Home » » စာဖတ်သူများအတွက် အစီအစဉ် ကဏ္ဍအသစ်များကို ထပ်မံတိုးချဲ့ထည့်သွင်းသွားမည်။

စာဖတ်သူများအတွက် အစီအစဉ် ကဏ္ဍအသစ်များကို ထပ်မံတိုးချဲ့ထည့်သွင်းသွားမည်။

Written By မောင်စေတနာ on Monday, July 4, 2011 | 8:03:00 PM



တစ်နေ့တစ်နေ့ များလာသော အလည်လာရောက်ကြသော စာဖတ်သူများရဲ့ တောင်းဆိုချက်အရ ကျွန်တော်ရဲ့ ဆိုက်လေးမှာ ယခုလ 7 ရက်နေ့မှ စတင်၍ Blog ၊ Computer ၊ အားကစား ၊ ကိုရီးယားသတင်း ၊ ပညာရေး ၊ စသည့် အမျိုးအစားများကို ထပ်မံ စီစဉ် ထည့်သွင်းပေးပါမည် ဖြစ်ကြောင်း အလည် လာရောက်ကြသော စာဖတ်သူများကို အသိပေးပါတယ် ခင်ဗျား။

အခု အသစ် ထပ်ဖွင့်တဲ့ http://www.nayzawlin1.org/ ဆိုက်လေးလည်း 80% ပြီးစီးနေပါပြီ။ စတင်ဖွင့်တဲ့နေ့ကို ရောက်ရင် စာဖတ်သူ များကို အသိပေးသွားမှာပါ။ http://www.nayzawlin1.org/လေးက သတင်း နှင့် မီဒီယာ ဆိုက်လေးတစ်ခုလို ပြုလုပ်ထားပြီး မလေးရှားမှ သတင်း ဗဟုသုတ များကို အတတ်နိုင်ဆုံး တင်ဆက်ပေးနိုင်ရန်အတွက် စိတ်ကူးထားပါတယ် ခင်ဗျား ။

ပြီးတော့ မလေးရှားမှာရှိတဲ့ မြန်မာတွေအတွက် အွန်လိုင်းကနေ အလွယ်တကူ သိနိုင်စေရန်အတွက် မလေးရှားနိုင်ငံအတွင်း ရှိသော မြန်မာဆိုင်များ ၊ မဂ္ဂဇင်း ၊ ဂျာနယ် ၊ အဖွဲ့အစည်း လိပ်စာများ ၊ ဝက်ဆိုက် လင့်လိပ်စာများ ၊ မလေးရှားရောက် မြန်မာ ဗုဒ္ဓဘာသာဝင်များအတွက် ဘုန်းကြီးကျောင်းများ တည်ရှိသောနေရာ လမ်းညွန်ချက် အစီအစဉ်လေးများ ကိုလည်း ထပ်မံထည့်သွင်းပေး သွားမှာပါ။

အထက် ဖော်ပြပါ အစီအစဉ် များကို 7.7.2011 ရက်နေ့ တွင် စတင်၍ ဆက်လက် အကောင်အထည် ဖော်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း စာဖတ်သူ မိတ်ဆွေများကို ကြိုတင် အသိပေးအပ်ပါတယ် ခင်ဗျား ...



ဆက်လက်ကြီုးစားလျှက်

admin@nayzawlin1.org



Share this article :

2 comments:

KMC@ချင်းလေး said...

ဝမ်းသာစရာမင်္ဂလာသတင်းလေးပါပဲ... ကျေးဇူးတင်ပါရဲ့အစ်ကိုနေဇော်လင်းရေ.

KMC@ချင်းလေး said...

ဝမ်းသာစရာမင်္ဂလာသတင်းလေးပါပဲဗျာ.. ကျေးဇူးတင်ပါရဲ့ကိုနေဇော်လင်းရေ... :)

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။