မလေးရှားနိုင်ငံတွင် ထုတ်ဝေသော The Star သတင်းစာတိုက်၏ အယ်ဒီတာချူပ်ဟောင်း တစ်ဦး ဖြစ်သူ Datuk V.K. Chin ( ၇၅ နှစ်) သည် ကွာလာလမ်ပူ ရှိ The Prince Court Medical Center ၌ တစ်လနီးပါး ဆေးကုသမှု ခံယူခဲ့ပြီး၊ မနေ့က နံနက်ပိုင်း ၅း၃၀ တိတိတွင် ကွယ်လွန် သွားခဲ့ပြီ ဖြစ်ကြောင်း သိရှိရသည်။
Datuk VK. Chin သည် The Star သတင်းစာတိုက်သို့ ၁၉၈၂ ခုနှစ်တွင် စတင်ဝင်ရောက် လုပ်ကိုင်ခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် The Star ၏ အယ်ဒီတာချူပ် တစ်ဦး ဖြစ်လာခဲ့သည်။
The Star ၏ အကြံပေး အယ်ဒီတာတစ်ဦးအဖြစ်လည်း ၁၉၉၃ ခုနှစ်မှ ၂၀၀၈ ခုနှစ်ထိ သူ့၏ အသက် ၇၂ နှစ် ပြည့်သည် အထိ လုပ်ကိုင်ခဲ့သည်။
Datuk VK. Chin ၏ အသုဘ အခမ်းအနားအား ကွာလာလမ်ပူ၊ Cheras ရှိ Xiao En Centre ၌ မနက်ဖြန် နံနက် ၁၁ နာရီတွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
Source by :http://aarnewsid.wordpress.com/
0 comments:
Post a Comment