသစ်တွင် လုံခြုံရေး ပိုမို တင်းကျပ်ထားသည်ကို တွေ့ရကြောင်း နိုင်ငံကူးလက်မှတ် လျှောက်ထားသူတဦးက ပြောသည်။

“ရုံး အ၀မှာ မှတ်ပုံတင် နဲ့ လူကို ကွန်ပျူတာစနစ်နဲ့ စစ်ပြီး မှတ်တမ်း တင်တယ်၊ ဓာတ်ပုံ ရိုက်ယူတယ်၊ ပြီးမှ အထဲကို ပေးဝင်တော့တယ်” ဟု သူက ရှင်းပြသည်။

ရန်ကုန် တမြို့တည်းတွင်သာ နိုင်ငံကူးလက်မှတ်ရုံးရှိပြီး လက်မှတ်ရလိုသူ ကိုယ်တိုင် ရုံးသို့ ကိုယ်တိုင် သွားရောက် လျှောက်လွှာတင်ရမည်ဖြစ်သည်။

Source by :http://www.irrawaddy.org
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။