Home » » ကျောင်းဖွင့် ရာသီနှင့် ပုဂ္ဂလိက ဘော်ဒါ ပညာရေး . . . .

ကျောင်းဖွင့် ရာသီနှင့် ပုဂ္ဂလိက ဘော်ဒါ ပညာရေး . . . .

Written By မောင်စေတနာ on Friday, July 8, 2011 | 5:15:00 PM

http://www.weeklyeleven.com/images/stories/June_11/Bi/495.jpg

ဇွန်လ ၁ ရက်နေ့မှစတင်ကာ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်၏ ကျောင်းဖွင့်ရာသီရောက်ရှိလာခဲ့ပြီ ဖြစ်ရာ အစိုးရပညာရေးကို လိုလားသောမိဘများအနေဖြင့် ၎င်းတို့၏ သားသမီးများကို အခြေခံပညာ အထက်တန်းကျောင်းများသို့ တက်ရောက်စေခြင်းများ ရှိလာမည့် အပြင် ပုဂ္ဂလိကပညာရေးကို လိုလားသူများမှ လည်းဘော်ဒါများ၊ ပုဂ္ဂလိကကျောင်းများသို့ အပ်နှံခြင်းများ ရှိလာမည် ဖြစ်သည်။

သို့ရာတွင် ယမန်နှစ်က ရန်ကုန်၌ ပုဂ္ဂလိကကျောင်းများ အနေဖြင့် စမ်းသပ်လုပ်ကိုင်ခွင့်ပြုခဲ့သော လက်ရှိ ဘော်ဒါဆောင်များသည်လည်း တရားဝင်ကျောင်းဖွင့်ခွင့်ရရန် အခြားဘော်ဒါများနည်းတူ မှတ်ပုံတင်ခြင်း ပြန်လည်ပြုလုပ်ကြရသည်ဟု စုံစမ်း သိရှိရသည်။

သို့ဖြစ်ရာ ယမန်နှစ်က စမ်းသပ်ခွင့်ပြု လုပ်ကိုင်ခွင့်ရရှိခဲ့ပြီးဖြစ်သော ရန်ကုန်ရှိ ဘော်ဒါများထဲမှ အင်းစိန် (ရွာမ)ရှိဦးသန်းစိန်(သင်္ချာ)က “ဆရာတို့ကို ဘာမှညွှန်ကြားချက် တစ်စုံတစ်ရာ မလာသေးတော့ ဒီအတိုင်း ဆက်ဖွင့်ဖြစ်မှာပါ။ ဒီနှစ်ကျောင်းမှာ ငါးတန်းကနေ တက္ကသိုလ်ဝင်တန်း အထိ လက်ခံသင်ကြားနေပါတယ်။ နယ်ကမိဘတွေအတွက် အဆောင်ထားနိုင်ဖို့ စီစဉ်မှုတွေလုပ်ထားသလို နေ့တက် ကျောင်းသားတွေလည်းရှိခဲ့ ပါတယ်”ဟု ပြောကြားခဲ့ပါသည်။

ရန်ကုန်ရှိ ပုဂ္ဂလိကဘော်ဒါ များ၊ ယမန်နှစ်က စမ်းသပ်လုပ်ကိုင်ခွင့် ရရှိထားပြီးဖြစ်သော ပုဂ္ဂလိက ကျောင်းများမှာမူ သက်ဆိုင်ရာနယ် မြေအလိုက် အခြေခံပညာအစိုးရ အထက်တန်းကျောင်းများနှင့် တွဲဖက် ဖွင့်လှစ်ကြရမည် ဖြစ်သည်။

ယခုအခါ ဘော်ဒါများနှင့်တန်းတူ ပုဂ္ဂလိက ကျောင်းများသည်လည်း အစိုးရကျောင်းများသို့ တွဲဖက်ကျောင်းအပ်ခြင်းများ ပြုလုပ်ထားကြရမည် ဖြစ်သည်။

လက်ရှိ ကိုယ်ပိုင်ဘာသာရပ်ဆိုင်ရာ သင်တန်းကျောင်း၊ ကျူရှင် များအတွက် သက်ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းပြီး ဥပဒေနှင့်အညီ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်ကိုလည်း မေလ ၂၄ ရက်နေ့ကပြုလုပ်ခဲ့သည့် ပညာရေးကဏ္ဍ အဆင့်မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲအခမ်းအနားတွင် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ က ပညာရှင်များနှင့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။ သို့ရာတွင် ရိုးရာယဉ်ကျေးမှုကို ထိခိုက်စေသောပညာ ရေးဝန်ဆောင်မှုမျိုး မဖြစ်စေရန်လည်း ကြီးကြပ်သွားမည် ဖြစ်သည် ဟု အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ပညာရေးဝန်ဆောင်မှု လုပ်ငန်းတွင် ပုဂ္ဂလိကအခန်းကဏ္ဍ က ပါဝင်ဆောင်ရွက်နိုင်ရေး အတွက် ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေ နှင့် နည်းဥပဒေများကိုလည်း ပြည်ထောင်စုလွှတ်တော်သို့ အဆိုပြုတင်သွင်းနိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက် ရှိနေသည်ဟုလည်း အထက်ပါ အလုပ်ရုံ ဆွေးနွေးပွဲမှ သိရှိရသည်။

“ ဘော်ဒါပညာရေးက ရန်ကုန်ထက်နယ်ဘက်တွေမှာ ပိုပြီး တွင်ကျယ်တယ်။ နယ်ကဘော်ဒါဆောင် တစ်ခုမှာဆို အတန်းစုံကျောင်းသားပေါင်း ခြောက်ထောင်ကျော်လောက် ရှိကြတယ်။ မိဘတွေ ရဲ့စီးပွားရေး၊ သားသမီးအပေါ် ကြည့်ရှုနိုင်မှုပေါ်မှာ ကွဲပြားပြီး ဘော်ဒါတွေ ထားကြတယ်။ သူတို့ဆို ပုဂ္ဂလိကကျောင်း ဖွင့်ခွင့်ရဖို့ အရမ်းမျှော်လင့်တယ်။ ပြီးတော့ ပုဂ္ဂလိကကျောင်းအဖြစ် အကြမ်းဖျင်း သတ်မှတ်ချက်တွေနဲ့ အကုန် ကိုက်ညီမှုရှိတယ်လို့ ပြောလို့ရတယ်။ အခုအစိုးရသစ်အနေနဲ့လည်း ပညာရေးမှာ ပုဂ္ဂလိကအခန်းကဏ္ဍကို မြှင့်တင်သွားမယ်ဆိုတော့ ကြိုဆိုရမှာ ပါပဲ။ ဒါပေမယ့် တစ်ပြေးညီ ကိုက်ညီမှုရှိတဲ့ ငွေကြေးသတ်မှတ်ချက် တွေ၊ ထိုက်သင့်တဲ့ ငွေကြေးတွေ၊ ပညာရေးမှာ စဉ်ဆက်မပြတ် အကဲဖြတ်ကြည့်ရှုပြီး စံသတ်မှတ်ချက်နဲ့ မကိုက်ရင် ဘက်မလိုက်ဘဲ အရေးယူ နိုင်တဲ့စနစ်လေးတွေ ထားရှိနိုင်မယ်ဆို ပညာရေးဟာအရမ်းကို ကောင်းမွန်မယ့် အလားအလာရှိလာနိုင်မှာပါ” ဟု ဒေါက်တာစိုးဝင်းဦး(ဇီဝဗေဒ) က ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံ၌ ပုဂ္ဂလိကဘော်ဒါများ၊ ကျောင်းများသမိုင်းအကျဉ်း

* ကိုလိုနီခေတ်တွင် ပုဂ္ဂလိကကျောင်းများ များစွာရှိခဲ့။
* ၁၉၄၈ မတိုင်မီထိ လူပုဂ္ဂိုလ် အမည်နာမများဖြင့် ပုဂ္ဂလိကကျောင်းများစွာ တိုင်းနှင့်ပြည်နယ် အသီးသီးတွင်ရှိခဲ့။
* ၁၉၆၄ ခုနှစ် ဧပြီလ ၃၁ ရက်နေ့တွင် ပုဂ္ဂလိက အလွတ်ပညာသင် ကျောင်းများအား ပြည်သူပိုင် အဖြစ် သိမ်းဆည်းခဲ့။
* ၂၀၁၀-၂၀၁၁ ပညာသင်နှစ်မှစ၍ လက်ရှိ ဘော်ဒါဆောင်များထဲမှ ၁၀ ခုကို ပုဂ္ဂလိကကျောင်းများ ပေးမည်ဆိုသည့်သတင်းများ ထွက်ပေါ်ခဲ့။


Source by :http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။