Home » » ဈေးကွက်တွင်း ပျံ့နှံ့နေသော လိင်စိတ်ကြွ ကော်ဖီများ အသက်အန္တရာယ်ရှိ

ဈေးကွက်တွင်း ပျံ့နှံ့နေသော လိင်စိတ်ကြွ ကော်ဖီများ အသက်အန္တရာယ်ရှိ

Written By မောင်စေတနာ on Saturday, June 18, 2011 | 8:40:00 PM


ပုလဲနှင့် ကနုကမာခွံများမှ ထုတ်ယူရရှိ ထားသော ဓါတ်ပစ္စည်းဖြင့် ရောနှောထားသော ဆေးတောင့်များတွင် လိင်စိတ်တက် ကြွစေသည့် Tadalafil ခေါ် ဓါတုဗေဒ ဆေးဝါးတမျိုးဖြင့် ရောနှောထားသည်ဟု မလေးရှား အာဏာပိုင်များ ကဆိုသည်။

အဆိုပါ လိင်စိတ်ကြွရန် နှိုးဆော်သည့် ဆေးဝါးထုတ်ကုန်ပစ္စည်းများကို သောက်သုံးပါက ဦးနှောက်ဆဲလ်များ ပျက်ဆီးခြင်း၊ နှင့် သွေးကြော ပေါက်ပြီး သေဆုံးသည့်အထိ ဖြစ်နိုင်ကြောင်း ကျန်းမာရေးဌာနက သတိပေးထားသည်။

ရောင်းချသော ကုမ္ပဏီများက ၎င်းတို့ ၏ ကော်ဖီနှင့် အခြားလိင်စိတ်တက်ကြွ စေသော ဆေးတောင့်များတွင် ဓါတုဗေဒ ပစ္စည်းမသုံးပဲ ထုတ်လုပ်ထားသော သဘာဝသစ်ဥ၊ သစ်ဖုများဖြင့် လိင်ကျန်းမာရေးကို တိုးမြှင့်ပေးသည်ဟု ကြော်ငြာရောင်းချသည်။ ကျန်းမာရေးဌာနသို့ စစ်ဆေးပေးရန် တင်ပြသော နမူနာပစ္စည်းထုတ်များတွင်လည်း ဘေးဥပဒ်ဖြစ်စေသော လိင်စိတ်တက်ကြွစေသည့် ”တာဒါလာဖီးလ်”ကို ထည့်သွင်းထားခြင်း မရှိသဖြင့် ဈေးကွက်အတွင်း ထည့်သွင်းရောင်းခွင့် ရရှိသွားဖြင်း ဖြစ်သည်ဟု သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ဆေးဝါးပစ္စည်း ထိမ်းသိမ်းကြီးကြပ်ရေးဌာန ဒုညွှန်ကြားရေးမှူး ”ဝမ်ဟာမစ်ဝမ် အီဘရာဟင်” က အဆိုပါ ဆေးဝါးများသည် သောက်သုံးသူ၏ အကြိုက်ဖြစ်သော်လည်း ဦးဏှောက်ကို ထိခိုက် ပျက်စီးစေနိုင်ကြောင်း၊ သွေးကြောများ ပြတ်ထွက်စေကာ အသက်သေနိုင် သည်အထိ ဖြစ်နိုင်ကြောင်း သတိပေး ပြောကြားသည်။

စားသုံးသူများက တိုင်ကြားသဖြင့် စစ်ဆေးသော အခါတွင်မှ ကော်ဖီထည့်သွင်း ထုတ်လုပ်ထား သော ကုန်ပစ္စည်းများကို တွေ့ရသည်ဟု ဆိုသည်။ လက်ရှိတွင် ကျန်းမာရေးဌာန၏ အရေးယူခံထား ရသော ကုမ္ဗဏီအချို့ ရှိနေကြောင်း၊ အထူးသဖြင့် တိုက်ရိုက်ရောင်းချသော ကုမ္ဗဏီများ နှင့် ကျန်းမာရေး ဌာနကို လှည့်ဖျားကာ ဘေးဖြစ်စေတတ် သည့် တာဒါလာဖီးလ်ကို ထည့်သွင်းရောင်းချသော ကုမ္ဗဏီ များ ဖြစ်ကြောင်း ပြောသည်။ ”တာဒါလာဖီးလ်” ကို သောက်သုံးလိုပါက ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် အတိုင်းအတာ တစ်ခုအထိ သတ်မှတ်ခွင့်ပြု ကြောင်း သိရှိရသည်။

Source by :http://www.lannthit.co.nr/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။